သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

Zaporizhzhia ႏ်ဴကလီးယား စက္႐ုံအႀကီးအကဲ ျပန္ေပးဆြဲခံရ


Zaporizhzhia Nuclear Power Plant

ယူကရိန္း ႏ်ဴကလီးယားစြမ္းအင္စက္႐ုံ အႀကီးအကဲကို ႐ုရွားက ျပန္ေပးဆြဲသြားတယ္လို႔ ယူကရိန္းက စြပ္စြဲလိုက္ပါတယ္။ ႐ုရွားတပ္ဖြဲ႔ေတြ သိမ္းယူထားတဲ့ ဥေရာပရဲ႕ အႀကီးဆုံး ႏ်ဴကလီးယား စြမ္းအင္စက္႐ုံ Zaporizhzhia ၫႊန္ခ်ဳပ္ကို ႐ုရွားတပ္ေတြက ေသာၾကာေန႔ ညေန ၄ နာရီေလာက္မွာ ဖမ္းသြားတယ္လို႔ ယူကရိႏ္း ႏ်ဴကလီးယားကုမၸဏီ Energoatom ဥကၠ႒က ဒီေန႔ ေျပာပါတယ္။

Ihor Murashov ရဲ႕ကားကို တားၿပီး၊ မ်က္ႏွာအုပ္ဖမ္းဆီး ေခၚေဆာင္ၾကတာျဖစ္ၿပီး ဘယ္ေနရာကို ဖမ္းသြားတယ္ဆိုတာ မသိရဘူးလို႔ Energoatom ကုမၸဏီ ဥကၠ႒ Petro Kotin က ေျပာပါတယ္။ Murashov ကို အခုလို ဖမ္းသြားတာက ယူကရိန္းႏိုင္ငံရဲ႕ လုံၿခဳံေရး၊ ဥေရာပရဲ႕ အႀကီးဆုံး ႏ်ဴကလီးယား စြမ္းအင္စက္႐ုံႀကီးရဲ႕ ေဘးကင္းလုံၿခဳံေရးကို အႏၲရာယ္ျဖစ္ေစႏိုင္တယ္လို႔ Petro Kotin က ေျပာပါတယ္။

ဒါေၾကာင့္ ႏ်ဴကလီးယား စြမ္းအင္စက္႐ုံၫႊန္ခ်ဳပ္ကို အျမန္ဆုံး ျပန္လႊတ္ေပးဖို႔ ဥကၠ႒ Kotin က ေတာင္းဆိုၿပီး ကုလသမဂၢ အႏုျမဴစြမ္းအင္ေအဂ်င္စီ (IAEA) ကလည္း ဒီကိစၥ ႐ုရွားဘက္က ျပန္ေျဖရွင္းေပးဖို႔ ေတာင္းဆိုပါတယ္။ ဒါေပမဲ့ ႐ု႐ုားဘက္ကေတာ့ တုံ႔ျပန္တာ မရွိေသးပါဘူး။

ဒီအေတာအတြင္း ႐ုရွားထိန္းခ်ဳပ္ၿပီးသား ယူကရိန္းေဒသတခ်ဳိ ႔မွာ ႐ုရွားက ဆႏၵခံယူပြဲလုပ္ၿပီး သူ႔ပိုင္နက္နယ္ေျမေတြအျဖစ္ သြတ္သြင္းခဲ့ၿပီးတဲ့ေနာက္ တရက္အၾကာ ဒီကေန႔မွာ ယူကရိန္းတပ္ေတြဘက္ကေတာ့ အေရွ႕ပိုင္း ေဒသ Lyman ၿမိဳ႕မြာ ေထာင္နဲ႔ခ်ီတဲ့ ႐ုရွားတပ္ေတြကို ျပန္လည္ဝိုင္းထားတယ္လို႔ ေျပာပါတယ္။

==== Unicode ====

ယူကရိန်း နျူကလီးယားစွမ်းအင်စက်ရုံ အကြီးအကဲကို ရုရှားက ပြန်ပေးဆွဲသွားတယ်လို့ ယူကရိန်းက စွပ်စွဲလိုက်ပါတယ်။ ရုရှားတပ်ဖွဲ့တွေ သိမ်းယူထားတဲ့ ဥရောပရဲ့ အကြီးဆုံး နျူကလီးယား စွမ်းအင်စက်ရုံ Zaporizhzhia ညွှန်ချုပ်ကို ရုရှားတပ်တွေက သောကြာနေ့ ညနေ ၄ နာရီလောက်မှာ ဖမ်းသွားတယ်လို့ ယူကရိန်း နျူကလီးယားကုမ္ပဏီ Energoatom ဥက္ကဋ္ဌက ဒီနေ့ ပြောပါတယ်။

Ihor Murashov ရဲ့ကားကို တားပြီး၊ မျက်နှာအုပ်ဖမ်းဆီး ခေါ်ဆောင်ကြတာဖြစ်ပြီး ဘယ်နေရာကို ဖမ်းသွားတယ်ဆိုတာ မသိရဘူးလို့ Energoatom ကုမ္ပဏီ ဥက္ကဋ္ဌ Petro Kotin က ပြောပါတယ်။ Murashov ကို အခုလို ဖမ်းသွားတာက ယူကရိန်းနိုင်ငံရဲ့ လုံခြုံရေး၊ ဥရောပရဲ့ အကြီးဆုံး နျူကလီးယား စွမ်းအင်စက်ရုံကြီးရဲ့ ဘေးကင်းလုံခြုံရေးကို အန္တရာယ်ဖြစ်စေနိုင်တယ်လို့ Petro Kotin က ပြောပါတယ်။

ဒါကြောင့် နျူကလီးယား စွမ်းအင်စက်ရုံညွှန်ချုပ်ကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ ဥက္ကဋ္ဌ Kotin က တောင်းဆိုပြီး ကုလသမဂ္ဂ အနုမြူစွမ်းအင်အေဂျင်စီ (IAEA) ကလည်း ဒီကိစ္စ ရုရှားဘက်က ပြန်ဖြေရှင်းပေးဖို့ တောင်းဆိုပါတယ်။ ဒါပေမဲ့ ရုရုားဘက်ကတော့ တုံ့ပြန်တာ မရှိသေးပါဘူး။

ဒီအတောအတွင်း ရုရှားထိန်းချုပ်ပြီးသား ယူကရိန်းဒေသတချို့မှာ ရုရှားက ဆန္ဒခံယူပွဲလုပ်ပြီး သူ့ပိုင်နက်နယ်မြေတွေအဖြစ် သွတ်သွင်းခဲ့ပြီးတဲ့နောက် တရက်အကြာ ဒီကနေ့မှာ ယူကရိန်းတပ်တွေဘက်ကတော့ အရှေ့ပိုင်း ဒေသ Lyman မြို့မွာ ထောင်နဲ့ချီတဲ့ ရုရှားတပ်တွေကို ပြန်လည်ဝိုင်းထားတယ်လို့ ပြောပါတယ်။

XS
SM
MD
LG