သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

တႏွစ္အတြင္း ၁၅ ႀကိမ္ေျမာက္ ေျမာက္ကိုရီးယား ဒုံးက်ည္စမ္းသပ္ပစ္ခတ္


ေျမာက္ကုိရီးယား ဒုံးက်ည္ပစ္လႊတ္မႈ သတင္းထုတ္လႊင့္ခ်က္ကို ဆုိးလ္ၿမိဳ႕ဘူတာ႐ုံမွာ ၾကည့္႐ႈေနသူမ်ား။ (ေမ ၇၊ ၂၀၂၂)

(Zawgyi / Unicode)

ေရငုတ္သေဘၤာကေန ပစ္ခတ္တယ္လို႔ ယူဆရတဲ့ အေဝးထိန္းဒံုးက်ည္ စမ္းသပ္ပစ္ခတ္မႈတခု ေျမာက္ကိုရီးယားဘက္က လုပ္ခဲ့တယ္လို႔ ေတာင္ကိုရီးယားစစ္ဘက္က အခု စေနေန႔ ထုတ္ျပန္ပါတယ္။ ေျမာက္ကိုရီးယားအေနနဲ႔ ဒံုးက်ည္စမ္းသပ္မႈလုပ္တာ ဒီတႀကိမ္နဲ႔ဆိုရင္ ဒီႏွစ္အတြင္း ၁၅ ႀကိမ္ေျမာက္ျဖစ္ပါတယ္။

တာတိုဒံုးက်ည္ကို Sinpo ေဒသကေန ေျမာက္ကိုရီးယား အေရွ႕ဘက္ကမ္း႐ိုးတန္း ပင္လယ္ျပင္ထဲကို ပစ္ခတ္ခဲ့တယ္လို႔ ေတာင္ကိုရီးယားစစ္တပ္ စစ္ဦးစီးခ်ဳပ္မ်ားအဖြဲ႔ အႀကီးအကဲက သတင္းေထာက္ေတြကို ေျပာပါတယ္။

ဂ်ပန္ကမ္း႐ိုးတန္းေစာင့္တပ္ကလည္း ဒါကို အတည္ျပဳထားၿပီး ဂ်ပန္ က်ိဳတိုသတင္းမွာေတာ့ ဒံုးက်ည္ဟာ ကီလိုမီတာ ၆၀၀ ေလာက္အထိ သြားၿပီး ဂ်ပန္စီးပြားေရးဇုန္ အျပင္ဘက္ကို က်ေရာက္ခဲ့တယ္လို႔ ေရးပါတယ္။

ေျမာက္ကိုရီးယားႏိ္ုင္ငံဟာ အရင္တုန္းကလည္း Sinpo ေဒသ သေဘၤာက်င္းကေန အေဝးထိန္း စမ္းသပ္ဒံုးက်ည္ေတြကို ေရငုတ္သေဘၤာကေန ပစ္ခတ္စမ္းသပ္တာေတြ လုပ္ခဲ့ဖူးပါတယ္။

ေျမာက္ကိုရီးယားႏိုင္ငံဟာ ဒီႏွစ္အတြင္း ဒံုးက်ည္ပစ္ခတ္စမ္းသပ္မႈေတြ တိုးလုပ္လာၿပီး လက္နက္စြမ္းအင္ သိသိသာသာ ေကာင္းမြန္တိုးတက္လာေနပါတယ္။

ေျမာက္ကိုရီးယားအေနနဲ႔ အခု ဒီလအေစာပိုင္းမွာပဲ ႏ်ဴကလီးယားစမ္းသပ္မႈတခု လုပ္ႏိုင္ေခ်ရွိတယ္လို႔ အေမရိကန္ ႏိုင္ငံျခားေရးဌာနက မေန႔ ေသာၾကာေန႔က ေျပာပါတယ္။

ျေမာက္ကိုရီးယား အေရွ႕ေျမာက္ပိုင္းက ႏ်ဴကလီးယားစမ္းသပ္မႈ ေနရာတခုမွာ ျပင္ဆင္မႈေတြ လုပ္ေနတယ္ဆိုတာကို ေထာက္ျပေျပာဆိုတာပါ။

ေျမာက္ကိုရီးယားအေနနဲ႔ ႏ်ဴကလီးယားစမ္းသပ္မႈေတြ ရပ္ဆိုင္းထားခဲ့တာ ငါးႏွစ္နီးပါးရွိပါၿပီ။ ေျမာက္ကိုရီယားဘက္က ႏ်ဴကလီးယားစမ္းသပ္မႈ လုပ္လာမွာကို တ႐ုတ္အပါအဝင္ အိမ္နီးခ်င္းႏိုင္ငံေတြကေတာ့ စိုးရိမ္ၾကပါတယ္။

ဒါေပမဲ့လည္း တ႐ုတ္ေရာ ႐ုရွားကပါ အခုလို ေျမာက္ကိုရီးယား ဒံုးက်ည္စမ္းသပ္မႈေတြ တိုးလုပ္လာတာကို ခပ္ဆိတ္ဆိတ္ေနၾကၿပီး အေမရိကန္အေနနဲ႔ ေျမာက္ကိုရီးယားနဲ႔ ေဆြးေႏြးပြဲေတြ ျပန္စႏိုင္ဖို႔ကိုပဲ ဖိအားေပးေနပါတယ္။ အေမရိကန္ျပည္ေထာင္စုအေနနဲ႔ ၂၀၁၉ ခုႏွစ္ကတည္းက ေျမာက္ကိုရီးယားနဲ႔ ေဆြးေႏြးပြဲေတြ ရပ္ဆိုင္းခဲ့တာပါ။

--------------------------

(Unicode)

တနှစ်အတွင်း ၁၅ ကြိမ်ကြိမ်မြောက် မြောက်ကိုရီးယား ဒုံးကျည်စမ်းသပ်ပစ်ခတ်

ရေငုတ်သင်္ဘောကနေ ပစ်ခတ်တယ်လို့ ယူဆရတဲ့ အဝေးထိန်းဒုံးကျည် စမ်းသပ်ပစ်ခတ်မှုတခု မြောက်ကိုရီးယားဘက်က လုပ်ခဲ့တယ်လို့ တောင်ကိုရီးယားစစ်ဘက်က အခု စနေနေ့ ထုတ်ပြန်ပါတယ်။ မြောက်ကိုရီးယားအနေနဲ့ ဒုံးကျည်စမ်းသပ်မှုလုပ်တာ ဒီတကြိမ်နဲ့ဆိုရင် ဒီနှစ်အတွင်း ၁၅ ကြိမ်မြောက်ဖြစ်ပါတယ်။

တာတိုဒုံးကျည်ကို Sinpo ဒေသကနေ မြောက်ကိုရီးယား အရှေ့ဘက်ကမ်းရိုးတန်း ပင်လယ်ပြင်ထဲကို ပစ်ခတ်ခဲ့တယ်လို့ တောင်ကိုရီးယားစစ်တပ် စစ်ဦးစီးချုပ်များအဖွဲ့ အကြီးအကဲက သတင်းထောက်တွေကို ပြောပါတယ်။

ဂျပန်ကမ်းရိုးတန်းစောင့်တပ်ကလည်း ဒါကို အတည်ပြုထားပြီး ဂျပန် ကျိုတိုသတင်းမှာတော့ ဒုံးကျည်ဟာ ကီလိုမီတာ ၆၀၀ လောက်အထိ သွားပြီး ဂျပန်စီးပွားရေးဇုန် အပြင်ဘက်ကို ကျရောက်ခဲ့တယ်လို့ ရေးပါတယ်။

မြောက်ကိုရီးယားနိုင်ငံဟာ အရင်တုန်းကလည်း Sinpo ဒေသ သင်္ဘောကျင်းကနေ အဝေးထိန်း စမ်းသပ်ဒုံးကျည်တွေကို ရေငုတ်သင်္ဘောကနေ ပစ်ခတ်စမ်းသပ်တာတွေ လုပ်ခဲ့ဖူးပါတယ်။

မြောက်ကိုရီးယားနိုင်ငံဟာ ဒီနှစ်အတွင်း ဒုံးကျည်ပစ်ခတ်စမ်းသပ်မှုတွေ တိုးလုပ်လာပြီး လက်နက်စွမ်းအင် သိသိသာသာ ကောင်းမွန်တိုးတက်လာနေပါတယ်။

မြောက်ကိုရီးယားအနေနဲ့ အခု ဒီလအစောပိုင်းမှာပဲ နျူကလီးယားစမ်းသပ်မှုတခု လုပ်နိုင်ချေရှိတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနက မနေ့ သောကြာနေ့က ပြောပါတယ်။

ြမောက်ကိုရီးယား အရှေ့မြောက်ပိုင်းက နျူကလီးယားစမ်းသပ်မှု နေရာတခုမှာ ပြင်ဆင်မှုတွေ လုပ်နေတယ်ဆိုတာကို ထောက်ပြပြောဆိုတာပါ။

မြောက်ကိုရီးယားအနေနဲ့ နျူကလီးယားစမ်းသပ်မှုတွေ ရပ်ဆိုင်းထားခဲ့တာ ငါးနှစ်နီးပါးရှိပါပြီ။ မြောက်ကိုရီယားဘက်က နျူကလီးယားစမ်းသပ်မှု လုပ်လာမှာကို တရုတ်အပါအဝင် အိမ်နီးချင်းနိုင်ငံတွေကတော့ စိုးရိမ်ကြပါတယ်။

ဒါပေမဲ့လည်း တရုတ်ရော ရုရှားကပါ အခုလို မြောက်ကိုရီးယား ဒုံးကျည်စမ်းသပ်မှုတွေ တိုးလုပ်လာတာကို ခပ်ဆိတ်ဆိတ်နေကြပြီး အမေရိကန်အနေနဲ့ မြောက်ကိုရီးယားနဲ့ ဆွေးနွေးပွဲတွေ ပြန်စနိုင်ဖို့ကိုပဲ ဖိအားပေးနေပါတယ်။ အမေရိကန်ပြည်ထောင်စုအနေနဲ့ ၂၀၁၉ ခုနှစ်ကတည်းက မြောက်ကိုရီးယားနဲ့ ဆွေးနွေးပွဲတွေ ရပ်ဆိုင်းခဲ့တာပါ။

XS
SM
MD
LG