ေျမာက္ကိုရီးယားအေပၚ ဒဏ္ခတ္ေရး ဗီတိုလုပ္ရတဲ႔ အေၾကာင္း တ႐ုတ္ နဲ႔ ႐ုရွား ရွင္းျပ
{{Zawgyi/Unicode}}
တားျမစ္ထားတဲ့ တာေ၀းပစ္ ဒုံးလက္နက္ေတြနဲ႔ မစ္ဇုိင္းဒုံးေတြ လတ္တေလာ စမ္းသပ္ပစ္လႊတ္ေနတဲ့ ေျမာက္ကိုရီးယား ႏုိင္ငံကို ဒဏ္ခတ္ပိတ္ဆို႔မႈေတြ ထပ္ၿပီးခ်မွတ္ေရး ကုလသမဂၢ လုံၿခဳံေရးေကာင္စီရဲ ႔ျပဌာန္းခ်က္ကို ဗီတိုအာဏာသုံးပယ္ ခ်ခဲ့တဲ့အေၾကာင္းရင္း ႏုိင္ငံတကာကို ရွင္းျပဖို႔ တရုတ္နဲ႔ ရုရွားကို ကုလသမဂၢက ဗုဒၶဟူးေန႔မွာ ဆင့္ေခၚခဲ့ပါတယ္။
ကုလသမဂၢလုံၿခဳံေရးေကာင္စီရဲ ႔ ျပဌာန္းခ်က္ကို အဖြဲ႔၀င္ႏုိင္ငံအားလုံး ေထာက္ခံအတည္ျပဳရမွာျဖစ္ေပမယ့္ ဧၿပီလ ၂၅ ရက္ေန႔ လုံၿခဳံေရးေကာင္စီရဲ ႔ ျပဌာန္းခ်က္ကို တရုတ္တဲ႔ရုရွားတို႔ပယ္ခ်ခဲ့တာပါ။
အဲဒီလို ပယ္ခ်ခဲ့တဲ့အေၾကာင္းရင္း အဖြဲ႔၀င္ႏုိင္ငံေတြကိုရွွင္းျပဖို႔ဆိုၿပီး အေထြေထြညီလာခံကို ပထမဆုံးအႀကိမ္အျဖစ္ ဗုဒၶေန႔မွာ ဆင့္ေခၚခဲ့တာျဖစ္ပါတယ္။
တရုတ္နဲ႔ရုရွားႏွစ္ႏုိင္ငံစလုံးကေတာ့ အေမရိကန္ကို အျပစ္ဖို႔ၾကပါတယ္။ ၂၀၁၈ ခုနွစ္မွာ အႏုျမဴလက္နက္အစီအစဥ္ရပ္ဆုိင္းေရး စတင္ေဆာင္ရြက္ခဲ့တဲ့ ေျမာက္ကိုရီးယားရဲ႔ အျပဳသေဘာေဆာင္တဲ့လုပ္ရပ္ကို အေမရိကန္ဖက္က တန္ျပန္္ အေလးထားေဆာင္ရြက္ေပးတာမ႐ွိသလို ေျမာက္ကိုရီးယားဖက္က သဘာ၀က်တဲ့စိုးရိမ္ခ်က္ေတြနဲ႔ပတ္သက္ၿပီး ေျပာဆိုေဆြးေႏြးတာမ်ိဳးလည္း မရွိေသးဘူးလို႔ ႏွစ္နုိင္ငံစလုံးက ေထာက္ျပၾကပါတယ္။
ေျမာက္ကိုးရီးယားအေရးနဲ႔ပတ္သက္လို႔ လုံၿခဳံေရးေကာင္စီက ျပဌာန္းခ်က္ထုတ္မယ့္အစား ေၾကညာခ်က္ထုတ္တာမ်ိဳးပဲျဖစ္သင့္ပါတယ္လို႔လည္း တရုတ္နဲ႔ရုရွားကုိယ္စားလွယ္တို႔ကေျပာပါတယ္။
ေျမာက္ကိုရီးယားကိုယ္စားလွယ္ကလည္း ကိုယ္ပိုင္ခုခံပုိင္ခြင့္ရွိတဲ့ တရား၀င္အခြင့္အေရးအရ ပုံမွန္လုပ္႐ိုးလုပ္စဥ္အတုိင္း မစ္ဇုိင္းဒုံးေတြပစ္လႊတ္စမ္းသပ္ေနတာျဖစ္တယ္လို႔ ေျပာဆိုခဲ့ပါတယ္။ ဒီႏွစ္ထဲမွာ ေျမာက္ကိုရီးယားႏုိင္ငံက စမ္းသပ္ပစ္လြႊတ္ေနတဲ့ မစ္ဇုို္င္းဒုံး အလုံး ၃၀ ေက်ာ္ရွိပါတယ္။
...........................................
မြောက်ကိုရီးယားအပေါ် ဒဏ်ခတ်ရေး ဗီတိုလုပ်ရတဲ့ အကြောင်း တရုတ် နဲ့ ရုရှား ရှင်းပြ
{{Zawgyi/Unicode}}
တားမြစ်ထားတဲ့ တာဝေးပစ် ဒုံးလက်နက်တွေနဲ့ မစ်ဇိုင်းဒုံးတွေ လတ်တလော စမ်းသပ်ပစ်လွှတ်နေတဲ့ မြောက်ကိုရီးယား နိုင်ငံကို ဒဏ်ခတ်ပိတ်ဆို့မှုတွေ ထပ်ပြီးချမှတ်ရေး ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ပြဌာန်းချက်ကို ဗီတိုအာဏာသုံးပယ် ချခဲ့တဲ့အကြောင်းရင်း နိုင်ငံတကာကို ရှင်းပြဖို့ တရုတ်နဲ့ ရုရှားကို ကုလသမဂ္ဂက ဗုဒ္ဓဟူးနေ့မှာ ဆင့်ခေါ်ခဲ့ပါတယ်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ပြဌာန်းချက်ကို အဖွဲ့ဝင်နိုင်ငံအားလုံး ထောက်ခံအတည်ပြုရမှာဖြစ်ပေမယ့် ဧပြီလ ၂၅ ရက်နေ့ လုံခြုံရေးကောင်စီရဲ့ ပြဌာန်းချက်ကို တရုတ်တဲ့ရုရှားတို့ပယ်ချခဲ့တာပါ။
အဲဒီလို ပယ်ချခဲ့တဲ့အကြောင်းရင်း အဖွဲ့ဝင်နိုင်ငံတွေကိုရှင်းပြဖို့ဆိုပြီး အထွေထွေညီလာခံကို ပထမဆုံးအကြိမ်အဖြစ် ဗုဒ္ဓနေ့မှာ ဆင့်ခေါ်ခဲ့တာဖြစ်ပါတယ်။
တရုတ်နဲ့ရုရှားနှစ်နိုင်ငံစလုံးကတော့ အမေရိကန်ကို အပြစ်ဖို့ကြပါတယ်။ ၂၀၁၈ ခုနှစ်မှာ အနုမြူလက်နက်အစီအစဉ်ရပ်ဆိုင်းရေး စတင်ဆောင်ရွက်ခဲ့တဲ့ မြောက်ကိုရီးယားရဲ့ အပြုသဘောဆောင်တဲ့လုပ်ရပ်ကို အမေရိကန်ဖက်က တန်ပြန် အလေးထားဆောင်ရွက်ပေးတာမရှိသလို မြောက်ကိုရီးယားဖက်က သဘာဝကျတဲ့စိုးရိမ်ချက်တွေနဲ့ပတ်သက်ပြီး ပြောဆိုဆွေးနွေးတာမျိုးလည်း မရှိသေးဘူးလို့ နှစ်နိုင်ငံစလုံးက ထောက်ပြကြပါတယ်။
မြောက်ကိုးရီးယားအရေးနဲ့ပတ်သက်လို့ လုံခြုံရေးကောင်စီက ပြဌာန်းချက်ထုတ်မယ့်အစား ကြေညာချက်ထုတ်တာမျိုးပဲဖြစ်သင့်ပါတယ်လို့လည်း တရုတ်နဲ့ရုရှားကိုယ်စားလှယ်တို့ကပြောပါတယ်။
မြောက်ကိုရီးယားကိုယ်စားလှယ်ကလည်း ကိုယ်ပိုင်ခုခံပိုင်ခွင့်ရှိတဲ့ တရားဝင်အခွင့်အရေးအရ ပုံမှန်လုပ်ရိုးလုပ်စဉ်အတိုင်း မစ်ဇိုင်းဒုံးတွေပစ်လွှတ်စမ်းသပ်နေတာဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။ ဒီနှစ်ထဲမှာ မြောက်ကိုရီးယားနိုင်ငံက စမ်းသပ်ပစ်လွှတ်နေတဲ့ မစ်ဇိုင်းဒုံး အလုံး ၃၀ ကျော်ရှိပါတယ်။