သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ႏွစ္ပတ္အတြင္း ေလးႀကိမ္ေျမာက္ ေျမာက္ကိုရီယားဒုံးက်ည္စမ္းသပ္ပစ္ခတ္


ေျမာက္ကိုရီးယား ဒံုးက်ည္စမ္းသပ္ပစ္လႊတ္မႈကို ရုပ္သံက ၾကည့္ရုွနေတဲ့ ဆိုးလ္ျမိဳ ့ဘူတာရံုတခုက ခရီးသည္မ်ား (ဓာတ္ပံု- AFP)


တာတိုပစ္ ပဲ့ထိန္းတပ္ ဒုံးက်ည္ ၂ စင္း ကို ၿပဳံးယမ္း ၿမိဳ႕ေတာ္ ေလဆိပ္ကေန တနလၤာေန႔ က ေျမာက္ကိုရီးယား က ပစ္လႊတ္လိုက္ပါတယ္ လို႔ ေတာင္ကိုရီးယား စစ္တပ္ က ေျပာပါတယ္။ ပစ္လႊတ္ခဲ့တဲ့ ဒုံးက်ည္ ဟာ အကြာအေဝးအားျဖင့္ ကီလို ၃၈၀ မိုင္အားျဖင့္ ၂၃၆ မိုင္၊ အျမင့္ ၄၂ ကီလိုမီတာ မိုင္အားျဖင့္ ၂၆ မိုင္ သြားခဲ့တယ္လို႔ ေတာင္ကိုရီးယား စစ္ဦးစီးခ်ဳပ္မ်ား ပူးတြဲ အဖြဲ႕ က ထုတ္ျပန္ပါတယ္။ ေျမာက္ကိုရီးယား အေရွ႕ကမ္းေျခ သုမုဒၵရာထဲ ကို က်ခဲ့ပုံရတယ္ လို႔ ဂ်ပန္ ကာကြယ္ေရး ဝန္ႀကီး Nobuo Kishi က ဆိုပါတယ္။

ဒီ ပစ္လႊတ္မႈ အၿပီးမွာ ေတာင္ကိုရီးယား အမ်ိဳးသား လုၿခဳံေရး ေကာင္စီ အေရးေပၚ အစည္းအေဝး ကို ေခၚခဲ့ၿပီး၊ ျဖစ္ႏိုင္သမွ် အျမန္ဆုံး ေဆြးေႏြးပြဲ ျပန္စဖို႔ အေရးႀကီးေၾကာင္း ေကာင္စီ အဖြဲ႕ဝင္ေတြ က ေျပာပါတယ္။ ဒီ ပစ္လႊတ္မႈ ဟာ ၿငိမ္းခ်မ္းေရး နဲ႔ လုံၿခဳံေရး အေပၚ ၿခိမ္းေျခာက္တာ ျဖစ္တယ္လို႔ ဂ်ပန္ အစိုးရ အတြင္းဝန္ခ်ဳပ္ Hirokazu Matsuno က ရႈတ္ခ်လိုက္ပါတယ္။ ကိုရီးယား ကြၽန္းဆြယ္ ရဲ႕ ၿငိမ္းခ်မ္းေရး နဲ႔ တည္ၿငိမ္ေရး တစ္ခုလုံး ကို စဥ္းစားဖို႔ တ႐ုပ္ ႏိုင္ငံျခားေရး ဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူ ေက်ာက္ လီက်န္း Zhao Lijian က ေျပာလိုက္ပါတယ္။

အေမရိကန္ က ပိတ္ဆို႔ အေရးယူထားတာ သက္ေရာက္မႈ မရွိေၾကာင္း ဒုံးက်ည္ တစ္စင္း ပစ္လႊတ္လိုက္တိုင္း ေျမာက္ကိုရီးယား က ႂကြားလုံးထုတ္လိုက္တာပါပဲ လို႔ ေတာင္ကိုရီးယား ႏိုင္ငံ ဆိုးလ္ၿမိဳ႕ က ႏိုင္ငံတကာ ေလ့လာေရး Hankuk တကၠသိုလ္ ပါေမာကၡ Mason Richey က သုံးသပ္ပါတယ္။

.........................................................................................

တိုက္႐ိုက္ လင့္ခ္


နှစ်ပတ်အတွင်း လေးကြိမ်မြောက် မြောက်ကိုရီယားဒုံးကျည်စမ်းသပ်ပစ်ခတ်

(Unicode)
တာတိုပစ် ပဲ့ထိန်းတပ် ဒုံးကျည် ၂ စင်း ကို ပြုံးယမ်း မြို့တော် လေဆိပ်ကနေ တနင်္လာနေ့ က မြောက်ကိုရီးယား က ပစ်လွှတ်လိုက်ပါတယ် လို့ တောင်ကိုရီးယား စစ်တပ် က ပြောပါတယ်။ ပစ်လွှတ်ခဲ့တဲ့ ဒုံးကျည် ဟာ အကွာအဝေးအားဖြင့် ကီလို ၃၈၀ မိုင်အားဖြင့် ၂၃၆ မိုင်၊ အမြင့် ၄၂ ကီလိုမီတာ မိုင်အားဖြင့် ၂၆ မိုင် သွားခဲ့တယ်လို့ တောင်ကိုရီးယား စစ်ဦးစီးချုပ်များ ပူးတွဲ အဖွဲ့ က ထုတ်ပြန်ပါတယ်။ မြောက်ကိုရီးယား အရှေ့ကမ်းခြေ သုမုဒ္ဒရာထဲ ကို ကျခဲ့ပုံရတယ် လို့ ဂျပန် ကာကွယ်ရေး ဝန်ကြီး Nobuo Kishi က ဆိုပါတယ်။

ဒီ ပစ်လွှတ်မှု အပြီးမှာ တောင်ကိုရီးယား အမျိုးသား လုခြုံရေး ကောင်စီ အရေးပေါ် အစည်းအဝေး ကို ခေါ်ခဲ့ပြီး၊ ဖြစ်နိုင်သမျှ အမြန်ဆုံး ဆွေးနွေးပွဲ ပြန်စဖို့ အရေးကြီးကြောင်း ကောင်စီ အဖွဲ့ဝင်တွေ က ပြောပါတယ်။ ဒီ ပစ်လွှတ်မှု ဟာ ငြိမ်းချမ်းရေး နဲ့ လုံခြုံရေး အပေါ် ခြိမ်းခြောက်တာ ဖြစ်တယ်လို့ ဂျပန် အစိုးရ အတွင်းဝန်ချုပ် Hirokazu Matsuno က ရှုတ်ချလိုက်ပါတယ်။ ကိုရီးယား ကျွန်းဆွယ် ရဲ့ ငြိမ်းချမ်းရေး နဲ့ တည်ငြိမ်ရေး တစ်ခုလုံး ကို စဥ်းစားဖို့ တရုပ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက် လီကျန်း Zhao Lijian က ပြောလိုက်ပါတယ်။

အမေရိကန် က ပိတ်ဆို့ အရေးယူထားတာ သက်ရောက်မှု မရှိကြောင်း ဒုံးကျည် တစ်စင်း ပစ်လွှတ်လိုက်တိုင်း မြောက်ကိုရီးယား က ကြွားလုံးထုတ်လိုက်တာပါပဲ လို့ တောင်ကိုရီးယား နိုင်ငံ ဆိုးလ်မြို့ က နိုင်ငံတကာ လေ့လာရေး Hankuk တက္ကသိုလ် ပါမောက္ခ Mason Richey က သုံးသပ်ပါတယ်။


XS
SM
MD
LG