သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

႐ုရွားတိုက္ခိုက္မႈေၾကာင့္ ယူကရိန္းမွာ စြမ္းအင္ျပတ္လပ္ 


Firefighters work to put out a fire in a thermal power plant, damaged by a Russian missile strike in Kyiv, Ukraine, Oct. 18, 2022. (State Emergency Service of Ukraine/Handout via Reuters)

ယူကရိန္း ႏိုင္ငံတ၀ွမ္းက ၿမိဳ႕ေတြကို ႐ုရွားတပ္ဖြဲ႔ေတြက အဂၤါေန႔မွာ ေလေၾကာင္းကေန တိုက္ခိုက္ခဲ႔ၿပီး စြမ္းအင္စက္ရံုေတြကို ထိမွန္ကာ သိန္းခ်ီတဲ႔ ယူကရိန္း ျပည္သူေတြအတြက္ လွ်ပ္စစ္မီးနဲ႔ ေသာက္သံုးေရ ျပတ္ေတာက္ေနပါတယ္။

႐ုရွားတိုက္ခိုက္မႈေၾကာင့္ ယူကရိန္းမွာ စြမ္းအင္ျပတ္လပ္

{{Zawgyi/Unicode}}
ယူကရိန္း ႏိုင္ငံတ၀ွမ္းက ၿမိဳ႕ေတြကို ႐ုရွားတပ္ဖြဲ႔ေတြက အဂၤါေန႔မွာ ေလေၾကာင္းကေန တိုက္ခိုက္ခဲ႔ၿပီး စြမ္းအင္စက္ရံုေတြကို ထိမွန္ကာ သိန္းခ်ီတဲ႔ ယူကရိန္း ျပည္သူေတြအတြက္ လွ်ပ္စစ္မီးနဲ႔ ေသာက္သံုးေရ ျပတ္ေတာက္ေနပါတယ္။ စြမ္းအင္နဲ႔ အေရးႀကီးတဲ႔ အေျခခံ အေဆာက္အအံုေတြ အေပၚ ႐ုရွားရဲ႕ တိုက္ခိုက္မႈဟာဆိုရင္ ႐ုရွား သမၼတ Vladimir Putin နဲ႔ ၿငိမ္းခ်မ္းေရး ေဆြးေႏြးဖို႔ လမ္းစ ေပ်ာက္သြားေစတဲ႔ အၾကမ္းဖက္ဝါဒစြဲ တိုက္ခိုက္မႈလို႔ ယူကရိန္း သမၼတ Volodymyr Zelenskyy က ခိုင္းႏိႈင္း ေျပာဆိုလိုက္ပါတယ္။

ေဆာင္ရာသီတြင္း ခ်ဥ္းနင္း ၀င္ေရာက္လာခ်ိန္မွာ ႏိုင္ငံကို ေအးစိမ့္ၿပီး ေမွာင္မည္းေနေအာင္ ရည္ရြယ္တဲ႔ တိုက္ခိုက္မႈလို႔လည္း Zelenskyy က ေျပာဆိုလိုက္ပါတယ္။

ေအာက္တိုဘာလ ၁၀ ရက္ေန႔ကစလို႔ ယူကရိန္းရဲ႕ ဓာတ္အားေပးရံု ၃၀ ရာခိုင္ႏႈန္း ဖ်က္စီးခံရၿပီး ႏိုင္ငံတ၀ွမ္းမွာ လွ်ပ္စစ္မီး အႀကီးအက်ယ္ ျပတ္ေတာက္ေစတယ္လို႔လည္း သူက Twitter လူမႈကြန္ရက္မွာ ေရးသားခဲ႔ပါတယ္။ Putin အစိုးရနဲ႔ ေဆြးေႏြးစရာ အေၾကာင္းမရွိေတာ့ဘူးလို႔လည္း ေရးသားခဲ႔ပါတယ္။

ေဖေဖာ္ဝါရီလ ၂၄ ရက္ေန႔က ႐ုရွားတို႔ ယူကရိန္းကို စတင္ က်ဴးေက်ာ္ တိုက္ခိုက္လာၿပီးေနာက္ ပထမဆံုး လအတြင္း ႐ုရွားနဲ႔ ယူကရိန္းၾကားမွာ ေဆြးေႏြးပြဲေတြ အေတာ္မ်ားမ်ား လုပ္ခဲ႔ေပမယ့္လည္း မေအာင္ျမင္ခဲ႔ပါဘူး။

ယူကရိန္းရဲ႕ ပိုင္နက္ တခ်ိဳ႕ကို သိမ္းယူတာကို လက္ခံၿပီး ႐ုရွားရဲ႕ ေတာင္းဆိုခ်က္ေတြကို ယူကရိန္းက ျဖည့္ဆည္းေပးႏိုင္မွသာ ေဆြးေႏြးႏိုင္မယ္လို႔ ႐ုရွား အစိုးရဘက္က ေျပာဆိုထားၿပီး ဒီလို ကိစၥမ်ိဳးေတြကို ေဆြးေႏြးဖို႔ ယူကရိန္း အစိုးရဘက္က ပယ္ခ်ထားတာပါ။

တိုက္႐ိုက္ လင့္ခ္

.............................................................

ရုရှားတိုက်ခိုက်မှုကြောင့် ယူကရိန်းမှာ စွမ်းအင်ပြတ်လပ်

{{Zawgyi/Unicode}}
ယူကရိန်း နိုင်ငံတဝှမ်းက မြို့တွေကို ရုရှားတပ်ဖွဲ့တွေက အင်္ဂါနေ့မှာ လေကြောင်းကနေ တိုက်ခိုက်ခဲ့ပြီး စွမ်းအင်စက်ရုံတွေကို ထိမှန်ကာ သိန်းချီတဲ့ ယူကရိန်း ပြည်သူတွေအတွက် လျှပ်စစ်မီးနဲ့ သောက်သုံးရေ ပြတ်တောက်နေပါတယ်။ စွမ်းအင်နဲ့ အရေးကြီးတဲ့ အခြေခံ အဆောက်အအုံတွေ အပေါ် ရုရှားရဲ့ တိုက်ခိုက်မှုဟာဆိုရင် ရုရှား သမ္မတ Vladimir Putin နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ လမ်းစ ပျောက်သွားစေတဲ့ အကြမ်းဖက်ဝါဒစွဲ တိုက်ခိုက်မှုလို့ ယူကရိန်း သမ္မတ Volodymyr Zelenskyy က ခိုင်းနှိုင်း ပြောဆိုလိုက်ပါတယ်။

ဆောင်ရာသီတွင်း ချဉ်းနင်း ဝင်ရောက်လာချိန်မှာ နိုင်ငံကို အေးစိမ့်ပြီး မှောင်မည်းနေအောင် ရည်ရွယ်တဲ့ တိုက်ခိုက်မှုလို့လည်း Zelenskyy က ပြောဆိုလိုက်ပါတယ်။

အောက်တိုဘာလ ၁၀ ရက်နေ့ကစလို့ ယူကရိန်းရဲ့ ဓာတ်အားပေးရုံ ၃၀ ရာခိုင်နှုန်း ဖျက်စီးခံရပြီး နိုင်ငံတဝှမ်းမှာ လျှပ်စစ်မီး အကြီးအကျယ် ပြတ်တောက်စေတယ်လို့လည်း သူက Twitter လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။ Putin အစိုးရနဲ့ ဆွေးနွေးစရာ အကြောင်းမရှိတော့ဘူးလို့လည်း ရေးသားခဲ့ပါတယ်။

ဖေဖော်ဝါရီလ ၂၄ ရက်နေ့က ရုရှားတို့ ယူကရိန်းကို စတင် ကျူးကျော် တိုက်ခိုက်လာပြီးနောက် ပထမဆုံး လအတွင်း ရုရှားနဲ့ ယူကရိန်းကြားမှာ ဆွေးနွေးပွဲတွေ အတော်များများ လုပ်ခဲ့ပေမယ့်လည်း မအောင်မြင်ခဲ့ပါဘူး။

ယူကရိန်းရဲ့ ပိုင်နက် တချို့ကို သိမ်းယူတာကို လက်ခံပြီး ရုရှားရဲ့ တောင်းဆိုချက်တွေကို ယူကရိန်းက ဖြည့်ဆည်းပေးနိုင်မှသာ ဆွေးနွေးနိုင်မယ်လို့ ရုရှား အစိုးရဘက်က ပြောဆိုထားပြီး ဒီလို ကိစ္စမျိုးတွေကို ဆွေးနွေးဖို့ ယူကရိန်း အစိုးရဘက်က ပယ်ချထားတာပါ။

XS
SM
MD
LG