သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

႐ုရွားမစ္ဇိုင္းဒုံးေၾကာင့္ ယူကရိန္းမွာ ၁၃ ဦးထက္မနည္း ေသဆုံး


(Zawgyi / Unicode)

ယူကရိန္း ႏိုင္ငံ အေရွ႕ေတာင္ပိုင္းက Zaporizhzhia ၿမိဳ႕အတြင္း ႐ုရွားဘက္က ညပိုင္းမွာ မစ္ဇိုင္း ဒံုးေတြနဲ႔ တရစပ္ ပစ္ခတ္တိုက္ခိုက္တာေၾကာင့္ အနည္းဆံုး ၁၃ ဦး ေသဆံုးၿပီး ၆၀ ေက်ာ္ ဒဏ္ရာရရွိေၾကာင္း ယူကရိန္း အာဏာပိုင္တို႔က တနဂၤေႏြေန႔မွာ ေျပာပါတယ္။

ယူကရိန္း ထိန္းခ်ဳပ္ထားဆဲ ျဖစ္တဲ႔ အဲဒီ ေဒသကို ႐ုရွားတို႔က တရားမ၀င္ သိမ္းယူေၾကာင္း ေၾကညာထားတာ ျဖစ္ၿပီး ထိန္းခ်ဳပ္ႏိုင္ဖို႔ ႀကိဳးစားေနတာ ျဖစ္ပါတယ္။ ၂၀၁၄ ခုႏွစ္ အတြင္း ႐ုရွားက က်ဴးေက်ာ္ သိမ္းယူထားတဲ႔ ခ႐ိုင္းမီးယား ကြ်န္းဆြယ္နဲ႔ ႐ုရွား ျပည္မႀကီးကို ဆက္သြယ္ထားတဲ႔ Kerch တံတားရဲ႕ တစိတ္တပိုင္း စေနေန႔က ၿပိဳက်ခဲ႔တဲ႔ ကုန္တင္ကားဗံုးနဲ႔ တိုက္ခိုက္မႈ အၿပီး နာရီပိုင္း အၾကာမွာဘဲ အိမ္ယာ အေဆာက္အအံုတြဲေတြနဲ႔ အိမ္ေတြ အေပၚ တိုက္ခိုက္မႈ ေပၚထြက္လာတာပါ။

တိုက္ခိုက္မႈနဲ႔ ပတ္သက္လို႔ ယူကရိန္း သမၼတ Volodymyr Zelenskyy ကေတာ့ ဗြီဒီယို မိန္႔ခြန္းထဲမွာ သြယ္ဝိုက္ ေျပာဆိုခဲ႔ေပမယ့္ အေၾကာင္းရင္းကိုေတာ့ မေျပာပါဘူး။ ယူကရိန္း ႏိုင္ငံ ေတာင္ပိုင္းကို ႐ုရွားတို႔ တိုက္ခိုက္ေရး အတြက္ လက္နက္နဲ႔ တပ္ဖြဲ႔ေတြ သယ္ယူပို႔ေဆာင္ေရးကို Kerch တံတားကေန ျဖတ္သန္း ေဆာင္ရြက္ေနတာ ျဖစ္ပါတယ္။

တိုက္ခိုက္မႈကို သူတို႔ လုပ္ခဲ႔တယ္ဆိုတဲ႔ သေဘာမ်ိဳး ယူကရိန္း တာ၀န္ရွိသူေတြဘက္က ေျပာေပမယ့္ အတိအက် ၀န္ခံ ေျပာဆိုတာေတာ့ မရွိပါဘူး။ ႐ုရွား ႏိုင္ငံျခားေရး ဌာန တာ၀န္ခံ Maria Zakharova ကေတာ့ အရပ္ဘက္ ဆိုင္ရာ အေျခခံ အေဆာက္အအံုေတြ ဖ်က္စီးမႈ အေပၚ ယူကရိန္း အစိုးရရဲ႕ တု႔ံျပန္မႈဟာဆိုရင္ သူ႔ရဲ႕ အၾကမ္းဖက္ဝါဒီ ဗီဇကို ထုတ္ျပလိုက္တာ ျဖစ္တယ္လို႔ တယ္လီဂရမ္မွာ ေရးသားခဲ႔ပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

ရုရှားမစ်ဇိုင်းဒုံးကြောင့် ယူကရိန်းမှာ ၁၃ ဦးထက်မနည်း သေဆုံး

ယူကရိန်း နိုင်ငံ အရှေ့တောင်ပိုင်းက Zaporizhzhia မြို့အတွင်း ရုရှားဘက်က ညပိုင်းမှာ မစ်ဇိုင်း ဒုံးတွေနဲ့ တရစပ် ပစ်ခတ်တိုက်ခိုက်တာကြောင့် အနည်းဆုံး ၁၃ ဦး သေဆုံးပြီး ၆၀ ကျော် ဒဏ်ရာရရှိကြောင်း ယူကရိန်း အာဏာပိုင်တို့က တနင်္ဂနွေနေ့မှာ ပြောပါတယ်။ ယူကရိန်း ထိန်းချုပ်ထားဆဲ ဖြစ်တဲ့ အဲဒီ ဒေသကို ရုရှားတို့က တရားမဝင် သိမ်းယူကြောင်း ကြေညာထားတာ ဖြစ်ပြီး ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။

၂၀၁၄ ခုနှစ် အတွင်း ရုရှားက ကျူးကျော် သိမ်းယူထားတဲ့ ခရိုင်းမီးယား ကျွန်းဆွယ်နဲ့ ရုရှား ပြည်မကြီးကို ဆက်သွယ်ထားတဲ့ Kerch တံတားရဲ့ တစိတ်တပိုင်း စနေနေ့က ပြိုကျခဲ့တဲ့ ကုန်တင်ကားဗုံးနဲ့ တိုက်ခိုက်မှု အပြီး နာရီပိုင်း အကြာမှာဘဲ အိမ်ယာ အဆောက်အအုံတွဲတွေနဲ့ အိမ်တွေ အပေါ် တိုက်ခိုက်မှု ပေါ်ထွက်လာတာပါ။

တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ ယူကရိန်း သမ္မတ Volodymyr Zelenskyy ကတော့ ဗွီဒီယို မိန့်ခွန်းထဲမှာ သွယ်ဝိုက် ပြောဆိုခဲ့ပေမယ့် အကြောင်းရင်းကိုတော့ မပြောပါဘူး။ ယူကရိန်း နိုင်ငံ တောင်ပိုင်းကို ရုရှားတို့ တိုက်ခိုက်ရေး အတွက် လက်နက်နဲ့ တပ်ဖွဲ့တွေ သယ်ယူပို့ဆောင်ရေးကို Kerch တံတားကနေ ဖြတ်သန်း ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

တိုက်ခိုက်မှုကို သူတို့ လုပ်ခဲ့တယ်ဆိုတဲ့ သဘောမျိုး ယူကရိန်း တာဝန်ရှိသူတွေဘက်က ပြောပေမယ့် အတိအကျ ဝန်ခံ ပြောဆိုတာတော့ မရှိပါဘူး။ ရုရှား နိုင်ငံခြားရေး ဌာန တာဝန်ခံ Maria Zakharova ကတော့ အရပ်ဘက် ဆိုင်ရာ အခြေခံ အဆောက်အအုံတွေ ဖျက်စီးမှု အပေါ် ယူကရိန်း အစိုးရရဲ့ တုံ့ပြန်မှုဟာဆိုရင် သူ့ရဲ့ အကြမ်းဖက်ဝါဒီ ဗီဇကို ထုတ်ပြလိုက်တာ ဖြစ်တယ်လို့ တယ်လီဂရမ်မှာ ရေးသားခဲ့ပါတယ်။

XS
SM
MD
LG