သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းကို စစ်ရေးအကူအညီ ဒေါ်လာ သန်း ၇၀၀ ကျော် အမေရိကန် ထပ်တိုးပေး


U.S. Air Force Staff Sgt. Cody Brown, right, with the 436th Aerial Port Squadron, checks pallets of 155 mm shells ultimately bound for Ukraine.
U.S. Air Force Staff Sgt. Cody Brown, right, with the 436th Aerial Port Squadron, checks pallets of 155 mm shells ultimately bound for Ukraine.

အမေရိကန်အနေနဲ့ ယူကရိန်းကို စစ်ရေးအကူအညီ ဒေါ်လာ သန်း ၇၀၀ ကျော် ထပ်ပို့သွားမယ်လို့ အိမ်ဖြူတော်က ကြေညာလိုက်ပါတယ်။

ရုရှားအနေနဲ့ ယူကရိန်းပြည်သူတွေ ပစ်မှတ်ထားပြီး မစ်ဆိုင်းအဝေးထိန်းဒုံးတွေ ကျယ်ကျယ်ပြန့်ပြန့် မကြာခင်က ပစ်ခဲ့အပြီးမှာ အမေရိကန်ဘက်က ပထမဆုံးအဖြစ် ဒေါ်လာ ၇၂၅ သန်း ကူညီဖို့ မနေ့က ကြေညာလိုက်တာပါ။

ဒါပေမဲ့ အခု စစ်ရေးကူညီပေးမှုထဲမှာ အရေးပါတဲ့ လက်နက်သစ်တွေ ဒါမှမဟုတ် လေကြောင်းရန် ကာကွယ်ရေးစနစ်သစ်တွေ မပါသေးဘဲ၊ ရုရှားကို ခုခံနိုင်ဖို့ အရင်ပေးထားပြီသား လက်နက်နဲ့ကျည်တွေ ထပ်ဖြည့်ပေးတာသာ ဖြစ်တယ်လို့ အမေရိကန်အရာရှိတွေက ပြောပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken က အခုပေးတဲ့ လက်နက်ပစ္စည်းတွေက မြေပြင်တိုက်ပွဲမှာ ယူကရိန်းဘက်က အကောင်းဆုံး အသာစီးရစေဖို့ တဆင့်စီ ဆက်ကူညီနေတာသာဖြစ်တယ်လို့ ရှင်းပြပါတယ်။ အခုလိုအချိန်မှာ ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနကလည်း ရုရှားအနေနဲ့ ပြီးခဲ့တဲလကအတင်းစစ်သားစုဆောင်းပြီး ယူကရိန်းစစ်အတွက် နောက်ထပ် တပ်သားတွေ အခုတိုးပြီး ပို့နေပေမဲ့ သူတို့ကို လက်နက်ကောင်းကောင်း တပ်ဆင်ပေးထားပုံ မရဘူးလို့ ဒီနေ့ ပြောလိုက်ပါတယ်။

ဒါ့အပြင် ဒီတပ်သားတွေအနေနဲ့ သူတို့အတွက် ကျည်ကာအင်္ကျီတွေကို ကိုယ်တိုင်ပိုက်ဆံစိုက်ပြီး ဝယ်ရမဲ့ပုံ ရှိနေတယ်လို့လည်း ထောက်လှမ်းရေးသတင်းတွေကို အခြေခံပြီး တင်ပေးတဲ့ အင်တာနက် တွစ်တာကနေ ဗြိတိန်ကာကွယ်ရေးဌာနက ပြောလိုက်ပါတယ်။

အခုလို အချိန်မှာ ရုရှားသမ္မတကတော့ ယူကရိန်းမြို့ကြီးတွေကို ပစ်ခဲ့တာကို ကာကွယ်တဲ့အနေနဲ့ ယူကရိန်းကို ရုရှားဘက်က ဖျက်ဆီးပစ်ဖို့ မရှိတာကြောင့် နောက်ထပ် တိုက်ခိုက်မှုသစ် ကြီးကြီးမားမား လုပ်ဖို့ မလိုတော့ပါဘူးလို့ မနေ့က ပြောခဲ့ပါတယ်။

==== Unicode =====






အခုလို အချိန်မှာ ရုရှားသမ္မတကတော့ ယူကရိန်းမြို့ကြီးတွေကို ပစ်ခဲ့တာကို ကာကွယ်တဲ့အနေနဲ့ ယူကရိန်းကို ရုရှားဘက်က ဖျက်ဆီးပစ်ဖို့ မရှိတာကြောင့် နောက်ထပ် တိုက်ခိုက်မှုသစ် ကြီးကြီးမားမား လုပ်ဖို့ မလိုတော့ပါဘူးလို့ မနေ့က ပြောခဲ့ပါတယ်။

XS
SM
MD
LG