သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ယူကရိန္းေဒသ ၄ ခုသိမ္းယူပြဲ ပူတင္ဦးေဆာင္က်င္းပ


ယူကရိန္းေဒသ ၄ ခု သိမ္းယူေၾကာင္း သမၼတ ပူတင္ေၾကျငာ (ဓါတ္ပုံ-႐ိုက္တာ)

ယူကရိန္းကို ၇ လေက်ာ္ၾကာ စစ္ဆင္ေနခ်ိန္မွာပဲ ႐ုရွား သိမ္းယူထားတဲ့ ယူကရိန္းေဒသ ေလးခု ႐ုရွားနဲ႔ တရား၀င္ ေပါင္းစည္းတဲ့ အခမ္းအနား ေမာ္စကိုၿမိဳ႕ေတာ္မွာ ဒီကေန႔ က်င္းပပါတယ္။ ယူကရိန္း အေရွ႕ပိုင္း Donetsk ၊ Luhansk ေဒသနဲ႔ ေတာင္ပိုင္း Kherson နဲ႔ Zaporizhzhia ေဒသေတြမွာ ေနထိုင္ၾကတဲ့ ျပည္သူေတြဟာ ႐ုရွားနဲ႔ တျပည္ေထာင္သားေတြ ထာ၀ရ ျဖစ္သြားပါၿပီလို႔ ႐ု႐ုားသမၼတ Vladimir Putin က ေၾကညာခဲ့သလို၊ ဒါဟာ ျပည္သူေတြရဲ႕ ေရြးခ်ယ္မႈပါလို႔ ေျပာသြားပါတယ္။

“ခင္ဗ်ားတို႔ သိၾကတဲ့အတိုင္း… Donetsk နဲ႔ Luhansk ေဒသမွာေရာ၊ Zaporizhzhia နဲ႔ Kherson ေဒသမွာေရာ လူထု ဆႏၵခံယူပြဲေတြ က်င္းပခဲ့ပါတယ္။ လူထု ဆႏၵမဲ ရလဒ္ေတြ ထြက္ေပၚခဲ့ၿပီး ျဖစ္သလို၊ ဒါဟာ ျပည္သူေတြရဲ႕ ေရြးခ်ယ္မႈ ျဖစ္ပါတယ္။” - ဆိုၿပီး ဒီကေန႔ လက္မွတ္ေရးထိုးတဲ့ အခမ္းအနားအတြင္း မိန္႔ခြန္းမွာ ႐ုရွားသမၼတ ပူတင္ ေျပာသြားတာပါ။

ယူကရိန္းနဲ႔အတူ အေနာက္ႏိုင္ငံေတြကေတာ့ ႐ုရွားရဲ႕ ဆႏၵခံယူပြဲဟာ အတုအေယာင္သာျဖစ္ၿပီး ဒါကို အသိအမွတ္မျပဳဘူးလို႔ ကန္႔ကြက္ ေျပာဆိုထားၾကပါတယ္။

ဒီကေန႔ အခမ္းအနားကို ႐ုရွားသိမ္းယူလိုက္တဲ့ ဒသ ၄ ခုမွာ ႐ုရွား ခန္႔အပ္ထားတဲ့ ေခါင္းေဆာင္ေတြလည္း တက္ေရာက္ လက္မွတ္ေရးထိုး ၾကပါတယ္။ ယူကရိန္းဘက္က စစ္ေရး လႈပ္ရွားမႈေတြ ရပ္ၿပီး ေစ့စပ္ေဆြးေႏြးမႈေတြ ျပန္လုပ္ဖို႔ တိုက္တြန္းတဲ့ အေၾကာင္း သမၼတ ပူတင္က ေျပာပါတယ္။ ဒါေပမဲ့ ယူကရိန္းကေတာ့ ခုလို ယူကရိန္း နယ္ေျမေတြကို ႐ုရွားႏိုင္ငံထဲ သြတ္သြင္းတဲ့ လုပ္ရပ္က ေတြ႕ဆံု ေဆြးေႏြးမႈေတြကို ဖ်က္ဆီးပစ္လိုက္တာလို႔ ေျပာပါတယ္။ ႐ုရွားသိမ္းယူထားတဲ့ သူ႔ရဲ႕ နယ္ေျမ အားလံုးကို ျပန္လည္ သိမ္းယူသြားမယ္လို႔လည္း ယူကရိန္းက ေျပာဆိုထားပါတယ္။

#ယူကရိန္း #႐ုရွား #ပူတင္ #နယ္ေျမသိမ္း

တိုက္႐ိုက္ လင့္ခ္

[Unicode]

ယူကရိန်းဒေသ ၄ ခုသိမ်းယူပွဲ ပူတင်ဦးဆောင်ကျင်းပ

ယူကရိန်းကို ၇ လကျော်ကြာ စစ်ဆင်နေချိန်မှာပဲ ရုရှား သိမ်းယူထားတဲ့ ယူကရိန်းဒေသ လေးခု ရုရှားနဲ့ တရားဝင် ပေါင်းစည်းတဲ့ အခမ်းအနား မော်စကိုမြို့တော်မှာ ဒီကနေ့ ကျင်းပပါတယ်။ ယူကရိန်း အရှေ့ပိုင်း Donetsk ၊ Luhansk ဒေသနဲ့ တောင်ပိုင်း Kherson နဲ့ Zaporizhzhia ဒေသတွေမှာ နေထိုင်ကြတဲ့ ပြည်သူတွေဟာ ရုရှားနဲ့ တပြည်ထောင်သားတွေ ထာဝရ ဖြစ်သွားပါပြီလို့ ရုရုားသမ္မတ Vladimir Putin က ကြေညာခဲ့သလို၊ ဒါဟာ ပြည်သူတွေရဲ့ ရွေးချယ်မှုပါလို့ ပြောသွားပါတယ်။

“ခင်ဗျားတို့ သိကြတဲ့အတိုင်း… Donetsk နဲ့ Luhansk ဒေသမှာရော၊ Zaporizhzhia နဲ့ Kherson ဒေသမှာရော လူထု ဆန္ဒခံယူပွဲတွေ ကျင်းပခဲ့ပါတယ်။ လူထု ဆန္ဒမဲ ရလဒ်တွေ ထွက်ပေါ်ခဲ့ပြီး ဖြစ်သလို၊ ဒါဟာ ပြည်သူတွေရဲ့ ရွေးချယ်မှု ဖြစ်ပါတယ်။” - ဆိုပြီး ဒီကနေ့ လက်မှတ်ရေးထိုးတဲ့ အခမ်းအနားအတွင်း မိန့်ခွန်းမှာ ရုရှားသမ္မတ ပူတင် ပြောသွားတာပါ။

ယူကရိန်းနဲ့အတူ အနောက်နိုင်ငံတွေကတော့ ရုရှားရဲ့ ဆန္ဒခံယူပွဲဟာ အတုအယောင်သာဖြစ်ပြီး ဒါကို အသိအမှတ်မပြုဘူးလို့ ကန့်ကွက် ပြောဆိုထားကြပါတယ်။

ဒီကနေ့ အခမ်းအနားကို ရုရှားသိမ်းယူလိုက်တဲ့ ဒသ ၄ ခုမှာ ရုရှား ခန့်အပ်ထားတဲ့ ခေါင်းဆောင်တွေလည်း တက်ရောက် လက်မှတ်ရေးထိုး ကြပါတယ်။ ယူကရိန်းဘက်က စစ်ရေး လှုပ်ရှားမှုတွေ ရပ်ပြီး စေ့စပ်ဆွေးနွေးမှုတွေ ပြန်လုပ်ဖို့ တိုက်တွန်းတဲ့ အကြောင်း သမ္မတ ပူတင်က ပြောပါတယ်။ ဒါပေမဲ့ ယူကရိန်းကတော့ ခုလို ယူကရိန်း နယ်မြေတွေကို ရုရှားနိုင်ငံထဲ သွတ်သွင်းတဲ့ လုပ်ရပ်က တွေ့ဆုံ ဆွေးနွေးမှုတွေကို ဖျက်ဆီးပစ်လိုက်တာလို့ ပြောပါတယ်။ ရုရှားသိမ်းယူထားတဲ့ သူ့ရဲ့ နယ်မြေ အားလုံးကို ပြန်လည် သိမ်းယူသွားမယ်လို့လည်း ယူကရိန်းက ပြောဆိုထားပါတယ်။

#ယူကရိန်း #ရုရှား #ပူတင် #နယ်မြေသိမ်း

XS
SM
MD
LG