သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လေယာဉ်တင်စစ်သင်္ဘောအုပ်စုနဲ့ ကန် - တောင်ကိုရီယား စစ်ရေးလေ့ကျင့်


South Korea and United States Military Exercises
South Korea and United States Military Exercises

အမေရိကန် လေယာဉ်တင်သင်္ဘော ပါဝင်တဲ့ အမေရိကန်-တောင်ကိုရီယား ပူးတွဲစစ်ရေးလေ့ကျင့်မှုတရပ်ကို ဂျပန်နိုင်ငံ အိုကီနာဝါကျွန်းအပြင်ဖက် နိုင်ငံတကာရေပိုင်နက်မှာ သုံးရက်ကြာ ပြုလုပ်ခဲ့ကြပါတယ်။ မြောက်ကိုရီယားဘက်က နျူကလီယားစမ်းသပ်မှုတခု လုပ်တော့မယ်လို့ သတင်းတွေထွက်လာချိန်မှာပဲ၊ လေးနှစ်ကျော်အတွင်း ပထမဆုံးအကြိမ် ကန်-တောင်ကိုရီးယား စစ်ရေးလေ့ကျင့်မှုတရပ် ပြုလုပ်ခဲ့တာလို့ တောင်ကိုရီယားစစ်ဘက်က စနေနေ့မှာ ကြေညာပါတယ်။

တန်ချိန်တသိန်းရှိတဲ့ နျူကလီယားစွမ်းအင်သုံး USS Ronald Reagan လေယာဉ်တင်သင်္ဘောကြီးအပါအဝင် ပဲ့ထိန်းဒုံးတပ် USS Antietam ခရုစ်စစ်သင်္ဘော၊ USS Benfold ဖျက်သင်္ဘော၊ လောင်စာဆီနဲ့ ရိက္ခာတင် USNS Big Horn တို့ ဒီ စစ်ရေးလေ့ကျင့်မှုမှာ ပါဝင်ခဲ့သလို၊ တောင်ကိုရီယားဘက်ကလည်း တန်ချိန် (၁၄၅၀၀) ဆန့် Marado တိုက်ခိုက်ရေးသင်္ဘော၊ တန်ချိန် (၇၆၀၀) ဆန့် Sejong ဖျက်သင်္ဘော၊ တန်ချိန် (၄၄၀၀) ဆန့် Munmu စစ်သင်္ဘောနဲ့ အခြားသင်္ဘောငယ်တွေ အတော်များများ ပါဝင်တယ်လို့ တောင်ကိုရီယားစစ်ဦးစီးချုပ်အဖွဲ့ အကြီးအကဲက ပြောပါတယ်။

တောင်ကိုရီယားမှာ သမ္မတသစ်တက်ပြီး ပထမဆုံးအကြိမ်လုပ်တဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှု ဖြစ်သလို၊ ၂၀၁၇ ခုနှစ် နိုဝင်ဘာလကတည်းကဆိုရင် လေယာဉ်တင်သင်္ဘောကြီးပါဝင်တဲ့ စစ်ရေးလေ့ကျင်မှု ပထမဆုံးအကြိမ် ပြန်လုပ်တာ ဖြစ်ပါတယ်။ မြောက်ကိုရီယားရဲ့ ရန်စမှုတွေကို ပြင်းပြင်းထန်ထန် တုန့်ပြန်မယ်ဆိုတဲ့ နှစ်နိုင်ငံပိုင်းဖြတ်ချက်ကို ဖော်ပြသလို၊ စစ်ရေးကာကွယ်မှု ပေးမယ်ဆိုတဲ့ အမေရိကန်ရဲ့ ကတိကဝတ်ကိုလည်း ဖော်ပြတာဖြစ်တယ်လို့ တောင်ကိုရီယားစစ်ဖက်အကြီးအကဲ ကြေညာချက်မှာ ဖော်ပြပါတယ်။

မြောက်ကိုရီယားနိုင်ငံဟာ ၂၀၁၇ ခုနှစ် နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ်နဲ့ တိုက်ချင်းပစ်ဒုံးလက်နက် စမ်းသပ်မှု လုပ်လာတဲ့နောက်၊ ပြီးခဲ့တဲ့မတ်လအတွင်း ပင်လယ်ဝါ (Yellow Sea) ထဲမှာ USS Abraham Lincoln လေယာဉ်တင်သင်္ဘော ဦးစီးဆောင်ပြီး စစ်ရေးလေ့ကျင်မှုတရပ် လုပ်ခဲ့ပါတယ်။ အဲဒီနောက် USS Abraham Lincoln ရေတပ်အုပ်စုဟာ ဧပြီလအတွင်း ကိုရီယားကျွန်းဆယ်က ရေပြင်မှာ ကင်းလှည့်ပါတယ်။ အခုလည်းပဲ ၂၀၁၇ ခုနှစ်ကတည်းက မလုပ်ခဲ့တဲ့ နျူကလီယား စမ်းသပ်မှုတရပ်လုပ်ဖို့ မြောက်ကိုရီယားဘက်က ပြင်ဆင်နေတယ်လို့ ထောက်လှမ်းရေးသတင်းတွေကို ကိုးကားပြီး တောင်ကိုရီယားဘက်က ပြောဆိုနေချိန်မှာ အခုလို ပူးတွဲစစ်ရေးလေ့ကျင့်မှု ဖြစ်လာတာပါ။

=== Unicode ===





XS
SM
MD
LG