သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်း အရှေ့ပိုင်း မြို့ကြီးတမြို့ ရုရှားလက်က ယူကရိန်းပြန်သိမ်း


Lyman
Lyman

ယူကရိန်းရဲ့ အရှေ့နဲ့ အရှေ့တောင်ဘက်က နယ်မြေ ၄ ကို ရုရှားက သူ့ပိုင်နက်ထဲ ထည့်သွင်းခဲ့ပြီး နောက်တနေ့ဖြစ်တဲ့ စနေနေ့မှာပဲ နယ်မြေတခုဖြစ်တဲ့ Donetsk ဒေသက အဓိကမြို့ကြီးတမြို့ဖြစ်တဲ့ လိုင်မန် မြို့ (Lyman) ကို ယူကရိန်းတပ် တွေက ပြန်လည် သိမ်းပိုက်ခဲ့တဲ့ အတွက် ရုရှားတပ်တွေ ဆုတ်ခွါ ပေးလိုက်ရပါတယ်။ 

ယူကရိန်း အရှေ့ပိုင်း မြို့ကြီးတမြို့ ရုရှားလက်က ယူကရိန်းပြန်သိမ်း

{{Zawgyi/Unicode}}
ယူကရိန်းရဲ့ အရှေ့နဲ့ အရှေ့တောင်ဘက်က နယ်မြေ ၄ ကို ရုရှားက သူ့ပိုင်နက်ထဲ ထည့်သွင်းခဲ့ပြီး နောက်တနေ့ဖြစ်တဲ့ စနေနေ့မှာပဲ နယ်မြေတခုဖြစ်တဲ့ Donetsk ဒေသက အဓိကမြို့ကြီးတမြို့ဖြစ်တဲ့ လိုင်မန် မြို့ (Lyman) ကို ယူကရိန်းတပ် တွေက ပြန်လည် သိမ်းပိုက်ခဲ့တဲ့ အတွက် ရုရှားတပ်တွေ ဆုတ်ခွါ ပေးလိုက်ရပါတယ်။

Donetsk ဒေသက လိုင်မန်မြို့ထဲ ယူကရိန်းလေတပ်က ဝင်နေပြီဖြစ်ကြောင်း ယူကရိန်းကာကွယ်ရေး ဝန်ကြီးဌာနက Twitter ကနေ ပြောပါတယ်။ နာရီပိုင်းအတွင်းမှာပဲ ရုရှားကာကွယ်ရေးဝန်ကြီးဌာနကလည်း သူတို့တပ်တွေ လိုင်မန်မြို့ကန ဆုတ်ခွါခဲ့ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။

စနေနေ့ လူမှုမီဒီယာတွေမှာတော့ လိုင်မန်မြို့ပြင်မှာ ယူကရိန်းအလံဝှေ့ရမ်း နေတဲ့ ယူကရိန်းစစ်သားတွေရဲ့ ပုံတွေအပြင် လိုင်မန်ဟာ ယူကရိန်းလက်ထဲ ပြန်ရောက်ပြီလို့ ပြောနေတာကိုပါ တင်ထားတာ ဖြစ်ပါတယ်။ ဒီမြို့ဟာ မေလကတည်းက ရုရှားလက်အောက် ကျသွားတဲ့ Siversky Donets မြစ်ကမ်းမှာ တည်ရှိပြီး အဲဒီကရထားလမ်းဟာလည်း ယူကရိန်း အရှေ့ပိုင်း Donetsk ဒေသမှာ တိုက်ခိုက်နေတဲ့ ရုရှားတပ်သား ထောင်ပေါင်းများစွာ အတွက် အထောက်အကူတွေ ပေးပို့သယ်ဆောင်ရာ အဓိကလမ်းကြောင်းလည်း ဖြစ်နေတာပါ။

တချိန်ထည်းမှာပဲ ယူကရိန်းအရှေ့မြောက်ပိုင်းက နေရပ်စွန့်ခွာထွက်ပြေးကြတဲ့ ဒေသခံတွေကို သယ်ဆောင်လာတဲ့ ကားတန်းကို ရုရှားတပ်တွေက တိုက်ခိုက်ခဲ့တဲ့အတွက် ကလေးငယ် ၁၀ ဦး အပါအဝင် အနည်းဆုံး လူ၂၀ သေဆုံးခဲ့တယ်လို့ ယူကရိန်းအရာရှိတွေက ပြောပါတယ်။

သောကြာနေ့ကလည်း Zaporizhzhia ဒေသမှာ ရုရှားတပ်တွေက အရပ်သားတွေရဲ့ ကားတန်းကို မစ်စိုင်းဒုံးကျည်နဲ့ ပစ်ခတ်ခဲ့တဲ့ အတွက် လူ ၃၀ သေဆုံးပြီး အများအပြာ ဒဏ်ရာရခဲ့ပါတယ်။

ဒါဟာ ရုရှားလေတပ်က တာဝေးပစ်မစ်စိုင်း ဒုံးနဲ့ ပစ်ခတ်တာ ဖြစ်နိုင်ကြောင်း ဗြိတိန်ကာကွယ်ရေး ဝန်ကြီးဌာနက စနေနေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

........................................................................


{{Zawgyi/Unicode}}






XS
SM
MD
LG