သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ႏိုင္ငံတကာ ပိတ္ဆို႔ဒဏ္ခတ္မႈေတြ အေပၚ တ႐ုတ္ထိပ္တန္း အမတ္ ေ၀ဖန္


(Zawgyi / Unicode)

႐ုရွားအေပၚ ႏိုင္ငံတကာက အေရးယူ ပိတ္ဆို႔တာေတြကို ျပစ္တင္ရႈတ္ခ်ေၾကာင္း ႐ုရွားႏိုင္ငံ ေမာ္စကိုၿမိဳ႔ေတာ္ကို သြားေရာက္ခဲ့တဲ့ တ႐ုတ္ထိပ္တန္း လႊတ္ေတာ္ကိုယ္စားလွယ္တဦးလည္းျဖစ္၊ ကြန္ျမဴနစ္ပါတီ ေပါလစ္ဗ်ဴ႐ို အဖဲြ႕၀င္လည္း ျဖစ္တဲ့ Li Zhanshu ကေျပာဆိုခဲ့ေၾကာင္း တ႐ုတ္အစိုးရသတင္း ဌာနျဖစ္တဲ့ Xinhua သတင္းဌာနေဖၚျပပါတယ္။

ျပည္ပက ၀င္ေရာက္စြက္ဖက္မႈေတြ၊ ပိတ္ဆို႔အေရးယူမႈေတြ၊ ျပည္ပႏိုင္ငံတရား႐ုံးကေန လွမ္းၿပီး တရားစဲြ စီရင္တာေတြ၊ အပါအ၀င္ ျပည္ပက ၀င္ေရာက္စြက္ဖက္တာေတြနဲ႔ ပတ္သက္ၿပီး အတူတကြ ပူးေပါင္းတုန္႔ျပန္ တိုက္ခိုက္သြားဖို႔ တ႐ုတ္ လႊတ္ေတာ္ကိုယ္စားလွယ္ Li Zhanshu က ႐ုရွား လႊတ္ေတာ္ကိုယ္စားလွယ္ေတြနဲ႔ ၿပီးခဲ့တဲ့ ၾကာသပေတးေန႔ ေမာ္စကိုမွာ ေတြ႕ဆုံစဥ္ ေျပာဆိုခဲ့တယ္လို႔ Xinhua သတင္းက ေဖၚျပပါတယ္။

Li Zhanshu ဟာ သမၼတ Vladimir Putin နဲ႔လည္းေတြ႕ဆုံခဲ့ပါတယ္။ ႐ုရွားသမၼတ ပူတင္နဲ႔ တ႐ုတ္သမၼတ Xi Jinping တို႔ဟာ ဒီလအတြင္း ဥဇဘက္ကစၥတန္မွာ ျပဳလုပ္မယ့္ ေဒသတြင္း အစည္းအေ၀းမွာ ေတြဆုံမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။

Li Zhanshu ဟာ တ႐ုတ္ျပည္ရဲ႕ ၾသဇာအာဏာႀကီးမားတဲ့ ကြန္ျမဴနစ္ပါတီ ေပါလစ္ဗ်ဴ႐ို အဖဲြ႕၀င္တဦးျဖစ္ၿပီး၊ တတိယေနရာမွာ ရွိသူျဖစ္ပါတယ္။ တ႐ုတ္သမၼတ Xi Jinping နဲ႔ အလြန္နီးကပ္သူေတြထဲကတဦးလည္းျဖစ္ၿပီး၊ ဆယ္စုႏွစ္ေတြနဲ႔ခ်ီၿပီးအတူတကြလက္တဲြလုပ္ခဲ့သူေတြ ျဖစ္ပါတယ္။

ယူကရိန္း- ႐ုရွားစစ္ပဲြမွာ တ႐ုတ္က ၾကားေန ရပ္တည္တယ္လို ႔ေျပာဆိုထားေပမယ့္ သူ႔ရဲ႕ ခရီးစဥ္ဟာ တ႐ုတ္က ႐ုရွားဘက္ကေန ေထာက္ခံအားေပးတယ္ ဆိုတာကို ေဖၚျပလိုက္တာျဖစ္ပါတယ္။ Li ရဲ႕ ခရီးစဥ္ဟာ Covid 19 စတင္ျဖစ္ပြားၿပီးေနာက္ ပထမဆုံး ျပည္ပခရီးသြားတဲ့ အဆင့္ျမင့္ဆုံး ေခါင္းေဆာင္ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

နိုင်ငံတကာ ပိတ်ဆို့ဒဏ်ခတ်မှုတွေ အပေါ် တရုတ်ထိပ်တန်း အမတ် ဝေဖန်

ရုရှားအပေါ် နိုင်ငံတကာက အရေးယူ ပိတ်ဆို့တာတွေကို ပြစ်တင်ရှုတ်ချကြောင်း ရုရှားနိုင်ငံ မော်စကိုမြို့တော်ကို သွားရောက်ခဲ့တဲ့ တရုတ်ထိပ်တန်း လွှတ်တော်ကိုယ်စားလှယ်တဦးလည်းဖြစ်၊ ကွန်မြူနစ်ပါတီ ပေါလစ်ဗျူရို အဖွဲ့ဝင်လည်း ဖြစ်တဲ့ Li Zhanshu ကပြောဆိုခဲ့ကြောင်း တရုတ်အစိုးရသတင်း ဌာနဖြစ်တဲ့ Xinhua သတင်းဌာနဖေါ်ပြပါတယ်။

ပြည်ပက ဝင်ရောက်စွက်ဖက်မှုတွေ၊ ပိတ်ဆို့အရေးယူမှုတွေ၊ ပြည်ပနိုင်ငံတရားရုံးကနေ လှမ်းပြီး တရားစွဲ စီရင်တာတွေ၊ အပါအဝင် ပြည်ပက ဝင်ရောက်စွက်ဖက်တာတွေနဲ့ ပတ်သက်ပြီး အတူတကွ ပူးပေါင်းတုန့်ပြန် တိုက်ခိုက်သွားဖို့ တရုတ် လွှတ်တော်ကိုယ်စားလှယ် Li Zhanshu က ရုရှား လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပြီးခဲ့တဲ့ ကြာသပတေးနေ့ မော်စကိုမှာ တွေ့ဆုံစဉ် ပြောဆိုခဲ့တယ်လို့ Xinhua သတင်းက ဖေါ်ပြပါတယ်။

Li Zhanshu ဟာ သမ္မတ Vladimir Putin နဲ့လည်းတွေ့ဆုံခဲ့ပါတယ်။ ရုရှားသမ္မတ ပူတင်နဲ့ တရုတ်သမ္မတ Xi Jinping တို့ဟာ ဒီလအတွင်း ဥဇဘက်ကစ္စတန်မှာ ပြုလုပ်မယ့် ဒေသတွင်း အစည်းအဝေးမှာ တွေဆုံမယ်လို့ မျှော်လင့်ရပါတယ်။
Li Zhanshu ဟာ တရုတ်ပြည်ရဲ့ သြဇာအာဏာကြီးမားတဲ့ ကွန်မြူနစ်ပါတီ ပေါလစ်ဗျူရို အဖွဲ့ဝင်တဦးဖြစ်ပြီး၊ တတိယနေရာမှာ ရှိသူဖြစ်ပါတယ်။ တရုတ်သမ္မတ Xi Jinping နဲ့ အလွန်နီးကပ်သူတွေထဲကတဦးလည်းဖြစ်ပြီး၊ ဆယ်စုနှစ်တွေနဲ့ချီပြီးအတူတကွလက်တွဲလုပ်ခဲ့သူတွေ ဖြစ်ပါတယ်။

ယူကရိန်း- ရုရှားစစ်ပွဲမှာ တရုတ်က ကြားနေ ရပ်တည်တယ်လို့ပြောဆိုထားပေမယ့် သူ့ရဲ့ ခရီးစဉ်ဟာ တရုတ်က ရုရှားဘက်ကနေ ထောက်ခံအားပေးတယ် ဆိုတာကို ဖေါ်ပြလိုက်တာဖြစ်ပါတယ်။ Li ရဲ့ ခရီးစဉ်ဟာ Covid 19 စတင်ဖြစ်ပွားပြီးနောက် ပထမဆုံး ပြည်ပခရီးသွားတဲ့ အဆင့်မြင့်ဆုံး ခေါင်းဆောင်ဖြစ်ပါတယ်။

XS
SM
MD
LG