သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်း နျူကလီးယားစက်ရုံအနီး စစ်မဲ့ဇုန် သတ်မှတ်ဖို့ IAEA တောင်းဆို 


UKRAINE-CRISIS/IAEA
UKRAINE-CRISIS/IAEA

ယူကရိန်းနိုင်ငံ တောင်ပိုင်းက Zaporizhzhia နျူကလီးယား ဓာတ်အားပေးစက်ရုံကို ဆက်လက်တိုက်ခိုက်နေတဲ့ လုပ်ရပ်တွေဟာ လက်ခံနိုင်စရာ အကြောင်းမရှိသလို၊ အနီးဝန်းကျင်ကို စစ်မဲ့ဇုန်အဖြစ် သတ်မှတ်ဖို့ နိုင်ငံတကာ အနုမြူစွမ်းအင်အေဂျင်စီ (IAEA) အကြီးအကဲက တောင်းဆိုလိုက်ပါတယ်။

ယူကရိန်း နျူကလီးယားစက်ရုံအနီး စစ်မဲ့ဇုန် သတ်မှတ်ဖို့ IAEA တောင်းဆို

{{Zawgyi/Unicode}}
ယူကရိန်းနိုင်ငံ တောင်ပိုင်းက Zaporizhzhia နျူကလီးယား ဓာတ်အားပေးစက်ရုံကို ဆက်လက်တိုက်ခိုက်နေတဲ့ လုပ်ရပ်တွေဟာ လက်ခံနိုင်စရာ အကြောင်းမရှိသလို၊ အနီးဝန်းကျင်ကို စစ်မဲ့ဇုန်အဖြစ် သတ်မှတ်ဖို့ နိုင်ငံတကာ အနုမြူစွမ်းအင်အေဂျင်စီ (IAEA) အကြီးအကဲက တောင်းဆိုလိုက်ပါတယ်။

တိုက်ခိုက်မှုတွေကြောင့် ကြီးမားတဲ့ ကပ်ဘေးဆိုးကြီး ကျရောက်နိုင်တဲ့ အန္တရာယ် ကြုံရနိုင်တယ်လို့လည်း IAEA ညွှန်ကြားရေးမှူးချုပ် Rafael Mariano Grossi က ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို အင်္ဂါနေ့က ဗွီဒီယိုနဲ့ ပြောကြားရာမှာ သတိပေးလိုက်တာပါ။ စစ်မဲ့ဇုန်အဖြစ် သတ်မှတ်နိုင်အောင် IAEA က အကြံပေးတိုင်ပင်ဖို့ အသင့်ရှိကြောင်းလည်း ပြောပါတယ်။

အစောပိုင်း IAEA က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာတော့ Zaporizhzhia နျူကလီးယား ဓာတ်အားပေးစက်ရုံရဲ့ ဘေးကင်းလုံခြုံရေးအတွက် အလေးအနက် စိုးရိမ်ဆဲဖြစ်ကြောင်း ဖော်ပြထားပါတယ်။ ဥရောပမှာ အကြီးဆုံးဖြစ်တဲ့ နျူကလီးယားစစ်ရုံကို IAEA အကြီးအကဲနဲ့ အဖွဲ့ဟာ ပြီးခဲ့တဲ့ အပတ် တိုက်ပွဲတွေကြားမှာပဲ ရောက်လေ့လာခဲ့ပြီး အင်္ဂါနေ့မှာ လေ့လာချက်တွေကို ထုတ်ပြန်ခဲ့တာပါ။။ ဒီ ထုတ်ပြန်ချက်ထဲမှာ စက်ရုံဟာ စစ်ကြောင့် အပြင်းအထန် ထိခိုက်ပျက်စီးမှုတွေရှိပြီး ဘယ်သူ့လက်ချက်ဆိုပြီးတော့ ပြစ်တင်တာမျိုးတော့ မရှိပါဘူး။

ဖေဖော်ဝါရီလ ရုရှားကျုးကျော်မှု အစပိုင်းကတည်းက စက်ရုံကို ရုရှားတပ်တွေ ထိန်းချုပ်ထားပြီး ယူကရိန်းအလုပ်သမားတွေနဲ့ ဆက်လက် လည်ပတ်နေတာဖြစ်သလို ထိခိုက်ပျက်စီးမှုတွေအတွက် အပြန်အလှန် အပြစ်တင် နေကြတာပါ။

စစ်လက်နက်တွေနဲ့ အင်ဂျင်တာဘိုင်စက်တွေအနီး ရပ်ထားတဲ့ စစ်ကားတွေ အပါအဝင် ရုရှားတပ်တွေကို စက်ရုံမှာ တွေ့ခဲ့ရတယ်လို့လည်း IAEA ထုတ်ပြန်ချက်ထဲမှာ ဖော်ပြပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres ကလည်း ကပ်ဘေးဆိုးနဲ့ မကြုံရအောင် ဆောင်ရွက်ကြဖို့ လုံခြုံရေးကောင်စီမှာ တိုက်တွန်းခဲ့တာပါ။

တိုက်ရိုက် လင့်ခ်

.........................................


{{Zawgyi/Unicode}}





XS
SM
MD
LG