သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

႐ုရွားလက္က ျပန္သိမ္းပိုက္ခဲ့တဲ့ ေဒသေတြမွာ ေသဆုံးသူအေလာင္းေတြ ယူကရိန္းရွာေဖြ


(Zawgyi/ Unicode)

ယူကရိန္းတပ္ေတြ ႐ုရွားလက္က ျပန္လည္သိမ္းပိုက္ခဲ့တဲ့ အေရွ႕ေျမာက္ေဒသက Izium နဲ႔ တျခားၿမိဳ႕ေတြမွာ စစ္ပဲြအတြင္း ေသဆုံးသူေတြရဲ႕ အေလာင္းေတြကို တနဂၤေႏြေန႔တုန္းက ယူကရိန္းတာ၀န္ရွိသူေတြ လိုက္လံရွာေဖြခဲ့ပါတယ္။

ေတြ႕ရွိတဲ့႐ုပ္ႂကြင္း အားလုံးကို Kharkiv ကိုပို႔ေဆာင္မွာျဖစ္တယ္လို႔ Izium ၿမိဳ႔အုပ္ခ်ဳပ္ေရးမွဴး Valery Marchenko ကေျပာပါတယ္။ ေနာက္ႏွစ္ပတ္အထိ ဆက္လက္ရွာေဖြ တူးေဖၚသြားမွာျဖစ္ပါတယ္။ ျမႇဳပ္ႏွံထားတဲ႔ ေနရာေတြအေတာ္ မ်ားမ်ား ရွိပါတယ္လို႔လည္း Marchenko ကေျပာဆိုခဲ့ပါတယ္။ Izium ဟာ ႐ုရွားလက္ကေန ျပန္လည္သိမ္းပိုက္ႏိုင္ခဲ့တဲ့ ၿမိဳ႕ေပါင္း ၂၀ ထဲက တၿမိဳ႔ျဖစ္ပါတယ္။

Izium ၿမိဳ႔မွာျမႇဳပ္ႏွံထားတဲ့ စစ္သားေတြမွာ ၫႇဥ္းပန္း ႏွိပ္စက္ခံထားရတဲ့ အေထာက္အထားေတြကို စုံစမ္းစစ္ေဆးသူေတြက ေတြ႕ရွိခဲ့တယ္လို႔ သမၼတ Volodymyr Zelenskyy က စေနေန႔တုန္းက ေျပာဆိုခဲ့ပါတယ္။ တေနရာထဲမွာတင္ ၁၇ ေလာင္း စုျပံဳ ျမႇဳပ္ႏွံထားတာကို ေတြ႕ရွိခဲ့ရၿပီး အဲဒီ အထဲက တခ်ိဳ႔ဟာညႇဥ္းပန္းႏွိပ္စက္ ခံထားရတဲ့ လကၡဏာေတြ ရွိတယ္လို႔လည္း ေျပာဆိုခဲ့ပါတယ္။

ၿပီးခဲ့တဲ့ ရက္သတၱပတ္ထဲတုန္းက Izium အနီးက Woodlands မွာ အေလာင္း ၄၄၀ ရွာေဖြေတြ႕ရွိခဲ့ၿပီး အမ်ားစုဟာ အရပ္သားေတြ ျဖစ္တယ္လို႔ ယူကရိန္းက ေျပာပါတယ္။ ဒါေတြဟာ ႐ုရွားတပ္ေတြ စစ္ရာဇ၀တ္မႈ က်ဴးလြန္တယ္ဆိုတဲ့ အေထာက္အထားေတြ ျဖစ္တယ္လို႔ ယူကရိန္း တာ၀န္ရွိသူေတြက ေျပာဆိုပါတယ္။
႐ုရွားကေတာ့ အရပ္သားေတြကို ပစ္မွတ္ထား တိုက္ခိုက္တာ မရွိဘူးလို႔ ျငင္းဆိုထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

ရုရှားလက်က ပြန်သိမ်းပိုက်ခဲ့တဲ့ ဒေသတွေမှာ သေဆုံးသူအလောင်းတွေ ယူကရိန်းရှာဖွေ

ယူကရိန်းတပ်တွေ ရုရှားလက်က ပြန်လည်သိမ်းပိုက်ခဲ့တဲ့ အရှေ့မြောက်ဒေသက Izium နဲ့ တခြားမြို့တွေမှာ စစ်ပွဲအတွင်း သေဆုံးသူတွေရဲ့ အလောင်းတွေကို တနင်္ဂနွေနေ့တုန်းက ယူကရိန်းတာဝန်ရှိသူတွေ လိုက်လံရှာဖွေခဲ့ပါတယ်။

တွေ့ရှိတဲ့ရုပ်ကြွင်း အားလုံးကို Kharkiv ကိုပို့ဆောင်မှာဖြစ်တယ်လို့ Izium မြို့အုပ်ချုပ်ရေးမှူး Valery Marchenko ကပြောပါတယ်။ နောက်နှစ်ပတ်အထိ ဆက်လက်ရှာဖွေ တူးဖေါ်သွားမှာဖြစ်ပါတယ်။ မြှုပ်နှံထားတဲ့ နေရာတွေအတော် များများ ရှိပါတယ်လို့လည်း Marchenko ကပြောဆိုခဲ့ပါတယ်။ Izium ဟာ ရုရှားလက်ကနေ ပြန်လည်သိမ်းပိုက်နိုင်ခဲ့တဲ့ မြို့ပေါင်း ၂၀ ထဲက တမြို့ဖြစ်ပါတယ်။

Izium မြို့မှာမြှုပ်နှံထားတဲ့ စစ်သားတွေမှာ ညှဉ်းပန်း နှိပ်စက်ခံထားရတဲ့ အထောက်အထားတွေကို စုံစမ်းစစ်ဆေးသူတွေက တွေ့ရှိခဲ့တယ်လို့ သမ္မတ Volodymyr Zelenskyy က စနေနေ့တုန်းက ပြောဆိုခဲ့ပါတယ်။ တနေရာထဲမှာတင် ၁၇ လောင်း စုပြုံ မြှုပ်နှံထားတာကို တွေ့ရှိခဲ့ရပြီး အဲဒီ အထဲက တချို့ဟာညှဉ်းပန်းနှိပ်စက် ခံထားရတဲ့ လက္ခဏာတွေ ရှိတယ်လို့လည်း ပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပတ်ထဲတုန်းက Izium အနီးက Woodlands မှာ အလောင်း ၄၄၀ ရှာဖွေတွေ့ရှိခဲ့ပြီး အများစုဟာ အရပ်သားတွေ ဖြစ်တယ်လို့ ယူကရိန်းက ပြောပါတယ်။ ဒါတွေဟာ ရုရှားတပ်တွေ စစ်ရာဇဝတ်မှု ကျူးလွန်တယ်ဆိုတဲ့ အထောက်အထားတွေ ဖြစ်တယ်လို့ ယူကရိန်း တာဝန်ရှိသူတွေက ပြောဆိုပါတယ်။
ရုရှားကတော့ အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်တာ မရှိဘူးလို့ ငြင်းဆိုထားပါတယ်။

XS
SM
MD
LG