သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းစစ်ပူနေချိန် မြောက်ကိုရီးယား ဒုံးကျည်စမ်းသပ်ပစ်ခတ်


မြောက်ကိုရီးယား ဒုံးကျည်စမ်းသပ်မှု တီဗွီထုတ်လွှင့်ချက်ကို တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ ဘူတာရုံမှာ ကြည့်ရှုနေသူအချို့။ (ဇန်နဝါရီ ၃၀၊ ၂၀၂၂)
မြောက်ကိုရီးယား ဒုံးကျည်စမ်းသပ်မှု တီဗွီထုတ်လွှင့်ချက်ကို တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ ဘူတာရုံမှာ ကြည့်ရှုနေသူအချို့။ (ဇန်နဝါရီ ၃၀၊ ၂၀၂၂)

(Zawgyi / Unicode)

ယူကရိန်းနိုင်ငံထဲ ရုရှားတို့ ကျူးကျော်ဝင်ရောက်မှုအပေါ် အမေရိကန်ပြည်ထောင်စုနဲ့ မဟာမိတ်တွေ အာရုံစိုက်နေချိန်မှာပဲ မြောက်ကိုရီးယားနိုင်ငံက မစ်ဇိုင်းဒုံးကျည်တခု စမ်းသပ်ပစ်လွှတ်ခဲ့ပါတယ်။ ဒီကနေ့ တနင်္ဂနွေနေ့မှာ ပင်လယ်ပြင်ထဲ ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်စမ်းသပ်မှုက ဒီနှစ်အတွင်း ရှစ်ကြိမ်မြောက်လည်း ဖြစ်ပါတယ်။

အဏုမြူလက်နက် အစီအစဉ် ရပ်ဆိုင်းရေး တွေ့ဆုံဆွေးနွေးမှုတွေ အတော်ကြာအောင် ရပ်ထားရတဲ့ အချိန်မျိုးမှာ အမေရိကန်ဘက်က ဒဏ်ခတ်ပိတ်ဆို့မှု လျှော့ချပေးတာမျိုး လုပ်လာအောင် မြောက်ကိုရီးယားက သူ့ရဲ့ လက်နက်နည်းပညာတွေ အကောင်းဆုံးဖြစ်အောင် စမ်းသပ်နေတာလို့ ကျွမ်းကျင်သူတချို့က သုံးသပ်ကြပါတယ်။

ယူကရိန်းအကျပ်အတည်းဘက် အမေရိကန်နိုင်ငံက အာရုံရောက်နေတာကို အခွင့်ကောင်းယူပြီး လက်နက်စမ်းသပ်မှုတွေ တိုးလုပ်ရင်း အမေရိကန်အစိုးရအပေါ် မြောက်ကိုရီးယားက တိုးပြီး ဖိအားပေးတာ ဖြစ်နိုင်တယ်လို့ အေပီသတင်းမှာ ရေးသားထားပါတယ်။

တိုက်ရိုက် လင့်ခ်

-------------------------

(Unicode)





XS
SM
MD
LG