သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တာလတ်ပစ် ပဲ့ထိန်းဒုံး မြောက်ကိုရီးယား ထပ်မံစမ်းသပ်ပစ်ခတ်


တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ ဘူတာရုံမှာ မြောက်ကိုရီးယား ဒုံးကျည်ပစ်လွှတ်မှု တီဗွီထုတ်လွှင့်ချက်ကို ကြည့်ရှုနေသူအချို့။ (ဇန်နဝါရီ ၃၀၊ ၂၀၂၂)
တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ ဘူတာရုံမှာ မြောက်ကိုရီးယား ဒုံးကျည်ပစ်လွှတ်မှု တီဗွီထုတ်လွှင့်ချက်ကို ကြည့်ရှုနေသူအချို့။ (ဇန်နဝါရီ ၃၀၊ ၂၀၂၂)

(Zawgyi / Unicode)

မြောက်ကိုရီးယားဟာ တာလတ်ပစ် ပဲ့ထိန်းတပ် ဒုံးကျည်တစင်းကို တနင်္ဂနွေ အစောပိုင်းက စမ်းသပ် ပစ်လွှတ်လိုက်တယ်လို့ တောင်ကိုရီးယားစစ်တပ်က ပြောပါတယ်။ လွန်ခဲ့တဲ့ ၄ နှစ်အတွင်း စမ်းသပ်ခဲ့သမျှမှာ အဝေးဆုံးပစ်နိုင်တဲ့ ဒုံးကျည် ဖြစ်ပါတယ်။ ဒီတလအတွင်း ၁၁ ကြိမ်‌မြောက် ပစ်ခတ်တာဖြစ်ပြီး တလအတွင်း ပစ်ခတ်စမ်းသပ်မှု စံချိန်တင်လိုက်ပါတယ်။

ဒုံးကျည်ကို ခပ်မတ်မတ်အနေအထားနဲ့ ပစ်လွှတ်ခဲ့တာဖြစ်ပြီး အမြင့်ကီလိုမီတာ ၂,၀၀၀၊ မိုင်အားဖြင့် ၁,၂၀၀ မိုင်လောက်အထိ ရောက်ခဲ့တယ်လို့ တောင်ကိုရီးယားစစ်တပ်က ပြောပါတယ်။

ဂျပန်စစ်ဘက်ကလည်း စောင့်ကြည့်နေခဲ့ပြီး အလားတူ သုံးသပ်ချက်အတိုင်း သုံးသပ်တဲ့အပြင် ဒုံးကျည်ဟာ မိနစ် ၃၀ ကြာအထိ ပျံသန်းခဲ့တယ်လို့ ဆိုပါတယ်။ ဒီအချက်အလက်တွေအရ မြောက်ကိုရီးယားဟာ ဒုံးကျည်ကို စမ်းသပ်ပစ်လွှတ်ရာမှာ အိမ်နီးချင်းနိုင်ငံတွေအပေါ် ကျော်ဖြတ်သွားစရာမလိုဘဲ စမ်းသပ်လို့ ရသွားတာကို ပြသပါတယ်။

စမ်းသပ်ပစ်လွှတ်တဲ့ ဒုံးကျည်ဟာ ကီလိုမီတာ ၄,၅၀၀ မိုင်အားဖြင့် ၂,၈၀၀ မိုင်နီးနီး သွားနိုင်တဲ့ Hwasong-12 ဒုံးကျည်နဲ့ တူတယ်လို့ ကာကွယ်ရေးဆိုင်ရာ သုံးသပ်သူတွေက ပြောပါတယ်။

အင်ဒို-ပစိဖိတ်ဒေသ အမေရိကန် စစ်ဌာနချုပ်က ခုလိုစမ်းသပ်မှုကို ရှုတ်ချလိုက်ပါတယ်။ ဂျပန်နဲ့ တောင်ကိုရီးယားတို့ကလည်း သူတို့ရဲ့ အမျိုးသားလုံခြုံရေးကောင်စီ အရေးပေါ် အစည်းအဝေးတွေ ကျင်းပလိုက်ကြပါတယ်။ ဒါဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေကို ချိုးဖောက်တာဖြစ်တယ်လို့ တောင်ကိုရီးယားသမ္မတ Moon Jae-in က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

----------------------

(Unicode)







XS
SM
MD
LG