(Zawgyi / Unicode)
ေတာင္ကိုရီးယားႏိုင္ငံ သမၼတေရြးေကာက္ပြဲမတိုင္ခင္ ေလးရက္ ဒီကေန႔ စေနေန႔မွာ ေျမာက္ကိုရီးယားက အေရွ႕ဘက္ကမ္း႐ိုးတန္း ပင္လယ္ထဲ ဒုံးက်ည္တစင္း ပစ္လႊတ္လိုက္တယ္လို႔ ေတာင္ကိုရီးယားစစ္တပ္က ေျပာပါတယ္။
ၿပဳံယမ္းၿမိဳ႕ရဲ႕ Sunan ေဒသဘက္ကေန ပစ္လႊတ္လိုက္တာလို႔ ေတာင္ကိုရီးယားစစ္တပ္က ယူဆပါတယ္။
ၿဂိဳဟ္တုလႊတ္တင္ဖို႔လို႔ ဆိုၿပီး ၿပီးခဲ့တဲ့တပတ္က ဒုံးက်ည္ပစ္လႊတ္တဲ့ ေနရာကေနပဲ အခုတႀကိမ္ ထပ္ၿပီး စမ္းသပ္ပစ္လႊတ္တာ ျဖစ္ပါတယ္။
ဂ်ပန္ကာကြယ္ေရးဝန္ႀကီးဌာနဘက္ကေတာ့ ေျမာက္ကိုရီးယားတို႔ ပစ္လႊတ္လိုက္တဲ့ ဒီဒုံးက်ည္ဟာ ကီလိုမီတာ ၃၀၀ အထိ ေရာက္ရွိခဲ့ၿပီး အျမင့္ကီလိုမီတာ ၅၅၀ အထိ ရွိတယ္လို႔ ေျပာပါတယ္။ ဒီပစ္လႊတ္လိုက္တဲ့ဒုံးက်ည္ဟာ ဂ်ပန္တို႔ရဲ႕ စီးပြားေရးဇုန္အျပင္ဘက္ ပင္လယ္ထဲ က်ေရာက္ခဲ့တယ္လို႔ ဂ်ပန္ကမ္းေျခေစာင့္တပ္က ဆိုပါတယ္။
အခုႏွစ္အတြင္း ေျမာက္ကိုရီးယားတို႔ဟာ ဒုံးက်ည္ပစ္လႊတ္မႈ ၉ ႀကိမ္အတြင္း တာတိုပစ္ဒုံးက်ည္ အမ်ားစုပါဝင္တဲ့ ဒုံးက်ည္ ၁၃ စင္း ပစ္လႊတ္ခဲ့တာ ျဖစ္ပါတယ္။
ေျမာက္ကိုရီးယားတို႔ဘက္က satellite ၿဂိဳဟ္တုလႊင့္တင္မယ္လို႔ အႀကိမ္ႀကိမ္ ေျပာဆိုေနခဲ့တဲ့အတြက္ ကိုရီးယားကၽြန္းဆြယ္ေဒသမွာ စစ္ေရးတင္းမာမႈေတြ ျမင့္တက္လာေနတာပါ။
ေျမာက္ကိုရီးယားတို႔ဘက္ကေတာ့ ဒီပစ္လႊတ္မႈေတြဟာ အရပ္ဘက္သုံးဖို႔ ျဖစ္တယ္လို႔ ကာကြယ္ေျပာဆိုေနေပမယ့္ အေမရိကန္ျပည္ေထာင္စု အပါအဝင္ ဂ်ပန္နဲ႔ ေတာင္ကိုရီးယားဘက္ကေတာ့ ဒါဟာ တာေဝးပစ္ဒုံးက်ည္ စမ္းသပ္မႈေတြလို႔ ႐ႈျမင္ပါတယ္။
ကုလသမဂၢ လုံၿခဳံေရးေကာင္စီရဲ႕ ဆုံးျဖတ္ခ်က္ေတြအရ ေျမာက္ကိုရီးယားတို႔ ဘယ္လိုစမ္းသပ္ပစ္လႊတ္မႈမွ ခြင့္မျပဳဘဲ ပဲ့ထိန္းတပ္ဒုံးက်ည္ ပစ္လႊတ္ခြင့္ တားျမစ္ခံထားရတာပါ။
------------------------
(Unicode)
မြောက်ကိုရီးယား ပဲ့ထိန်းဒုံး ထပ်မံစမ်းသပ်ပစ်ခတ်
တောင်ကိုရီးယားနိုင်ငံ သမ္မတရွေးကောက်ပွဲမတိုင်ခင် လေးရက် ဒီကနေ့ စနေနေ့မှာ မြောက်ကိုရီးယားက အရှေ့ဘက်ကမ်းရိုးတန်း ပင်လယ်ထဲ ဒုံးကျည်တစင်း ပစ်လွှတ်လိုက်တယ်လို့ တောင်ကိုရီးယားစစ်တပ်က ပြောပါတယ်။
ပြုံယမ်းမြို့ရဲ့ Sunan ဒေသဘက်ကနေ ပစ်လွှတ်လိုက်တာလို့ တောင်ကိုရီးယားစစ်တပ်က ယူဆပါတယ်။
ဂြိုဟ်တုလွှတ်တင်ဖို့လို့ ဆိုပြီး ပြီးခဲ့တဲ့တပတ်က ဒုံးကျည်ပစ်လွှတ်တဲ့ နေရာကနေပဲ အခုတကြိမ် ထပ်ပြီး စမ်းသပ်ပစ်လွှတ်တာ ဖြစ်ပါတယ်။
ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနဘက်ကတော့ မြောက်ကိုရီးယားတို့ ပစ်လွှတ်လိုက်တဲ့ ဒီဒုံးကျည်ဟာ ကီလိုမီတာ ၃၀၀ အထိ ရောက်ရှိခဲ့ပြီး အမြင့်ကီလိုမီတာ ၅၅၀ အထိ ရှိတယ်လို့ ပြောပါတယ်။ ဒီပစ်လွှတ်လိုက်တဲ့ဒုံးကျည်ဟာ ဂျပန်တို့ရဲ့ စီးပွားရေးဇုန်အပြင်ဘက် ပင်လယ်ထဲ ကျရောက်ခဲ့တယ်လို့ ဂျပန်ကမ်းခြေစောင့်တပ်က ဆိုပါတယ်။
အခုနှစ်အတွင်း မြောက်ကိုရီးယားတို့ဟာ ဒုံးကျည်ပစ်လွှတ်မှု ၉ ကြိမ်အတွင်း တာတိုပစ်ဒုံးကျည် အများစုပါဝင်တဲ့ ဒုံးကျည် ၁၃ စင်း ပစ်လွှတ်ခဲ့တာ ဖြစ်ပါတယ်။
မြောက်ကိုရီးယားတို့ဘက်က satellite ဂြိုဟ်တုလွှင့်တင်မယ်လို့ အကြိမ်ကြိမ် ပြောဆိုနေခဲ့တဲ့အတွက် ကိုရီးယားကျွန်းဆွယ်ဒေသမှာ စစ်ရေးတင်းမာမှုတွေ မြင့်တက်လာနေတာပါ။
မြောက်ကိုရီးယားတို့ဘက်ကတော့ ဒီပစ်လွှတ်မှုတွေဟာ အရပ်ဘက်သုံးဖို့ ဖြစ်တယ်လို့ ကာကွယ်ပြောဆိုနေပေမယ့် အမေရိကန်ပြည်ထောင်စု အပါအဝင် ဂျပန်နဲ့ တောင်ကိုရီးယားဘက်ကတော့ ဒါဟာ တာဝေးပစ်ဒုံးကျည် စမ်းသပ်မှုတွေလို့ ရှုမြင်ပါတယ်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေအရ မြောက်ကိုရီးယားတို့ ဘယ်လိုစမ်းသပ်ပစ်လွှတ်မှုမှ ခွင့်မပြုဘဲ ပဲ့ထိန်းတပ်ဒုံးကျည် ပစ်လွှတ်ခွင့် တားမြစ်ခံထားရတာပါ။