သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဂ်နီဗာလူ႔အခြင္႔အေရးညီလာခံ ျမန္မာကိုယ္စားလွယ္ မပါဝင္တဲ႔အတြက္ တ႐ုတ္ ႐ုရွား စိတ္မေကာင္းျဖစ္


SWITZERLAND-RIGHTS-DIPLOMACY-UN ကုလသမဂၢလုံၿခဳံေရးေကာင္စီညီလာခံ

ျမန္မာႏိုင္ငံမွာ ျပင္းထန္လွတဲ့ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈေတြကို အေရးယူႏိုင္ေရး အာဂ်င္တီးနားနဲ႔ တူရကီႏိုင္ငံေတြလို ျမန္မာစစ္ေခါင္းေဆာင္ေတြကို ႏိုင္ငံတကာဥပေဒနဲ႔အညီ စုံစမ္းစစ္ေဆးၾကဖို႔ ကုလသမဂၢ လူ႔အခြင့္အေရးမဟာမင္းႀကီးက တိုက္တြန္းလိုက္ပါတယ္။ တခ်ိန္တည္းမွာပဲ ျမန္မာ့အေရးေဆြးေႏြးပြဲမွာ ျမန္မာႏိုင္ငံကိုယ္စားလွယ္ ပါဝင္ခြင့္မရတဲ့အေပၚ တ႐ုတ္နဲ႔ ႐ုရွားက ေဝဖန္ကန႔္ကြက္ခဲ့ပါတယ္။ ဂ်ီနီဗာလူ႔အခြင့္အေရးေကာင္စီညီလာခံမွာ ျမန္မာ့အေရး ဘာေတြေဆြးေႏြးတင္ျပခဲ့ၾကသလဲဆိုတာကို မအင္ၾကင္းႏိုင္က ေျပာျပမွာပါ။
===========
ျမန္မာႏိုင္ငံကလူ႔အခြင့္အေရးအေျခအေနနဲ႔ ပတ္သက္တဲ့ေဆြးေႏြးပြဲကို ဇြန္လ ၁၄ ရက္ေန႔က လူ႔အခြင့္အေရးေကာင္စီညီလာခံမွာ ျပဳလုပ္ခဲ့ခ်ိန္မွာ လူ႔အခြင့္အေရးမဟာမင္းႀကီး Michelle Bachelet က စစ္အာဏာသိမ္းမႈေၾကာင့္ ျမန္မာႏိုင္ငံရဲ႕အေျခအေန ေနာက္ျပန္လွည့္သြားတဲ့အေပၚ ႏိုင္ငံတကာအေနနဲ႔ စိတ္မေကာင္းျဖစ္ရေၾကာင္းနဲ႔ ျမန္မာစစ္တပ္ရဲ႕လူ႔အခြင့္အ‌ေရး ခ်ိဳးေဖာက္မႈေတြဟာ လူသားထုအေပၚက်ဴးလြန္တဲ့ ရာဇဝတ္မႈ ေျမာက္ႏိုင္ဖြယ္ရွိေၾကာင္း ေျပာၾကားခဲ့ပါတယ္။ အထူးသျဖင့္ ျမန္မာႏိုင္ငံရဲ႕ ျပသနာကိုေျဖရွင္းဖို႔ ႏိုင္ငံတကာကို အႀကံျပဳခဲ့တဲ့ အခ်က္ေတြထဲမွာ ႏိုင္ငံတကာရာဇဝတ္မႈေျမာက္ေနတဲ့ ျမန္မာစစ္တပ္ရဲ႕ ျပစ္မႈက်ဴးလြန္မႈေတြကို အေရးယူႏိုင္ေရး အလြန္အေရးႀကီးေၾကာင္းနဲ႔ ဒါဟာ တိုင္းျပည္ ျပန္လည္တည္ေဆာက္ေရးအတြက္ အေရးပါတယ္လို႔လည္း သူက ဆိုပါတယ္။ ဒါေၾကာင့္ လက္ရွိ ျမန္မာစစ္ေခါင္းေဆာင္ေတြကို Universal Jurisdiction နဲ႔အညီ စုံစမ္းစစ္ေဆးေနတဲ့ အာဂ်င္တီးနားနဲ႔ တူရကီႏိုင္ငံေတြအတိုင္း ဝိုင္းဝန္းေဆာင္႐ြက္ၾကဖို႔ Michelle Bachelet က အခုလို တိုက္တြန္းသြားပါတယ္။

"အာဂ်င္တီးနားနဲ႔ တူရကီႏိုင္ငံေတြရဲ႕ စံနမူနာအတိုင္း ျမန္မာႏိုင္ငံမွာ က်ဴးလြန္တဲ့ ရာဇဝတ္မႈေတြကို စုံစမ္းစစ္ေဆးအေရးယူႏိုင္ေရးအတြက္ Universal Jurisdiction ႏိုင္ငံတကာဥပေဒခ်ိဳးေဖာက္မႈမွန္သမွ် ကမာၻ႔ေနရာတိုင္းမွာ စုံစမ္း စီရင္ပိုင္ခြင့္ဥပေဒကို ကုလသမဂၢအဖြဲ႕ဝင္ႏိုင္ငံေတြအေနနဲ႔ လက္ခံအတည္ျပဳအေကာင္အထည္ေဖၚႏိုင္ၾကပါတယ္။"

ေနာက္ သူေျပာသြားတဲ့အထဲမွာ ကုလသမဂၢအဖြဲ႕ဝင္ႏိုင္ငံေတြအေနနဲ႔ ျမန္မာစစ္တပ္နဲ႔ အျခား လက္နက္ကိုင္တပ္ေတြကေန ထြက္ခြာလိုသူေတြအတြက္ ျပန္လည္ေနရာခ်ထားေရးအစီအစဥ္ေတြ ေဆာင္႐ြက္ေပးျခင္းအားျဖင့္ စစ္တပ္အေပၚအေရးယူမႈေတြျပဳလုပ္ႏိုင္ေရး အခ်က္အလက္အေထာက္အထားေတြရဖို႔ သူတို႔က အေထာက္အပံ့ေပးႏိုင္မွာျဖစ္တယ္လို႔ လည္း လူ႔အခြင့္အေရးမဟာမင္းႀကီးက ေျပာၾကားခဲ့ပါတယ္။

ဒါအျပင္ ထင္ရွားတဲ့ ဒီမိုကေရစီေရးလႈပ္ရွားသူေတြျဖစ္တဲ့ အမ်ိဳးသား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္က လႊတ္ေတာ္အမတ္ေဟာင္း ဦးၿဖိဳးေဇယ်ာေသာ္နဲ႔ ဒီမိုကေရစီေရးလႈပ္ရွားသူ ဦးဂ်င္မီ ေခၚ ဦးေက်ာ္မင္းယုတို႔ အပါအဝင္ လႈပ္ရွားတက္ႂကြသူေတြအေပၚ ခ်မွတ္ထားတဲ့ ေသဒဏ္ေတြကို ရပ္ဆိုင္းဖို႔ စစ္ေကာင္စီကို ကုလသမဂၢမဟာမင္းႀကီးက သူ႔ရဲ႕ အဖြင့္မိန႔္ခြန္းမွာ အခုလို တိုက္တြန္းသြားပါတယ္။

“မၾကာေသးခင္က ျဖစ္ရပ္မွာဆိုရင္ တပ္မေတာ္ေျပာေရးဆိုခြင့္ရွိသူကေန ထင္ရွားတဲ့ ဒီမိုကေရစီေရး လႈပ္ရွားသူႏွစ္ဦးအပါအဝင္ တက္ႂကြလႈပ္ရွားသူ ေလးဦးကို ေသဒဏ္ေပးဖို႔ရည္႐ြယ္ထားတဲ့အေၾကာင္းေျပာၾကားခဲ့ပါတယ္။ ျမန္မာႏိုင္ငံမွာ တရား႐ုံးက ေသဒဏ္အမိန႔္ခ်မွတ္တာကို အေကာင္အထည္မေဖၚပဲ ရပ္ဆိုင္းခဲ့တာအႏွစ္ ၃၀ ေလာက္ရွိေနပါၿပီ။ ဒီလို ေနာက္ျပန္ဆုတ္သြားတဲ့ ေျခလွမ္းမ်ိဳး ကို မလွမ္းဖို႔ စစ္အာဏာပိုင္ေတြ ကို ကြၽန္မ အေရးေပၚ ေတာင္းဆိုပါတယ္။"

လက္ရွိက်င္းပေနတဲ့ လူ႔အခြင့္အေရးေကာင္စီညီလာခံမွာ ျမန္မာႏိုင္ငံကိုယ္စားလွယ္ မရွိတဲ့အေပၚမွာတ႐ုတ္အေနနဲ႔ စိတ္မေကာင္းျဖစ္မိေၾကာင္း တ႐ုတ္ႏိုင္ငံ ကိုယ္စားလွယ္က အစည္းအေဝးမွာ အခုလိုေျပာသြားပါတယ္။

"ဒီေဆြးေႏြးပဲြမွာ သက္ဆိုင္ရာႏိုင္ငံျဖစ္တဲ့ ျမန္မာအေနနဲ႔ ပါ၀င္ေဆြးေႏြးႏိုင္ျခင္းမရွိတဲ့အတြက္ တရုတ္ကိုယ္စားလွယ္အဖဲြ႔အေနနဲ႔ စိတ္မေကာင္းျဖစ္ရပါတယ္။ အိမ္နီးခ်င္းႏိုင္ငံျဖစ္တဲ့ တရုတ္အေနနဲ႔ ျမန္မာႏိုင္ငံက အေျခအေနေတြကို အနီးကပ္ေစာင့္ၾကည့္ေနပါတယ္။ အဖဲြ႔အစည္းအားလံုးအေနနဲ႔ ဖဲြ႕စည္းပံုအေျခခံဥပေဒနဲ႔တရားဥပေဒေဘာင္အတြင္း ေတြ႔ဆံုေဆြးေႏြးမႈကတဆင့္ ႏိုင္ငံေရးအရ အေျဖရွာဖို႔ တရုတ္က တေလ်ာက္လံုးရပ္တည္ခဲ့ပါတယ္။"

အလားတူ ရုရွားႏိုင္ငံကလည္း ျမန္မာကိုယ္စားလွယ္ပါ၀င္သင့္ေၾကာင္းလည္း အစည္းအေ၀းမွာ ေတာင္းဆိုခဲ့ပါတယ္။ဂ်ီနီဗာ ကုလသမဂၢမွာ ျမန္မာႏိုင္ငံ ကိုယ္စားလွယ္နဲ႔ ပတ္သက္လို႔ စစ္ေကာင္စီဘက္ကိုေရာ၊ အတိုက္အခံ NUG အမ်ိဳးသားညီၫြတ္ေရးအစိုးရဘက္ကိုေရာ ဘယ္သူ႔ကိုမွ ေပးအပ္ျခင္းမရွိပဲ လစ္လပ္ထားတာျဖစ္ပါတယ္။

လူ႕အခြင့္အေရးေကာင္စီညီလာခံမွာ စစ္အာဏာသိမ္းထားတဲ့ ျမန္မာႏိုင္ငံက လူ႔အခြင့္အေရးအေျခအေနေတြ အလြန္ဆိုးရြားေနတဲ့အေၾကာင္းေရွ႔ေျပးအသံ အပါအ၀င္ ျမန္မာလူ႔အခြင့္အေရးအဖဲြ႔တခ်ဳိ႕ ကတင္ျပခဲ့ၾကပါတယ္။ အဂၤါေန႔က ျမန္မာ့အေရးေဆြးေႏြးပဲြမွာ ျမန္မာျပည္သူေတြရဲ႕ အသံကို ႏိုင္ငံတကာသိေအာင္ တင္ျပႏိုင္ခဲ့ေၾကာင္း ၿဗိတိန္အေျခစိုက္ BHRN ျမန္မာလူ႔အခြင့္အေရးကြန္ရက္ အမႈေဆာင္ညြန္ၾကားေရးမွဴး ဦးေက်ာ္၀င္းက ဗီြအိုေအကိုေျပာပါတယ္။

မေန႔ကလည္းလူ႔အခြင့္အေရးမဟာမင္းႀကီး Michelle Bacheletကိုယ္တိုင္ ဦးေဆာင္က်င္းပခဲ့တဲ့ ရိုဟင္ဂ်ာအေရးေဆြးေႏြးပဲြမွာလည္း ျမန္မာစစ္ေခါင္းေဆာင္ေတြကို ICC ႏိုင္ငံတကာရာဇ၀တ္ခံုရံုးလဲႊေျပာင္းစစ္ေဆးႏိုင္ေရး ကုလသမဂၢအဖဲြ႔၀င္ႏိုင္ငံေတြအေနနဲ႔ ၀ိုင္း၀န္းေထာက္ခံၾကဖို႔ တိုက္တြန္းခဲ့ေၾကာင္း ၿဗိတိန္အေျခစိုက္ ျမန္မာ႐ိုဟင္ဂ်ာအဖြဲ႕ ဥကၠ႒ဦးထြန္းခင္က ဗြီအိုေအကို ေျပာပါတယ္။

ဇြန္လ ၁၃- ဇူလိုင္ ၈ ရက္ေန႔ထိ ဆြစ္ဇာလန္ႏိုင္ငံ ဂ်ီနီဗာမွာ ျပဳလုပ္ေနတဲ့ အႀကိမ္ (၅၀) ေျမာက္ လူ႔အခြင့္အေရးညီလာခံမွာ ကုလသမဂၢရဲ႕ ျမန္မာႏိုင္ငံဆုိင္ရာ လူ႔အခြင့္အေရး အထူးကိုယ္စားလွယ္ Tom Andrews ကိုယ္တိုင္လည္း သူ႔ရဲ႕ႏွစ္ပတ္လည္ အစီရင္ခံစာကို တင္သြင္းဖို႔ရွိပါတယ္။

Unicode

မြန်မာနိုင်ငံမှာ ပြင်းထန်လှတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အရေးယူနိုင်ရေး အာဂျင်တီးနားနဲ့ တူရကီနိုင်ငံတွေလို မြန်မာစစ်ခေါင်းဆောင်တွေကို နိုင်ငံတကာဥပဒေနဲ့အညီ စုံစမ်းစစ်ဆေးကြဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးမဟာမင်းကြီးက တိုက်တွန်းလိုက်ပါတယ်။ တချိန်တည်းမှာပဲ မြန်မာ့အရေးဆွေးနွေးပွဲမှာ မြန်မာနိုင်ငံကိုယ်စားလှယ် ပါဝင်ခွင့်မရတဲ့အပေါ် တရုတ်နဲ့ ရုရှားက ဝေဖန်ကန့်ကွက်ခဲ့ပါတယ်။ ဂျီနီဗာလူ့အခွင့်အရေးကောင်စီညီလာခံမှာ မြန်မာ့အရေး ဘာတွေဆွေးနွေးတင်ပြခဲ့ကြသလဲဆိုတာကို မအင်ကြင်းနိုင်က ပြောပြမှာပါ။
===========
မြန်မာနိုင်ငံကလူ့အခွင့်အရေးအခြေအနေနဲ့ ပတ်သက်တဲ့ဆွေးနွေးပွဲကို ဇွန်လ ၁၄ ရက်နေ့က လူ့အခွင့်အရေးကောင်စီညီလာခံမှာ ပြုလုပ်ခဲ့ချိန်မှာ လူ့အခွင့်အရေးမဟာမင်းကြီး Michelle Bachelet က စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံရဲ့အခြေအနေ နောက်ပြန်လှည့်သွားတဲ့အပေါ် နိုင်ငံတကာအနေနဲ့ စိတ်မကောင်းဖြစ်ရကြောင်းနဲ့ မြန်မာစစ်တပ်ရဲ့လူ့အခွင့်အ‌ရေး ချိုးဖောက်မှုတွေဟာ လူသားထုအပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှု မြောက်နိုင်ဖွယ်ရှိကြောင်း ပြောကြားခဲ့ပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံရဲ့ ပြသနာကိုဖြေရှင်းဖို့ နိုင်ငံတကာကို အကြံပြုခဲ့တဲ့ အချက်တွေထဲမှာ နိုင်ငံတကာရာဇဝတ်မှုမြောက်နေတဲ့ မြန်မာစစ်တပ်ရဲ့ ပြစ်မှုကျူးလွန်မှုတွေကို အရေးယူနိုင်ရေး အလွန်အရေးကြီးကြောင်းနဲ့ ဒါဟာ တိုင်းပြည် ပြန်လည်တည်ဆောက်ရေးအတွက် အရေးပါတယ်လို့လည်း သူက ဆိုပါတယ်။ ဒါကြောင့် လက်ရှိ မြန်မာစစ်ခေါင်းဆောင်တွေကို Universal Jurisdiction နဲ့အညီ စုံစမ်းစစ်ဆေးနေတဲ့ အာဂျင်တီးနားနဲ့ တူရကီနိုင်ငံတွေအတိုင်း ဝိုင်းဝန်းဆောင်ရွက်ကြဖို့ Michelle Bachelet က အခုလို တိုက်တွန်းသွားပါတယ်။

"အာဂျင်တီးနားနဲ့ တူရကီနိုင်ငံတွေရဲ့ စံနမူနာအတိုင်း မြန်မာနိုင်ငံမှာ ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို စုံစမ်းစစ်ဆေးအရေးယူနိုင်ရေးအတွက် Universal Jurisdiction နိုင်ငံတကာဥပဒေချိုးဖောက်မှုမှန်သမျှ ကမ္ဘာ့နေရာတိုင်းမှာ စုံစမ်း စီရင်ပိုင်ခွင့် ဥပဒေကို ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ လက်ခံအတည်ပြုအကောင်အထည်ဖေါ်နိုင်ကြပါတယ်။"

နောက် သူပြောသွားတဲ့အထဲမှာ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ မြန်မာစစ်တပ်နဲ့ အခြား လက်နက်ကိုင်တပ်တွေကနေ ထွက်ခွာလိုသူတွေအတွက် ပြန်လည်နေရာချထားရေးအစီအစဉ်တွေ ဆောင်ရွက်ပေးခြင်းအားဖြင့် စစ်တပ်အပေါ်အရေးယူမှုတွေပြုလုပ်နိုင်ရေး အချက်အလက်အထောက်အထားတွေရဖို့ သူတို့က အထောက်အပံ့ပေးနိုင်မှာဖြစ်တယ်လို့ လည်း လူ့အခွင့်အရေးမဟာမင်းကြီးက ပြောကြားခဲ့ပါတယ်။

ဒါအပြင် ထင်ရှားတဲ့ ဒီမိုကရေစီရေးလှုပ်ရှားသူတွေဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော်အမတ်ဟောင်း ဦးဖြိုးဇေယျာသော်နဲ့ ဒီမိုကရေစီရေးလှုပ်ရှားသူ ဦးဂျင်မီ ခေါ် ဦးကျော်မင်းယုတို့ အပါအဝင် လှုပ်ရှားတက်ကြွသူတွေအပေါ် ချမှတ်ထားတဲ့ သေဒဏ်တွေကို ရပ်ဆိုင်းဖို့ စစ်ကောင်စီကို ကုလသမဂ္ဂမဟာမင်းကြီးက သူ့ရဲ့ အဖွင့်မိန့်ခွန်းမှာ အခုလို တိုက်တွန်းသွားပါတယ်။

“မကြာသေးခင်က ဖြစ်ရပ်မှာဆိုရင် တပ်မတော်ပြောရေးဆိုခွင့်ရှိသူကနေ ထင်ရှားတဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူနှစ်ဦးအပါအဝင် တက်ကြွလှုပ်ရှားသူ လေးဦးကို သေဒဏ်ပေးဖို့ရည်ရွယ်ထားတဲ့အကြောင်းပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ တရားရုံးက သေဒဏ်အမိန့်ချမှတ်တာကို အကောင်အထည်မဖေါ်ပဲ ရပ်ဆိုင်းခဲ့တာ အနှစ် ၃၀ လောက်ရှိနေပါပြီ။ ဒီလို နောက်ပြန်ဆုတ်သွားတဲ့ ခြေလှမ်းမျိုး ကို မလှမ်းဖို့ စစ်အာဏာပိုင်တွေ ကို ကျွန်မ အရေးပေါ် တောင်းဆိုပါတယ်။"

လက်ရှိကျင်းပနေတဲ့ လူ့အခွင့်အရေးကောင်စီညီလာခံမှာ မြန်မာနိုင်ငံကိုယ်စားလှယ် မရှိတဲ့အပေါ်မှာတရုတ်အနေနဲ့ စိတ်မကောင်းဖြစ်မိကြောင်း တရုတ်နိုင်ငံ ကိုယ်စားလှယ်က အစည်းအဝေးမှာ အခုလိုပြောသွားပါတယ်။

"ဒီဆွေးနွေးပွဲမှာ သက်ဆိုင်ရာနိုင်ငံဖြစ်တဲ့ မြန်မာအနေနဲ့ ပါဝင်ဆွေးနွေးနိုင်ခြင်းမရှိတဲ့အတွက် တရုတ်ကိုယ်စားလှယ်အဖွဲ့အနေနဲ့ စိတ်မကောင်းဖြစ်ရပါတယ်။ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ တရုတ်အနေနဲ့ မြန်မာနိုင်ငံက အခြေအနေတွေကို အနီးကပ်စောင့်ကြည့်နေပါတယ်။ အဖွဲ့အစည်းအားလုံးအနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့တရားဥပဒေဘောင်အတွင်း တွေ့ဆုံဆွေးနွေးမှုကတဆင့် နိုင်ငံရေးအရ အဖြေရှာဖို့ တရုတ်က တလျောက်လုံးရပ်တည်ခဲ့ပါတယ်။"

အလားတူ ရုရှားနိုင်ငံကလည်း မြန်မာကိုယ်စားလှယ်ပါဝင်သင့်ကြောင်းလည်း အစည်းအဝေးမှာ တောင်းဆိုခဲ့ပါတယ်။
ဂျီနီဗာ ကုလသမဂ္ဂမှာ မြန်မာနိုင်ငံ ကိုယ်စားလှယ်နဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကိုရော၊ အတိုက်အခံ NUG အမျိုးသားညီညွတ်ရေးအစိုးရဘက်ကိုရော ဘယ်သူ့ကိုမှ ပေးအပ်ခြင်းမရှိပဲ လစ်လပ်ထားတာဖြစ်ပါတယ်။

လူ့အခွင့်အရေးကောင်စီညီလာခံမှာ စစ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံက လူ့အခွင့်အရေးအခြေအနေတွေ အလွန်ဆိုးရွားနေတဲ့အကြောင်းရှေ့ပြေးအသံ အပါအဝင် မြန်မာလူ့အခွင့်အရေးအဖွဲ့တချို့ ကတင်ပြခဲ့ကြပါတယ်။ အင်္ဂါနေ့က မြန်မာ့အရေးဆွေးနွေးပွဲမှာ မြန်မာပြည်သူတွေရဲ့ အသံကို နိုင်ငံတကာသိအောင် တင်ပြနိုင်ခဲ့ကြောင်း ဗြိတိန်အခြေစိုက် BHRN မြန်မာလူ့အခွင့်အရေးကွန်ရက် အမှုဆောင်ညွန်ကြားရေးမှူး ဦးကျော်ဝင်းက ဗွီအိုအေကိုပြောပါတယ်။

မနေ့ကလည်းလူ့အခွင့်အရေးမဟာမင်းကြီး Michelle Bacheletကိုယ်တိုင် ဦးဆောင်ကျင်းပခဲ့တဲ့ ရိုဟင်ဂျာအရေးဆွေးနွေးပွဲမှာလည်း မြန်မာစစ်ခေါင်းဆောင်တွေကို ICC နိုင်ငံတကာရာဇဝတ်ခုံရုံးလွဲှပြောင်းစစ်ဆေးနိုင်ရေး ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ ဝိုင်းဝန်းထောက်ခံကြဖို့ တိုက်တွန်းခဲ့ကြောင်း ဗြိတိန်အခြေစိုက် မြန်မာရိုဟင်ဂျာအဖွဲ့ ဥက္ကဋ္ဌဦးထွန်းခင်က ဗွီအိုအေကို ပြောပါတယ်။

ဇွန်လ ၁၃- ဇူလိုင် ၈ ရက်နေ့ထိ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမှာ ပြုလုပ်နေတဲ့ အကြိမ် (၅၀) မြောက် လူ့အခွင့်အရေးညီလာခံမှာ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tom Andrews ကိုယ်တိုင်လည်း သူ့ရဲ့နှစ်ပတ်လည် အစီရင်ခံစာကို တင်သွင်းဖို့ရှိပါတယ်။

XS
SM
MD
LG