သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်း နျူစက်ရုံက ရုရှားတပ် ရုပ်သိမ်းဖို့ IAEA တောင်းဆို


A security person stands in front of the Zaporizhzhia nuclear power plant, amid the ongoing Russian military action in Ukraine, Sept. 11, 2022.
A security person stands in front of the Zaporizhzhia nuclear power plant, amid the ongoing Russian military action in Ukraine, Sept. 11, 2022.

[[ ZAWGYI / UNICODE ]]

ယူကရိန်း နျူစက်ရုံက ရုရှားတပ် ရုပ်သိမ်းဖို့ IAEA တောင်းဆို

ယူကရိန်းပိုင် Zaporizhzhia နျူကလီးယား ဓာတ်အားပေး စက်ရုံကို ရုရှားတပ်တွေ သိမ်းပိုက်ထားတာ အဆုံးသတ်ဖို့ နိုင်ငံတကာ အနုမြူစွမ်းအင်အေဂျင်စီ (IAEA) ဘုတ်အဖွဲ့ရဲ့ သြစတြီးယားနိုင်ငံ ဗီယန်နာ ရုံးချုပ်က တံခါးပိတ် အစည်းအဝေးမှာ ဆုံးဖြတ်လိုက်ကြောင်း သံတမန် အသိုင်းအဝိုင်းက ပြောပါတယ်။

IAEA ဆုံးဖြတ်ချက်မှာတော့ Zaporizhzhia အပါအဝင် ယူကရိန်းနိုင်ငံက နျူကလီးယား စက်ရုံတွေမှာ ရုရှားရဲ့ လုပ်ရပ်တွေနဲ့ တိုက်ခိုက်မှုတွေကို ချက်ခြင်းရပ်ဖို့ တောင်းဆိုထားတာပါ။ အဖွဲ့ဝင် ၃၅ ယောက်ပါဝင်တဲ့ ဘုတ်အဖွဲ့မှာ တရုတ်နဲ့ ရုရှား ၂ နိုင်ငံက ကန့်ကွက်ခဲ့ပြီး၊ ထောက်ခံမဲ ၂၆ မဲ၊ မဲ မပေးတာက ၇ မဲနဲ့ ဆုံးဖြတ်ချက်ကို အတည်ပြုခဲ့တာ ဖြစ်ပါတယ်။

Zaporizhzhia နျူကလီးယား စက်ရုံကို စစ်ဖက်က သိမ်းပိုက်ထားတာကြောင့် မတော်တဆ ဖြစ်နိုင်တဲ့ အန္တရာယ် သိသိသာသာ တိုးလာနေပြီး၊ ယူကရိန်းနိုင်ငံသာမက အိမ်နီးချင်းတွေနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းကိုပါ ထိခိုက် နိုင်တယ်လို့လည်း ဆုံးဖြတ်ချက်မှာ ဖော်ပြခဲ့တာပါ။

ရုရှားစစ်တပ်နဲ့ ရုရှားနျူကလီးယားလုပ်ငန်း Rosatom အနေနဲ့ နျူကလီးယားစက်ရုံကို ယူကရိန်း အာဏာပိုင်တွေထံ ပြန်လည်လွှဲပြောင်းပေးဖို့လည်း ဆုံးဖြတ်ချက်မှာ ထည့်သွင်းထားပါတယ်။ IAEA ဆိုင်ရာ ရုရှားကိုယ်စားလှယ်ကတော့ အနောက်နိုင်ငံတွေရဲ့ အကူအညီနဲ့ ယူကရိန်းတပ်တွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတဲ့ အချက်ကို ဆုံးဖြတ်ချက်မှာ ထည့်သွင်းဖော်ပြ မထားဘူးဆိုပြီး ကြေညာချက်ထုတ်ပြန် ကန့်ကွက်ခဲ့တာပါ။

ဥရောပတိုက်မှာ အကြီးဆုံးဖြစ်တဲ့ Zaporizhzhia နျူကလီးယား စက်ရုံကို မကြာသေးခင် သီတင်းပတ်အတွင်း အကြိမ်ကြိမ် တိုက်ခိုက်ခဲ့တာကြောင့် IAEA က စိုးရိမ်နေတာ ဖြစ်ပါတယ်။ တိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့တော့ ရုရှားနဲ့ ယူကရိန်းတို့က အပြန်အလှန်အပြစ်ဖို့ နေကြပါတယ်။

ယူကရိန်း နျူစက်ရုံက ရုရှားတပ် ရုပ်သိမ်းဖို့ IAEA တောင်းဆို
please wait

No media source currently available

0:00 0:01:22 0:00
တိုက်ရိုက် လင့်ခ်

==================

{{ UNICODE }}







XS
SM
MD
LG