သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

႐ုရွားလူ႔အခြင္႔အေရး စံုစမ္းေရးမွဴးခန္႔ထားဖို႔ ကုလဆံုးျဖတ္


Riot police detain a demonstrator during a protest against mobilization in Moscow, Russia, Sept. 21, 2022.

႐ုရွားလူ႔အခြင္႔အေရး စံုစမ္းေရးမွဴးခန္႔ထားဖို႔ ကုလဆံုးျဖတ္

{{Zawgyi/Unicode}}
႐ုရွားႏိုင္ငံရဲ႕ လူ႔အခြင့္အေရး အေျခအေနနဲ႔ ပတ္သက္ၿပီး လြတ္လပ္တဲ့ စုံစမ္းစစ္ေဆးေရး ကြၽမ္းက်င္သူတဦး ခန႔္အပ္ဖို႔ ကုလသမဂၢ လူ႔အခြင့္အေရး ေကာင္စီ UNHRC ကေန ေသာၾကာေန႔က ဆုံးျဖတ္လိုက္ပါတယ္။ ႐ုရွားႏိုင္ငံဟာ ဖိႏွိပ္ခ်ဳပ္ခ်ယ္မႈ အၾကမ္းဖက္မႈေတြကတဆင္႔ သူ႔အေခၚ "climate of Fear" ေၾကာက္မက္ဖြယ္ ရာသီကာလ တခု ဖန္တီးေနတယ္ လို႔လဲစြပ္စဲြထားပါတယ္။

အခုဆံုးျဖတ္ခ်က္နဲ႔ ပတ္သက္ၿပီး UNHRC ရဲ႕ အလွည့္က် ဥကၠဌ အာဂ်င္တီးနား သံအမတ္ႀကီး Federico Villegas က အခုလို ေၾကညာလိုက္ပါတယ္။

“ ေထာက္ခံတာက ၁၇ ႏိုင္ငံ ၊ ကန႔္ကြက္တာက ၆ ႏိုင္ငံ နဲ႔ ၂၄ ႏိုင္ငံကေတာ့ ၾကားေနမဲေပးပါတယ္။ အဲဒီေၾကာင့္ ႐ုရွား ဖက္ဒေရးရွင္းႏိုင္ငံမွာ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြရွိတယ္ဆိုတဲ့ ဆုံးျဖတ္ခ်က္ မႈၾကမ္းကို လူအခြင့္အေရးးေကာင္စီ UNHRC က အတည္ျပဳလိုက္တယ္လို” ေျပာၾကားလိုက္တာပါ။

Belarus ႏိုင္ငံက အက်ဥ္းက်ေနတဲ့ လူ႔အခြင့္အေရး လွဳပ္ရွားသူ Ales Byalyatski၊ ယူကရိန္း Civil Liberties စင္တာ ၊ ႐ုရွားလူ႔အခြင့္အေရးအဖြဲ႕ Memorial တို႔ကို ဒီႏွစ္အတြက္ ႏိုဘယ္လ္ၿငိမ္းခ်မ္းေရးဆု ေပးအပ္လိုက္ေၾကာင္း ေၾကညာအၿပီး မီနစ္အနည္းငယ္အတြင္းမွာ ကုလသမဂၢ လူ႔အခြင့္အေရး ေကာင္စီ ရဲ႕ ဆုံးျဖတ္ခ်က္ ထြက္ေပၚလာတာျဖစ္ပါတယ္။

ဒါဟာဆိုရင္ လုံၿခဳံေရးေကာင္စီ အၿမဲတန္း Veto အာဏာပိုင္ဆိုင္တဲ့ ၅ ႏိုင္ငံထဲက တႏိုင္ငံအေပၚကို လူ႔အခြင့္အေရး စုံစမ္းစစ္ေဆးေရးမႉး ထားရွိဖို႔ ပထမအႀကိမ္ ဆုံးျဖတ္လိုက္တာျဖစ္ပါတယ္။

အဲဒီလို မဲခြဲဆုံးျဖတ္အၿပီးမွာ ဆြစ္ဇာလန္ႏိုင္ငံ အေျခစိုက္ ကုလသမဂၢ လူ႔အခြင့္အေရး ေကာင္စီ UNHRC ဆိုင္ရာ ႐ုရွား ကိုယ္စားလွယ္ Gennady Gatilov ကေတာ့ ဒီလို ႏိုင္ငံေရး ရည္႐ြယ္ခ်က္ရွိတဲ့ ဆုံးျဖတ္ခ်က္မ်ိဳးကို ျပည္သူေတြက မေထာက္ခံပါဘူးလို႔ သူကေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

....................................................

ရုရှားလူ့အခွင့်အရေး စုံစမ်းရေးမှူးခန့်ထားဖို့ ကုလဆုံးဖြတ်

{{Zawgyi/Unicode}}
ရုရှားနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေနဲ့ ပတ်သက်ပြီး လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေး ကျွမ်းကျင်သူတဦး ခန့်အပ်ဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ UNHRC ကနေ သောကြာနေ့က ဆုံးဖြတ်လိုက်ပါတယ်။ ရုရှားနိုင်ငံဟာ ဖိနှိပ်ချုပ်ချယ်မှု အကြမ်းဖက်မှုတွေကတဆင့် သူ့အခေါ် "climate of Fear" ကြောက်မက်ဖွယ် ရာသီကာလ တခု ဖန်တီးနေတယ် လို့လဲစွပ်စွဲထားပါတယ်။

အခုဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး UNHRC ရဲ့ အလှည့်ကျ ဥက္ကဌ အာဂျင်တီးနား သံအမတ်ကြီး Federico Villegas က အခုလို ကြေညာလိုက်ပါတယ်။

“ ထောက်ခံတာက ၁၇ နိုင်ငံ ၊ ကန့်ကွက်တာက ၆ နိုင်ငံ နဲ့ ၂၄ နိုင်ငံကတော့ ကြားနေမဲပေးပါတယ်။ အဲဒီကြောင့် ရုရှား ဖက်ဒရေးရှင်းနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေရှိတယ်ဆိုတဲ့ ဆုံးဖြတ်ချက် မှုကြမ်းကို လူအခွင့်အရေးးကောင်စီ UNHRC က အတည်ပြုလိုက်တယ်လို” ပြောကြားလိုက်တာပါ။

Belarus နိုင်ငံက အကျဉ်းကျနေတဲ့ လူ့အခွင့်အရေး လှုပ်ရှားသူ Ales Byalyatski၊ ယူကရိန်း Civil Liberties စင်တာ ၊ ရုရှားလူ့အခွင့်အရေးအဖွဲ့ Memorial တို့ကို ဒီနှစ်အတွက် နိုဘယ်လ်ငြိမ်းချမ်းရေးဆု ပေးအပ်လိုက်ကြောင်း ကြေညာအပြီး မီနစ်အနည်းငယ်အတွင်းမှာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ ရဲ့ ဆုံးဖြတ်ချက် ထွက်ပေါ်လာတာဖြစ်ပါတယ်။

ဒါဟာဆိုရင် လုံခြုံရေးကောင်စီ အမြဲတန်း Veto အာဏာပိုင်ဆိုင်တဲ့ ၅ နိုင်ငံထဲက တနိုင်ငံအပေါ်ကို လူ့အခွင့်အရေး စုံစမ်းစစ်ဆေးရေးမှူး ထားရှိဖို့ ပထမအကြိမ် ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။

အဲဒီလို မဲခွဲဆုံးဖြတ်အပြီးမှာ ဆွစ်ဇာလန်နိုင်ငံ အခြေစိုက် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ UNHRC ဆိုင်ရာ ရုရှား ကိုယ်စားလှယ် Gennady Gatilov ကတော့ ဒီလို နိုင်ငံရေး ရည်ရွယ်ချက်ရှိတဲ့ ဆုံးဖြတ်ချက်မျိုးကို ပြည်သူတွေက မထောက်ခံပါဘူးလို့ သူကပြောပါတယ်။

XS
SM
MD
LG