သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ယူကရိန္းနယ္ေျမ သိမ္းယူမႈနဲ႔ ပတ္သက္သူ တေထာင္ေက်ာ္ ကန္ဒဏ္ခတ္


Biden

ရုရွားအစိုးရ လုံၿခဳံေရး ေကာင္စီအဖြဲ႔ဝင္ေတြရဲ႕ မိသားစုေတြနဲ႔ ဗဟိုဘဏ္ အုပ္ခ်ဳပ္ေရးမွဴး အပါအဝင္ ယူကရိန္း ကို ရုရွားက်ဴးေက်ာ္မႈမွာ ဆက္ႏႊယ္ေနၾကတဲ့ လူပုဂၢိဳလ္ေပါင္း ၁ ေထာင္ေက်ာ္ နဲ႔ စီးပြားေရး ကုမၸဏီေတြကို အေမရိကန္ ျပည္ေထာင္စုက ေသာၾကာေန႔က ပိတ္ဆို႔ ျပစ္ဒဏ္ေတြ ခ်မွတ္လိုက္ပါတယ္ ။ 

ယူကရိန္းနယ္ေျမ သိမ္းယူမႈနဲ႔ ပတ္သက္သူ တေထာင္ေက်ာ္ ကန္ဒဏ္ခတ္

{{Zawgyi/Unicode}}
ရုရွားအစိုးရ လုံၿခဳံေရး ေကာင္စီအဖြဲ႔ဝင္ေတြရဲ႕ မိသားစုေတြနဲ႔ ဗဟိုဘဏ္ အုပ္ခ်ဳပ္ေရးမွဴး အပါအဝင္ ယူကရိန္း ကို ရုရွားက်ဴးေက်ာ္မႈမွာ ဆက္ႏႊယ္ေနၾကတဲ့ လူပုဂၢိဳလ္ေပါင္း ၁ ေထာင္ေက်ာ္ နဲ႔ စီးပြားေရး ကုမၸဏီေတြကို အေမရိကန္ ျပည္ေထာင္စုက ေသာၾကာေန႔က ပိတ္ဆို႔ ျပစ္ဒဏ္ေတြ ခ်မွတ္လိုက္ပါတယ္ ။

ရုရွား သမၼတ Vladimir Putin က ႏိုင္ငံတကာ ဥပေဒေတြကို အာခံၿပီး သိမ္းယူထားတဲ့ ယူကရိန္းနယ္ေျမေတြကို ရုရွားႏိုင္ငံအတြင္း ထဲ့သြင္းလိုက္တဲ့ စာခ်ဳပ္ခ်ဳပ္ဆိုအၿပီးမွာ အဲဒီလို အေရးယူမႈလုပ္ေဆာင္လိုက္တာျဖစ္ပါတယ္။ အေမရိကန္ သမၼတ Joe Biden ကလည္း ရုရွားက ဒီလိုလုပ္ရပ္ေတြဟာ တရားမဝင္ဘူး ဆိုတာ သေဘာေပါက္စမ္းပါလို႔ ေျပာဆိုလိုက္ပါတယ္။

အဲဒီလို ပိတ္ဆို႔ဒဏ္ခတ္ဖို႔အတြက္ စစ္ဖက္ဆိုင္ရာ၊ ေထာက္ပံ့႔ေရးဆိုင္ရာနဲ႔ ဘ႑ာေရးဆိုင္ရာ ဦးစီးဦးေဆာင္လုပ္ေနၾကသူေတြ ၊ ရာနဲ႔ခ်ီရွိၾကတဲ့ ရုရွား ဥပေဒျပဳ အမတ္ေတြရဲ႕ အမည္စာရင္းေတြကို အေမရိကန္ ဘ႑ာေရးဝန္ႀကီးဌာနက အမည္စာရင္းေတြ ေဖာ္ျပလိုက္ပါတယ္။

အေမရိကန္ ကုန္သြယ္ေရး ဝန္ႀကီးဌာန ကလည္း ပို႔ကုန္ထိန္းခ်ဳပ္ေရး ဥပေဒ ခ်ဳိးေဖာက္တဲ့စာရင္းထဲမွာ ရုရွား ကုမၸဏီေပါင္း ၅၇ ခုကို ထပ္ေပါင္းထဲ့လိုက္ပါတယ္။ ဒါအျပင္ အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီးဌာန ကလည္း ရုရွား လူပုဂၢိဳလ္ေပါင္း ၉ ဝဝ ေက်ာ္ကို Visa ျပည္ဝင္ခြင့္ ကန္႔သတ္ပိတ္ဆို႔လိုက္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

....................

ယူကရိန်းနယ်မြေ သိမ်းယူမှုနဲ့ ပတ်သက်သူ တထောင်ကျော် ကန်ဒဏ်ခတ်

{{Zawgyi/Unicode}}
ရုရှားအစိုးရ လုံခြုံရေး ကောင်စီအဖွဲ့ဝင်တွေရဲ့ မိသားစုတွေနဲ့ ဗဟိုဘဏ် အုပ်ချုပ်ရေးမှူး အပါအဝင် ယူကရိန်း ကို ရုရှားကျူးကျော်မှုမှာ ဆက်နွှယ်နေကြတဲ့ လူပုဂ္ဂိုလ်ပေါင်း ၁ ထောင်ကျော် နဲ့ စီးပွားရေး ကုမ္ပဏီတွေကို အမေရိကန် ပြည်ထောင်စုက သောကြာနေ့က ပိတ်ဆို့ ပြစ်ဒဏ်တွေ ချမှတ်လိုက်ပါတယ် ။

ရုရှား သမ္မတ Vladimir Putin က နိုင်ငံတကာ ဥပဒေတွေကို အာခံပြီး သိမ်းယူထားတဲ့ ယူကရိန်းနယ်မြေတွေကို ရုရှားနိုင်ငံအတွင်း ထဲ့သွင်းလိုက်တဲ့ စာချုပ်ချုပ်ဆိုအပြီးမှာ အဲဒီလို အရေးယူမှုလုပ်ဆောင်လိုက်တာဖြစ်ပါတယ်။ အမေရိကန် သမ္မတ Joe Biden ကလည်း ရုရှားက ဒီလိုလုပ်ရပ်တွေဟာ တရားမဝင်ဘူး ဆိုတာ သဘောပေါက်စမ်းပါလို့ ပြောဆိုလိုက်ပါတယ်။

အဲဒီလို ပိတ်ဆို့ဒဏ်ခတ်ဖို့အတွက် စစ်ဖက်ဆိုင်ရာ၊ ထောက်ပံ့ရေးဆိုင်ရာနဲ့ ဘဏ္ဍာရေးဆိုင်ရာ ဦးစီးဦးဆောင်လုပ်နေကြသူတွေ ၊ ရာနဲ့ချီရှိကြတဲ့ ရုရှား ဥပဒေပြု အမတ်တွေရဲ့ အမည်စာရင်းတွေကို အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက အမည်စာရင်းတွေ ဖော်ပြလိုက်ပါတယ်။

အမေရိကန် ကုန်သွယ်ရေး ဝန်ကြီးဌာန ကလည်း ပို့ကုန်ထိန်းချုပ်ရေး ဥပဒေ ချိုးဖောက်တဲ့စာရင်းထဲမှာ ရုရှား ကုမ္ပဏီပေါင်း ၅၇ ခုကို ထပ်ပေါင်းထဲ့လိုက်ပါတယ်။ ဒါအပြင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ကလည်း ရုရှား လူပုဂ္ဂိုလ်ပေါင်း ၉ ဝဝ ကျော်ကို Visa ပြည်ဝင်ခွင့် ကန့်သတ်ပိတ်ဆို့လိုက်ပါတယ်။

XS
SM
MD
LG