သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်နျူကလီးယား အစီအစဉ်အပေါ် IAEA မေးခွန်းထုတ်


FILE - In this photo released by the Atomic Energy Organization of Iran, technicians work at the Arak heavy water reactor's secondary circuit, as officials and media visit the site, near Arak, 250 kilometers southwest of Tehran, Dec. 23, 2019.
FILE - In this photo released by the Atomic Energy Organization of Iran, technicians work at the Arak heavy water reactor's secondary circuit, as officials and media visit the site, near Arak, 250 kilometers southwest of Tehran, Dec. 23, 2019.

[[ ZAWGYI / UNICODE ]]

အီရန်နျူကလီးယား အစီအစဉ်အပေါ် IAEA မေးခွန်းထုတ်

အီရန်က သိုလှောင်ထားတဲ့ သန့်စင် ယူရေနီယံကို နောက်ထပ် သန့်စင်လိုက်ရင် နျူးကလီးယား ဗုံးတလုံးအတွက် လုံလောက်နိုင်တဲ့ အဆင့်ကို နီးကပ်နေပြီလို့ နိုင်ငံတကာ အနုမြူစွမ်းအင်အေဂျင်စီ IAEA ရဲ့ အစီရင်ခံစာက ဖော်ပြပါတယ်။

အီရန်ဘက်က အသိပေး ကြေညာထားခြင်း မရှိတဲ့ နေရာသုံးခုကနေ ယူရေနီယံ ဓာတ်ကြွင်းတွေ တွေ့ရှိမှုကို ကုလသမဂ္ဂ အနုမြူစွမ်းအင်အေဂျင်စီ IAEA က နှစ်နဲ့ချီ စုံစမ်း စစ်ဆေးနေတာဖြစ်ပြီး ဒီ ယူရေနီယံ ဓာတ်ကြွင်းတွေရဲ့ ဇစ်မြစ်ကို အီရန် အစိုးရဘက်က တိတိကျကျ အဖြေမပေးကြောင်းလည်း အစီရင်ခံစာက ဖော်ပြပါတယ်။

အီရန် သိုလှောင်ထားတဲ့ ၆၀ ရာခိုင်နှုန်းကျော် သန့်စင်ထားပြီးသား ယူရေနီယံ ပမာဏဟာ ၅၅ ဒဿမ ၆ ကီလိုဂရမ်ထိ တိုးလာပြီး ဒါဟာ ပြီးခဲ့တဲ့ ၃ လအတွင်း ၁၂ ဒဿမ ၅ ကီလိုဂရမ် တိုးလာတာ ဖြစ်ကြောင်းလည်း ဗုဒ္ဓဟူးနေ့မှာ ထုတ်တဲ့ IAEA ရဲ့ ၄ လပတ် အစီရင်ခံစာမှာ ပြောဆိုထားတာ ဖြစ်ပါတယ်။

နောက်ထပ် ထပ်ပြီး သန့်စင်လိုက်မယ် ဆိုရင်တော့ နျူးကလီးယား ဗုံးတလုံးအတွက် လုံလောက်တဲ့အပြင် ပိုလျှံ သွားစေမှာ ဖြစ်ပါတယ်။ အီရန်ရဲ့ နျူးကလီးယား အစီအစဉ်ဟာ ငြိမ်းချမ်းတဲ့ ရည်ရွယ်ချက်နဲ့သာ ဖြစ်ပါတယ်ဆိုတာကို IAEA အနေနဲ့ အာမခံပေးနိုင်တဲ့ အနေအထားမှာ မရှိဘူးလို့ ဆိုလိုတာဖြစ်ကြောင်းလည်း အစီရင်ခံစာက ဖော်ပြပါတယ်။

အီရန်ဘက်က အသိပေး ကြေညာမထားတဲ့ နေရာသုံးခုက တွေ့တဲ့ ယူရေနီယံ ဓာတ်ကြွင်းတွေရဲ့ ဇစ်မြစ်ကိုလည်း အီရန်ဘက်က တိတိကျကျ အဖြေမပေးသေးတဲ့ အချက်ဟာလည်း စိုးရိမ်စရာ ကိစ္စဖြစ်ကြောင်း ဖော်ပြထားတဲ့ အစီရင်ခံစာ တစောင်ကိုလည်း IAEA က တနေ့တည်းမှာဘဲ ထပ်ပြီး ထုတ်ပြန်ထားပါတယ်။

အစီရင်ခံစာ ပြုစုတဲ့ ကာလအတွင်း ဘေးကင်းလုံခြုံရေးဆိုင်ရာ ကိစ္စတွေမှာ အီရန်ဘက်က IAEA နဲ့ ပူးပေါင်းဆောင်ရွက်မှု မရှိတာကို ညွှန်ကြားရေးမှူးချုပ်က ပိုပြီး စိုးရိမ်နေကြောင်းနဲ့ ဒီလို ပူးပေါင်းဆောင်ရွက်မှု မရှိတာကြောင့် ဒီကိစ္စ ဖြေရှင်းရေးမှာ တိုးတက်မှု မရှိကြောင်းလည်း ဒုတိယ အစီရင်ခံစာက ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

================

{{ UNICODE }}








XS
SM
MD
LG