႐ုရွားနဲ႔ တ႐ုတ္အေပၚ ပစ္မွတ္ထားမယ့္ မဟာဗ်ဳဟာသစ္ ေနတိုးအဖဲြ႕အတည္ျပဳ
{{Zawgyi/Unicode}}
စပိန္ႏိုင္ငံ Madrid ၿမိဳ႕ေတာ္မွာ ဗုဒၶဟူးေန႔ က်င္းပတဲ႔ ေျမာက္အတၱလႏၲိတ္ စစ္စာခ်ဳပ္ အဖြဲ႔ NATO အဖြဲ႔၀င္ ႏိုင္ငံ႔ ေခါင္းေဆာင္မ်ား ထိပ္သီး စည္းေ၀းပြဲမွာေတာ့ NATO အဖြဲ႔ရဲ႕ မဟာဗ်ဴဟာေျမာက္ အျမင္သေဘာထားသစ္ တရပ္ကို အတည္ျပဳခဲ႔ၾကပါတယ္။
႐ုရွားရဲ႕ ရန္လိုမႈ၊ တ႐ုတ္ ျပည္သူ႔ သမၼတ ႏိုင္ငံေၾကာင့္ ျဖစ္ေပၚလာတဲ႔ စိန္ေခၚ အကဲစမ္းမႈေတြနဲ႔ ႏွစ္ႏိုင္ငံၾကား မဟာဗ်ဴဟာေျမာက္ ပူးေပါင္းေဆာင္ရြက္မႈ ပိုၿပီး ခိုင္မာလာမႈဟာလည္း အဓိက ဦးစားေပး ေျဖရွင္းရမယ့္ ကိစၥေတြအျဖစ္ ေဖာ္ျပထားပါတယ္။
ဒုတိယ ကမ ၻာစစ္ ေနာက္ပိုင္းမွာ အေနာက္ႏိုင္ငံေတြရဲ႕ စစ္မဟာမိတ္အဖြဲ႔ NATO ရဲ႕အခု အတည္ျပဳ စာတမ္းထဲမွာေတာ့ ႐ုရွားကို အေရးႀကီးဆံုးနဲ႔ တိုက္႐ိုက္ ၿခိမ္းေျခာက္မႈအျဖစ္ သတ္မွတ္ထားသလို NATO ရဲ႕ လံုျခံဳေရး၊ အက်ိဳးစီးပြားေတြနဲ႔ စံတန္ဖိုးေတြ အတြက္ တ႐ုတ္အစိုးရေၾကာင့္ ေပၚလာရတဲ႔ စိန္ေခၚ အကဲစမ္းခ်က္ေတြကိုလည္း ပထမဆံုး အႀကိမ္ အျဖစ္ ေဖာ္ျပထားပါတယ္။
ဗုဒၶဟူးေန႔ NATO အစည္းအေ၀းမွာပဲ ဥေရာပမွာ အေမရိကန္ စစ္အင္အား တိုးျမႇင့္မယ့္ အေၾကာင္း သမၼတ Joe Biden က ေၾကညာပါတယ္။
႐ုရွားဘက္က ပိုၿပီး ရန္လိုလာတဲ႔ လုပ္ရပ္ေတြကို တိုးျမႇင့္ တုံ႔ျပန္မႈ အေနနဲ႔ ဒီႏွစ္ အေစာပိုင္းမွာ ဥေရာပကို အေမရိကန္ တပ္ဖြဲ႔၀င္ ၂၀,၀၀၀ ထပ္ၿပီး တိုးခဲ႔တာေၾကာင့္ ဥေရာပမွာ အေမရိကန္ တပ္ဖြဲ႔ အင္အား စုစုေပါင္း ၁၀၀,၀၀၀ ထိ ရွိေနပါၿပီလို႔ သမၼတ Biden က ေျပာဆိုခဲ႔ပါတယ္။
ပိုလန္ႏိုင္ငံမွာ အေမရိကန္ အမွတ္ ၅ စစ္တပ္ အဖြဲ႔အတြက္ အၿမဲတမ္း ဌာနခ်ဳပ္ ထားရွိမယ့္ အေၾကာင္း၊ ႐ိုေမးနီးယားက ဌာနခ်ဳပ္မွာေတာ့ တပ္ဖြဲ႔၀င္ ၃၀၀၀ နဲ႔ တျခားတာ၀န္ရွိသူ ၂၀၀၀ တို႔ပါ၀င္တဲ႔ အလွည့္က် တပ္မဟာ တခု ထပ္မံထားရွိမယ့္ အေၾကာင္းနဲ႔ ၿဗိတိန္မွာေတာ့ F-35 တိုက္ေလယာဥ္ တပ္ဖြဲ႔ ၂ ဖြဲ႔ ထပ္မံ ေစလႊတ္မယ့္ အေၾကာင္း သမၼတ Biden က ေျပာဆိုခဲ႔ပါတယ္။
ၾကာသပေတးေန႔ အထိ က်င္းပမယ့္ NATO ထိပ္သီး ေဆြးေႏြးပြဲမွာေတာ့ ႐ုရွား က်ဴးေက်ာ္မႈကေန ကိုယ့္ကိုယ္ကိုယ္ ကာကြယ္မႈ အျဖစ္နဲ႔ ယူကရိန္းကို တိုးျမႇင့္ ေထာက္ပံ႔ဖို႔လည္း သေဘာတူခဲ႔ၾကပါတယ္။
................................................
ရုရှားနဲ့ တရုတ်အပေါ် ပစ်မှတ်ထားမယ့် မဟာဗျုဟာသစ် နေတိုးအဖွဲ့အတည်ပြု
{{Zawgyi/Unicode}}
စပိန်နိုင်ငံ Madrid မြို့တော်မှာ ဗုဒ္ဓဟူးနေ့ ကျင်းပတဲ့ မြောက်အတ္တလန္တိတ် စစ်စာချုပ် အဖွဲ့ NATO အဖွဲ့ဝင် နိုင်ငံ့ ခေါင်းဆောင်များ ထိပ်သီး စည်းဝေးပွဲမှာတော့ NATO အဖွဲ့ရဲ့ မဟာဗျူဟာမြောက် အမြင်သဘောထားသစ် တရပ်ကို အတည်ပြုခဲ့ကြပါတယ်။
ရုရှားရဲ့ ရန်လိုမှု၊ တရုတ် ပြည်သူ့ သမ္မတ နိုင်ငံကြောင့် ဖြစ်ပေါ်လာတဲ့ စိန်ခေါ် အကဲစမ်းမှုတွေနဲ့ နှစ်နိုင်ငံကြား မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု ပိုပြီး ခိုင်မာလာမှုဟာလည်း အဓိက ဦးစားပေး ဖြေရှင်းရမယ့် ကိစ္စတွေအဖြစ် ဖော်ပြထားပါတယ်။
ဒုတိယ ကမ ္ဘာစစ် နောက်ပိုင်းမှာ အနောက်နိုင်ငံတွေရဲ့ စစ်မဟာမိတ်အဖွဲ့ NATO ရဲ့အခု အတည်ပြု စာတမ်းထဲမှာတော့ ရုရှားကို အရေးကြီးဆုံးနဲ့ တိုက်ရိုက် ခြိမ်းခြောက်မှုအဖြစ် သတ်မှတ်ထားသလို NATO ရဲ့ လုံခြုံရေး၊ အကျိုးစီးပွားတွေနဲ့ စံတန်ဖိုးတွေ အတွက် တရုတ်အစိုးရကြောင့် ပေါ်လာရတဲ့ စိန်ခေါ် အကဲစမ်းချက်တွေကိုလည်း ပထမဆုံး အကြိမ် အဖြစ် ဖော်ပြထားပါတယ်။
ဗုဒ္ဓဟူးနေ့ NATO အစည်းအဝေးမှာပဲ ဥရောပမှာ အမေရိကန် စစ်အင်အား တိုးမြှင့်မယ့် အကြောင်း သမ္မတ Joe Biden က ကြေညာပါတယ်။
ရုရှားဘက်က ပိုပြီး ရန်လိုလာတဲ့ လုပ်ရပ်တွေကို တိုးမြှင့် တုံ့ပြန်မှု အနေနဲ့ ဒီနှစ် အစောပိုင်းမှာ ဥရောပကို အမေရိကန် တပ်ဖွဲ့ဝင် ၂၀,၀၀၀ ထပ်ပြီး တိုးခဲ့တာကြောင့် ဥရောပမှာ အမေရိကန် တပ်ဖွဲ့ အင်အား စုစုပေါင်း ၁၀၀,၀၀၀ ထိ ရှိနေပါပြီလို့ သမ္မတ Biden က ပြောဆိုခဲ့ပါတယ်။
ပိုလန်နိုင်ငံမှာ အမေရိကန် အမှတ် ၅ စစ်တပ် အဖွဲ့အတွက် အမြဲတမ်း ဌာနချုပ် ထားရှိမယ့် အကြောင်း၊ ရိုမေးနီးယားက ဌာနချုပ်မှာတော့ တပ်ဖွဲ့ဝင် ၃၀၀၀ နဲ့ တခြားတာဝန်ရှိသူ ၂၀၀၀ တို့ပါဝင်တဲ့ အလှည့်ကျ တပ်မဟာ တခု ထပ်မံထားရှိမယ့် အကြောင်းနဲ့ ဗြိတိန်မှာတော့ F-35 တိုက်လေယာဉ် တပ်ဖွဲ့ ၂ ဖွဲ့ ထပ်မံ စေလွှတ်မယ့် အကြောင်း သမ္မတ Biden က ပြောဆိုခဲ့ပါတယ်။
ကြာသပတေးနေ့ အထိ ကျင်းပမယ့် NATO ထိပ်သီး ဆွေးနွေးပွဲမှာတော့ ရုရှား ကျူးကျော်မှုကနေ ကိုယ့်ကိုယ်ကိုယ် ကာကွယ်မှု အဖြစ်နဲ့ ယူကရိန်းကို တိုးမြှင့် ထောက်ပံ့ဖို့လည်း သဘောတူခဲ့ကြပါတယ်။