သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ပဲ့ထိန္းတပ္ဒုံးက်ည္ ၈ စင္း ေျမာက္ကိုရီးယား ထပ္မံ စမ္းသပ္ပစ္လႊတ္


North Korea Koreas Tensions

တာတိုပစ္ ပဲ့ထိန္းတပ္ ဒုံးက်ည္ (၈) စင္းကို ေျမာက္ကိုရီးယားက တနဂၤေႏြေန႔ အ‌ေစာပိုင္းက ပစ္လႊတ္လိုက္တယ္လို႔ ေတာင္ကိုရီးယား စစ္တပ္က ေျပာပါတယ္။

ေဒသ စံေတာ္ခ်ိန္ မနက္ (၉) နာရီ (၈) မိနစ္နဲ႔ (၉) နာရီ (၄၃) မိနစ္အတြင္းမွာ ပစ္လႊတ္လိုက္တာ ျဖစ္တယ္လို႔ ေတာင္ကိုရီးယား စစ္တပ္က ဆိုပါတယ္။ ခုလို ဒုံးက်ည္ (၈) စင္းကို တသုတ္ထဲမွာ တခါတည္း စမ္းသပ္ပစ္လႊတ္တာဟာ ပထမဆုံးအႀကိမ္ ျဖစ္တယ္လို႔ စစ္ေရးသုံးသပ္သူေတြက ဆိုၾကပါတယ္။

ဒါဟာ ဒီႏွစ္အတြင္း (၁၈) ႀကိမ္ေျမာက္ စမ္းသပ္ပစ္လႊတ္တာျဖစ္ၿပီး၊ မၾကာမီ န်ဴးကလီယား လက္နက္ကို စမ္းသပ္ႏိုင္တယ္လို႔ အေမရိကန္နဲ႔ ေတာင္ကိုရီးယားတို႔က မွန္းဆထားၾကပါတယ္။ ဂ်ပန္ရဲ႕ ကမ္းေျခပင္လယ္ျပင္မွာ အေမရိကန္နဲ႔ ေတာင္ကိုရီးယားတို႔ က (၃) ရက္ၾကာ ေရတပ္စစ္ေရး ေလ့က်င့္ခဲ့ၿပီးတဲ့ေနာက္ ခုလို ေျမာက္ကိုရီးယားရဲ႕ စမ္းသပ္ ပစ္လႊတ္မႈက ျဖစ္လာရတာပါ။

ေျမာက္ကိုရီးယားေခါင္းေဆာင္ ကင္ဂ်ဳံအန္းက ၂၀၂၁ ခုႏွစ္မွာ ခ်မွတ္ထားခဲ့တဲ့ လက္နက္ တိုးတက္ေရး ရည္မွန္းခ်က္ေတြအရ ေျမာက္ကိုရီးယားက ဒီႏွစ္မွာ ျမန္ျမန္ဆန္ဆန္ စမ္းသပ္ေနပုံ ရပါတယ္။ တာေဝးပစ္ ခ႐ုဇ္ဒုံးက်ည္၊ ေရငုပ္သေဘၤာကေန ပစ္လႊတ္တဲ့ ပဲ့ထိန္းတပ္ ဒုံးက်ည္၊ တိုက္ခ်င္းပစ္ ပဲ့ထိန္းတပ္ ဒုံးက်ည္၊ အသံထက္ ဆယ္ဆျမန္ လို႔ ေဖာ္ျပထားတဲ့ ဒုံးက်ည္ေတြကို ေျမာက္ကိုရီးယားက ဒီႏွစ္ထဲမွာ စမ္းသပ္ခဲ့ပါတယ္။

=== Unicode ===

တာတိုပစ် ပဲ့ထိန်းတပ် ဒုံးကျည် (၈) စင်းကို မြောက်ကိုရီးယားက တနင်္ဂနွေနေ့ အ‌စောပိုင်းက ပစ်လွှတ်လိုက်တယ်လို့ တောင်ကိုရီးယား စစ်တပ်က ပြောပါတယ်။

ဒေသ စံတော်ချိန် မနက် (၉) နာရီ (၈) မိနစ်နဲ့ (၉) နာရီ (၄၃) မိနစ်အတွင်းမှာ ပစ်လွှတ်လိုက်တာ ဖြစ်တယ်လို့ တောင်ကိုရီးယား စစ်တပ်က ဆိုပါတယ်။ ခုလို ဒုံးကျည် (၈) စင်းကို တသုတ်ထဲမှာ တခါတည်း စမ်းသပ်ပစ်လွှတ်တာဟာ ပထမဆုံးအကြိမ် ဖြစ်တယ်လို့ စစ်ရေးသုံးသပ်သူတွေက ဆိုကြပါတယ်။

ဒါဟာ ဒီနှစ်အတွင်း (၁၈) ကြိမ်မြောက် စမ်းသပ်ပစ်လွှတ်တာဖြစ်ပြီး၊ မကြာမီ နျူးကလီယား လက်နက်ကို စမ်းသပ်နိုင်တယ်လို့ အမေရိကန်နဲ့ တောင်ကိုရီးယားတို့က မှန်းဆထားကြပါတယ်။ ဂျပန်ရဲ့ ကမ်းခြေပင်လယ်ပြင်မှာ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ က (၃) ရက်ကြာ ရေတပ်စစ်ရေး လေ့ကျင့်ခဲ့ပြီးတဲ့နောက် ခုလို မြောက်ကိုရီးယားရဲ့ စမ်းသပ် ပစ်လွှတ်မှုက ဖြစ်လာရတာပါ။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းက ၂၀၂၁ ခုနှစ်မှာ ချမှတ်ထားခဲ့တဲ့ လက်နက် တိုးတက်ရေး ရည်မှန်းချက်တွေအရ မြောက်ကိုရီးယားက ဒီနှစ်မှာ မြန်မြန်ဆန်ဆန် စမ်းသပ်နေပုံ ရပါတယ်။ တာဝေးပစ် ခရုဇ်ဒုံးကျည်၊ ရေငုပ်သင်္ဘောကနေ ပစ်လွှတ်တဲ့ ပဲ့ထိန်းတပ် ဒုံးကျည်၊ တိုက်ချင်းပစ် ပဲ့ထိန်းတပ် ဒုံးကျည်၊ အသံထက် ဆယ်ဆမြန် လို့ ဖော်ပြထားတဲ့ ဒုံးကျည်တွေကို မြောက်ကိုရီးယားက ဒီနှစ်ထဲမှာ စမ်းသပ်ခဲ့ပါတယ်။

XS
SM
MD
LG