သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပိုမိုဆန်းသစ်တဲ့ဒုံးကျည် မြောက်ကိုရီးယား စမ်းသပ်ပစ်လွှတ်


NORTHKOREA-MISSILES/
NORTHKOREA-MISSILES/

[[Zawgyi/Unicode]]

မြောက်ကိုရီးယားနိုင်ငံက အသံထက် ၅ ဆမြန်တဲ့ ဒုံးကျည်ကို စမ်းသပ်ပစ်လွှတ်ပြီး ရက်ပိုင်းအကြာမှာပဲ အဲဒီဒုံးကျည်ထက် ပိုပြီး စွမ်းဆောင်ရည်ရှိတဲ့ဒုံးကျည်ကို ဒီကနေ့ အင်္ဂါနေ့မှာ စမ်းသပ်ပစ်လွှတ်လိုက်ကြောင်း တောင်ကိုရီးယားစစ်တပ်က ပြောပါတယ်။ ဒါဟာ မြောက်ကိုရီးယားအနေနဲ့ ပိုမိုအဆင့်မြင့်တဲ့ လက်နက်တွေကို စမ်းသပ်နေတယ်ဆိုတာကို ပြသလိုက်တာလည်း ဖြစ်ပါတယ်။

အမေရိကန်၊ တောင်ကိုရီးယားတို့နဲ့ ပြုလုပ်နေတဲ့ ဆွေးနွေးမှုတွေ ရပ်တန့်နေချိန် မှာပဲ သူ့နိုင်ငံရဲ့စစ်တပ်ကို နောက်ဆုံးပေါ် နည်းပညာတွေရရှိအောင် လုပ်ဆောင် သွားမယ်ဆိုတဲ့ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un ရဲ့ နှစ်သစ်ကူး သန္နိဌာန်ကို အကောင်အထည်ဖော်နေတာလည်း ဖြစ်ပါတယ်။

ကနဦး သုံးသပ်ချက်တွေအရ ဒီကနေ့ ပစ်လွှတ်လိုက်တဲ့ဒုံးကျည်ဟာ အသံထက် ၁၀ ဆပိုမြန်တဲ့ (တနာရီကို မိုင်ပါင်း ၇,၆၇၃ မိုင်) နှုန်းနဲ့ အမြင့်အားဖြင့် ၃၇ မိုင်ရှိပြီး ၄၃၅ မိုင် အကွာအဝေးကို ရောက်ရှိခဲ့တယ်လို့ ယူဆရကြောင်း တောင်ကိုရီးယား ပူးတွဲစစ်ဦးချုပ်များရဲ့ အကြီးအကဲက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မြောက်ကိုရီးယားက ဇန်နဝါရီလ ၅ ရက်နေ့မှာ စမ်းသပ် ပစ်လွတ်လိုက်တဲ့ ဒုံးကျည် နဲ့ဆိုင်တဲ့ အသေးစိတ် အချက်အလက်တွေကို တောင်ကိုရီးယားနဲ့ အမေရိကန် ထောက်လှမ်းရေးအဖွဲ့တွေက စုံစမ်း ဖော်ထုတ်နေဆဲဖြစ်ပေမယ့်လည်း ဒီကနေ့ စမ်းသပ်လိုက်တဲ့ ဒုံးကျည်ဟာ အဲဒီ ဒုံးကျည်ထက် ပိုအဆင့်မြင့်တယ်လို့ သူတို့ အနေနဲ့ ယူဆကြောင်း တောင်ကိုရီးယား ပူးတွဲစစ်ဦးချုပ်များရဲ့ အကြီးအကဲ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မနက် ၇ နာရီ မခွဲခင်လေးမှာ ပစ်လွတ်လိုက်တဲ့ ဒီ ဒုံးကျည်ဟာ ဇန်နဝါရီလ ၅ ရက်နေ့က စမ်းသပ်ပစ်လွတ်တဲ့ Jagang ပြည်နယ် ကမ်းခြေကနေ သမုဒ္ဒယာထဲကို ပစ်လွတ်လိုက်တာလို့ ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

================

[[Unicode]]








===============

XS
SM
MD
LG