(zawgyi/unicode)
ေဒသတြင္း ေျမာက္ကိုရီးယားရဲ႕ စစ္ေရးၿခိမ္းေျခာက္မႈေတြရွိေနတဲ့အခ်ိန္မွာပဲ အေမရိကန္နဲ႔ေတာင္ကိုရီယားႏိုင္ငံ ေခါင္းေဆာင္ႏွစ္ဦးဟာ ႏွစ္ႏိုင္ငံအၾကား စစ္ေရးအရျမႇင့္တင္ေဆာင္႐ြက္ဖို႔ အျပန္အလွန္ဂတိျပဳခဲ့ၾကပါတယ္။ ေျမာက္ကိုရီယားရဲ႕ ၿခိမ္းေျခာက္မႈေတြအပါအဝင္ ေဒသတြင္းလုံၿခဳံေရးစိန္ေခၚခ်က္ေတြကို နီးနီးကပ္ကပ္ပူးတြဲရင္ဆိုင္ေျဖရွင္းသြားဖို႔ သမၼတ Yoon နဲ႔ သေဘာတူခဲ့ၾကတယ္လို႔ သမၼတႏွစ္ဦးအစည္းအေဝးအၿပီး အေမရိကန္သမၼတ Joe Biden က ေျပာဆိုခဲ့ပါတယ္။ ကိုရီယားကြၽန္းဆြယ္ကို ႏူကလီယားကင္းမဲ့ဇုံအျဖစ္ အၿပီးအျပတ္ေဆာင္႐ြက္ႏိုင္ေရးနဲ႔ စြမ္းရည္အျပည့္ကာကြယ္မႈကိစၥရပ္ေတြအတြက္ ႏွစ္ဖက္ပူးေပါင္းေဆာင္႐ြက္မႈေတြ တိုးျမႇင့္မယ္လို႔ ဆိုးၿမိဳ႕ေတာ္မွာလုပ္တဲ့ ပူးတြဲသတင္းစာရွင္းလင္းပြဲမွာ အေမရိကန္သမၼတ Joe Biden က ေျပာဆိုပါတယ္။ ေတာင္ကိုရီယားႏိုင္ငံ ကာကြယ္ေရးကိစၥေရးေတြအတြက္ အေမရိကန္ဖက္က အခိုင္အမာသံဓိဌာန္ခ်ထားတယ္ဆိုတာ သမၼတ Joe Biden က ထပ္ေလာင္းအတည္ျပဳေျပာဆိုခဲ့တယ္လို႔ ေတာင္ကိုရီယားသမတ Yoon က စကားျပန္ကတဆင့္ ေျပာဆိုပါတယ္။ စြမ္းရည္အျပည့္ ကာကြယ္မႈဆိုတဲ့ အသုံးအႏႈန္းမ်ိဳးကို အေမရိကန္က သုံးတဲ့အခါမွာ ႏူကလီယားလက္နက္ ဒုံးက်ည္ သမာ႐ိုးက်လက္နက္အားလုံးပါဝင္တဲ့ စစ္ေရးစြမ္းရည္အျပည့္နဲ႔ မဟာမိတ္ေတြကို ကာကြယ္ဖို႔ ဆိုလိုပါတယ္။ ႏွစ္ဖက္ပူးတြဲထုတ္ျပန္ခ်က္ထဲမွာလည္း ႏွစ္ႏိုင္ငံစစ္ေရးပူးတြဲေလ့က်င္မႈေတြနဲ႔ သင္တန္းေတြကို ကိုရီယားကြြၽန္းဆြယ္တဝိုက္ တိုးျမႇင့္လုပ္ေဆာင္ဖို႔ ဆိုတာပါဝင္ပါတယ္။
အေမရိကန္သမၼတ Joe Biden ဟာ ၆ ရက္ၾကာ အာရွခရီးစဥ္အျဖစ္ ပထမဦးဆုံးရက္မွာ ေတာင္ကိုရီယားႏိုင္ငံ ဆိုးလ္းၿမိဳ႕ေတာ္ကိုေရာက္ရွိၿပီး၊ မၾကာခင္ကပဲ သမၼတအျဖစ္က်မ္းသစၥာဆိုခဲ့သူ ေတာင္ကိုရီယားသမၼတ Yoon Suk-yeol နဲ႔ေတြ႕ဆုံတာပါ။ ဒီခရီးစဥ္အတြင္း အေမရိကန္-ေတာင္ကိုရီယား မဟာမိတ္ဆက္ဆံမႈကို အေလးေပးေဆြးေႏြးသြားဖို႔ရွိသလို၊ အာရွေဒသတြင္း စီးပြားေရးအရ ဆက္ဆံမႈေတြ တိုးျမႇင့္ဖို႔လည္း ပါဝင္ပါမယ္။ သမၼတ ဘိုင္ဒန္ဟာ ဆိုးလ္ၿမိဳ႕ေတာ္နဲံ ၅၅ ကီလိုမီတာေဝးတဲ့ အေမရိကန္ေလတပ္အေျခစိုက္စခန္းကို ေသာၾကာေန႔က ဆိုက္ေရာက္ေရာက္ၿပီးခ်င္းပဲ၊ အဲဒီအနီးမွာရွိတဲ့ ကမာၻေပၚမွာ လွ်ပ္ကူးပစၥည္းေတြအေရအတြက္အမ်ားဆုံးထုတ္လုပ္ေပးရာ Samsung စက္႐ုံဝင္းကို သြားေရာက္ပါတယ္။ သမၼတ Joe Biden ဟာ အခု ေတာင္ကိုရီယားခရီးစဥ္ၿပီးရင္ေတာ့ ဂ်ပန္ႏိုင္ငံကို သြားေရာက္မွာပါ။
(unicode)
ဒေသတွင်း မြောက်ကိုရီးယားရဲ့ စစ်ရေးခြိမ်းခြောက်မှုတွေရှိနေတဲ့အချိန်မှာပဲ အမေရိကန်နဲ့တောင်ကိုရီယားနိုင်ငံ ခေါင်းဆောင်နှစ်ဦးဟာ နှစ်နိုင်ငံအကြား စစ်ရေးအရမြှင့်တင်ဆောင်ရွက်ဖို့ အပြန်အလှန်ဂတိပြုခဲ့ကြပါတယ်။ မြောက်ကိုရီယားရဲ့ ခြိမ်းခြောက်မှုတွေအပါအဝင် ဒေသတွင်းလုံခြုံရေးစိန်ခေါ်ချက်တွေကို နီးနီးကပ်ကပ်ပူးတွဲရင်ဆိုင်ဖြေရှင်းသွားဖို့ သမ္မတ Yoon နဲ့ သဘောတူခဲ့ကြတယ်လို့ သမ္မတနှစ်ဦးအစည်းအဝေးအပြီး အမေရိကန်သမ္မတ Joe Biden က ပြောဆိုခဲ့ပါတယ်။ ကိုရီယားကျွန်းဆွယ်ကို နူကလီယားကင်းမဲ့ဇုံအဖြစ် အပြီးအပြတ်ဆောင်ရွက်နိုင်ရေးနဲ့ စွမ်းရည်အပြည့်ကာကွယ်မှုကိစ္စရပ်တွေအတွက် နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်မယ်လို့ ဆိုးမြို့တော်မှာလုပ်တဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ အမေရိကန်သမ္မတ Joe Biden က ပြောဆိုပါတယ်။ တောင်ကိုရီယားနိုင်ငံ ကာကွယ်ရေးကိစ္စရေးတွေအတွက် အမေရိကန်ဖက်က အခိုင်အမာသံဓိဌာန်ချထားတယ်ဆိုတာ သမ္မတ Joe Biden က ထပ်လောင်းအတည်ပြုပြောဆိုခဲ့တယ်လို့ တောင်ကိုရီယားသမတ Yoon က စကားပြန်ကတဆင့် ပြောဆိုပါတယ်။ စွမ်းရည်အပြည့် ကာကွယ်မှုဆိုတဲ့ အသုံးအနှုန်းမျိုးကို အမေရိကန်က သုံးတဲ့အခါမှာ နူကလီယားလက်နက် ဒုံးကျည် သမာရိုးကျလက်နက်အားလုံးပါဝင်တဲ့ စစ်ရေးစွမ်းရည်အပြည့်နဲ့ မဟာမိတ်တွေကို ကာကွယ်ဖို့ ဆိုလိုပါတယ်။ နှစ်ဖက်ပူးတွဲထုတ်ပြန်ချက်ထဲမှာလည်း နှစ်နိုင်ငံစစ်ရေးပူးတွဲလေ့ကျင်မှုတွေနဲ့ သင်တန်းတွေကို ကိုရီယားကွျွန်းဆွယ်တဝိုက် တိုးမြှင့်လုပ်ဆောင်ဖို့ ဆိုတာပါဝင်ပါတယ်။
အမေရိကန်သမ္မတ Joe Biden ဟာ ၆ ရက်ကြာ အာရှခရီးစဉ်အဖြစ် ပထမဦးဆုံးရက်မှာ တောင်ကိုရီယားနိုင်ငံ ဆိုးလ်းမြို့တော်ကိုရောက်ရှိပြီး၊ မကြာခင်ကပဲ သမ္မတအဖြစ်ကျမ်းသစ္စာဆိုခဲ့သူ တောင်ကိုရီယားသမ္မတ Yoon Suk-yeol နဲ့တွေ့ဆုံတာပါ။ ဒီခရီးစဉ်အတွင်း အမေရိကန်-တောင်ကိုရီယား မဟာမိတ်ဆက်ဆံမှုကို အလေးပေးဆွေးနွေးသွားဖို့ရှိသလို၊ အာရှဒေသတွင်း စီးပွားရေးအရ ဆက်ဆံမှုတွေ တိုးမြှင့်ဖို့လည်း ပါဝင်ပါမယ်။ သမ္မတ ဘိုင်ဒန်ဟာ ဆိုးလ်မြို့တော်နဲံ ၅၅ ကီလိုမီတာဝေးတဲ့ အမေရိကန်လေတပ်အခြေစိုက်စခန်းကို သောကြာနေ့က ဆိုက်ရောက်ရောက်ပြီးချင်းပဲ၊ အဲဒီအနီးမှာရှိတဲ့ ကမ္ဘာပေါ်မှာ လျှပ်ကူးပစ္စည်းတွေအရေအတွက်အများဆုံးထုတ်လုပ်ပေးရာ Samsung စက်ရုံဝင်းကို သွားရောက်ပါတယ်။ သမ္မတ Joe Biden ဟာ အခု တောင်ကိုရီယားခရီးစဉ်ပြီးရင်တော့ ဂျပန်နိုင်ငံကို သွားရောက်မှာပါ။