သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းထံက သိမ်းပိုက်ထားတဲ့ ဒေသ ၄ ခုမှာ ရုရှား စစ်အုပ်ချုပ်ရေးကြေညာ


(Zawgyi / Unicode)

ယူကရိန်း အရှေ့ပိုင်းမှာ သိမ်းပိုက်ခံ နေမြေတွေကို ယူကရိန်း တပ်ဖွဲ့တွေက ပြန်လည် သိမ်းယူလာနေတဲ့ အချိန်မှာဘဲ ယူကရိန်း နိုင်ငံတွင်း ရုရှားတပ်ဖွဲ့တွေ ထိန်းချုပ်ထားရာ ဒေသတွေထဲက ဒေသ ၄ ခုကို ရုရှားသမ္မတ Vladimir Putin က စစ်အုပ်ချုပ်ရေး ကြေညာလိုက်ပါတယ်။

ပြီးခဲ့တဲ့ လအတွင်း ရုရှားက တရားမဝင် သိမ်းယူခဲ့တဲ့ ယူကရိန်းရဲ့ Donetsk, Luhansk, Kherson နဲ့ Zaporizhzhia ဒေသတွေမှာ စစ်အုပ်ချုပ်ရေး ကြေညာချက် အမိန့်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း Putin က လုံခြုံရေးကောင်စီရဲ့ အွန်လိုင်း အစည်းအဝေးမှာ ဗုဒ္ဓဟူးနေ့က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ စစ်အုပ်ချုပ်ရေး ကြေညာရတဲ့ အကြောင်းကိုတော့ Putin ဘက်က မပြောပေမဲ့လည်း ကြာသပတေးနေ့ သန်းခေါင်က စလို့ သူ့ရဲ့ အမိန့် စတင်သက်ရောက်မယ့် အကြောင်း ပြောပါတယ်။တရားဥပဒေ စိုးမိုးရေး ဌာနတွေ အနေနဲ့ အထူး အဆိုပြုချက်တွေ တင်ပြဖို့ကိုလည်း သူက သုံးရက် အချိန်ပေးထားပါတယ်။

ယူကရိန် စစ်တပ်က အသာစီး ရလာတာနဲ့ အတူဘဲ ရုရှား ခန့်ထားတဲ့ အရာရှိတွေနဲ့ သောင်းနဲ့ချီတဲ့ အရပ်သားတွေကို ဘေးလွတ်ရာ စပြီး ပြောင်းရွှေ့နေကြောင်း ယူကရိန်း တောင်ပိုင်း Kherson ဒေသ အတွက် ရုရှားခန့်ထားတဲ့ ခေါင်းဆောင်က ပြောဆိုထားချိန်မှာဘဲ Putin ရဲ့ ကြေညာချက် ထွက်ပေါ်လာတာပါ။ ပြီးခဲ့တဲ့ ၂ ရက်တာ အတွင်း လူပေါင်း ၅,၀၀၀ ကျော် ဒေသတွင်းကနေ ထွက်ခွာသွားပြီ ဖြစ်ကြောင်း Vladimir Saldo က ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။

တချိန်တည်းမှာဘဲ ရုရှားတို့က ယူကရိန်း စစ်ပွဲမှာ အီရန်လုပ် ဒရုန်းယာဉ်တွေ အသုံးပြုမှုနဲ့ ပတ်သက်ပြီး လုံခြုံရေး ကောင်စီမှာ ဆွေးနွေးဖို့ အတွက် အမေရိကန်၊ ဗြိတိန်နဲ့ ပြင်သစ်တို့က တိုက်တွန်းထားပါတယ်။

တိုက်ရိုက် လင့်ခ်

(Unicode)






XS
SM
MD
LG