သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အသံထက္ ၅ ဆေက်ာ္ျမန္တဲ့ ဒုံးက်ည္စမ္းသပ္ခဲ့ဟု ေျမာက္ကိုရီးယားေၾကညာ


NORTHKOREA-MISSILES/

[[Zawgyi/Unicode]]

ေနာက္ဆုံးပစ္လႊတ္ရာမွာ အသံထက္ ၅ ဆျမန္တဲ့ ဟိုက္ပါဆိုးနစ္ ဒုံးက်ည္ ေနာက္တစင္း ပါဝင္ခဲ့တယ္လို႔ ေျမာက္ကိုရီးယားက ဗုဒၶဟူးေန႔မွာ ေျပာၾကားလိုက္ပါတယ္။ ဒီလို ပစ္လႊတ္ရာမွာ ေျမာက္ကိုရီးယားေခါင္းေဆာင္ ကင္ဂ်ဳံအန္း တက္ေရာက္ခဲ့ၿပီး ေအာင္ေအာင္ျမင္ျမင္ ပစ္လႊတ္ႏိုင္ခဲ့တယ္လို႔ ဆိုပါတယ္။

အဂၤါေန႔က ဒုံးက်ည္ပစ္လႊတ္တာကို မွန္ေျပာင္းနဲ႔ ကင္ဂ်ဳံအန္းၾကည့္ေနတဲ့ပုံ ကို ႏိုင္ငံေတာ္ပိုင္ မီဒီယာေတြမွာ ေဖာ္ျပပါတယ္။ ပုံထဲမွာ ကင္ဂ်ဳံအန္းက သားေရဂ်ာကင္ကို ဝတ္ထားၿပီး သူ႔အတြက္ စင္ျမင့္ျဖစ္ပုံရတဲ့ေနရာက ၾကည့္ေနခဲ့တာပါ။

ဒုံးက်ည္က အတိုင္းထက္အလြန္ ေ႐ြ႕လ်ားႏိုင္တာကိုျပသခဲ့ၿပီး ကီလိုမီတာ ၁,၀၀၀ အကြာအေဝးကို မွန္ေအာင္ပစ္ႏိုင္ခဲ့တယ္လို႔ ကိုရီးယားသတင္းဌာန KCNA က ေျပာပါတယ္။

ေျမာက္ကိုရီးယား စမ္းသပ္ခဲ့တာက အသံထက္ျမန္တဲ့ဒုံးက်ည္အမ်ိဳးအစား အဂၤလိပ္လို hypersonic glide vehicle (HGV) မဟုတ္ဘဲ နည္းပညာအားျဖင့္ နိမ့္ တဲ့ အဂၤလိပ္လို အတိုအားျဖင့္ MaRV ေခၚ maneuverable reentry vehicle ေလထုထဲ ျပန္ဝင္တဲ့အခါ လားရာ မခန႔္မွန္းႏိုင္ေအာင္ ေျခေယာင္ျပ ေ႐ြ႕လ်ား ျပန္ဝင္တဲ့ ဒုံးက်ည္အမ်ိဳးအစားျဖစ္တယ္လို႔ ကြၽမ္းက်င္သူေတြက ေျပာၾကပါတယ္။

ဘာနည္းပညာကိုပဲ သုံးထားသည္ျဖစ္ေစ၊ ခုလို စမ္းသပ္ပစ္လႊတ္တာကို အိမ္ျဖဴေတာ္ ေျပာေရးဆိုခြင့္ရွိသူ Jen Psakiက ရႈတ္ခ်လိုက္ပါတယ္။ ၂၀၁၉ က စြန႔္ခြါသြားခဲ့တဲ့ႏ်ဴကလီယာေဆြးေႏြးပြဲကို ျပန္လာဖို႔လည္း ေျမာက္ကိုရီးယားကို Jen Psaki က တိုက္တြန္းေျပာဆိုလိုက္ပါတယ္။ “ရန္လိုတဲ့ မူဝါဒ” ကို အေမရိကန္က မစြန႔္လႊတ္ရင္ ေဆြးေႏြးဝိုင္းကို ျပန္မလာဘူးလို႔ ေျမာက္ကိုရီးယားက ေျပာထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

===========

[[Unicode]]

အသံထက် ၅ ဆကျော်မြန်တဲ့ ဒုံးကျည်စမ်းသပ်ခဲ့ဟု မြောက်ကိုရီးယားကြေညာ

နောက်ဆုံးပစ်လွှတ်ရာမှာ အသံထက် ၅ ဆမြန်တဲ့ ဟိုက်ပါဆိုးနစ် ဒုံးကျည် နောက်တစင်း ပါဝင်ခဲ့တယ်လို့ မြောက်ကိုရီးယားက ဗုဒ္ဓဟူးနေ့မှာ ပြောကြားလိုက်ပါတယ်။ ဒီလို ပစ်လွှတ်ရာမှာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်း တက်ရောက်ခဲ့ပြီး အောင်အောင်မြင်မြင် ပစ်လွှတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အင်္ဂါနေ့က ဒုံးကျည်ပစ်လွှတ်တာကို မှန်ပြောင်းနဲ့ ကင်ဂျုံအန်းကြည့်နေတဲ့ပုံ ကို နိုင်ငံတော်ပိုင် မီဒီယာတွေမှာ ဖော်ပြပါတယ်။ ပုံထဲမှာ ကင်ဂျုံအန်းက သားရေဂျာကင်ကို ဝတ်ထားပြီး သူ့အတွက် စင်မြင့်ဖြစ်ပုံရတဲ့နေရာက ကြည့်နေခဲ့တာပါ။

ဒုံးကျည်က အတိုင်းထက်အလွန် ရွေ့လျားနိုင်တာကိုပြသခဲ့ပြီး ကီလိုမီတာ ၁,၀၀၀ အကွာအဝေးကို မှန်အောင်ပစ်နိုင်ခဲ့တယ်လို့ ကိုရီးယားသတင်းဌာန KCNA က ပြောပါတယ်။

မြောက်ကိုရီးယား စမ်းသပ်ခဲ့တာက အသံထက်မြန်တဲ့ဒုံးကျည်အမျိုးအစား အင်္ဂလိပ်လို hypersonic glide vehicle (HGV) မဟုတ်ဘဲ နည်းပညာအားဖြင့် နိမ့် တဲ့ အင်္ဂလိပ်လို အတိုအားဖြင့် MaRV ခေါ် maneuverable reentry vehicle လေထုထဲ ပြန်ဝင်တဲ့အခါ လားရာ မခန့်မှန်းနိုင်အောင် ခြေယောင်ပြ ရွေ့လျား ပြန်ဝင်တဲ့ ဒုံးကျည်အမျိုးအစားဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက ပြောကြပါတယ်။

ဘာနည်းပညာကိုပဲ သုံးထားသည်ဖြစ်စေ၊ ခုလို စမ်းသပ်ပစ်လွှတ်တာကို အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ Jen Psakiက ရှုတ်ချလိုက်ပါတယ်။ ၂၀၁၉ က စွန့်ခွါသွားခဲ့တဲ့နျူကလီယာဆွေးနွေးပွဲကို ပြန်လာဖို့လည်း မြောက်ကိုရီးယားကို Jen Psaki က တိုက်တွန်းပြောဆိုလိုက်ပါတယ်။ “ရန်လိုတဲ့ မူဝါဒ” ကို အမေရိကန်က မစွန့်လွှတ်ရင် ဆွေးနွေးဝိုင်းကို ပြန်မလာဘူးလို့ မြောက်ကိုရီးယားက ပြောထားပါတယ်။

#NorthKoreaMissileTest #NorthKorea #VOA #မြောက်ကိုရီးယား #အသံထက်၅ဆမြန် #ဒုံးကျည် #နျူကလီးယားဆွေးနွေးပွဲ #KimJongUn #ဗွီအိုအေ

===========

XS
SM
MD
LG