(Zawgyi / Unicode)
ကပ္ေဘးေၾကာင့္ ကန႔္သတ္ ပိတ္ဆို႔ထားကတည္းကဆိုရင္ ေျမာက္ကိုရီးယား ရထားဟာ တ႐ုတ္ႏိုင္ငံအတြင္းကို တနဂၤေႏြေန႔က ပထမဆုံးအျဖစ္ နယ္စပ္ျဖတ္ ဝင္ေရာက္ခဲ့ပါတယ္။
၂၀၂၀ ခုႏွစ္ ကပ္ေဘးစကတည္းက ေျမာက္ကိုရီးယားဟာ နယ္စပ္ကို ပိတ္ဆို႔ထားခဲ့ၿပီး ျပည္တြင္း ခရီးသြားလာခြင့္ေတြကိုလည္း ကန႔္သတ္ထားခဲ့ပါတယ္။ ေရာဂါကူးစက္မႈ ကာကြယ္ေရး လုပ္ငန္းေတြကိုလည္း တင္းတင္းက်ပ္က်ပ္ ေဆာင္ရြက္ထားခဲ့သလို COVID-19 ေတြ႔ရွိတယ္လို႔ တရားဝင္ ေၾကညာခဲ့တာလည္း မရွိခဲ့ပါဘူး။
ရထားက ယာလုျမစ္ကို ျဖတ္ေက်ာ္ၿပီး တ႐ုတ္ႏုိင္ငံ Dandong ၿမိဳ႕ကို တနဂၤေႏြေန႔က ေရာက္လာခဲ့တာျဖစ္တယ္လို႔ Yonhap သတင္းဌာနက ဆိုပါတယ္။
ရထားက ကုန္ေတြတင္ခဲ့သလား ဆိုတာကိုေတာ့ မေျပာႏိုင္ၾကေပမယ့္ အေရးေပၚ ပစၥည္းေတြတင္ၿပီး တနလၤာေန႔မွာ ျပန္သြားလိမ့္မယ္လို႔ Yonhap သတင္းဌာနက ေျပာပါတယ္။
တ႐ုတ္ရဲ႕ စာရင္းအင္းအရ ေျမာက္ကိုရီးယားနဲ႔ ကုန္သြယ္ေရးက နည္းနည္းပဲ ရွိပါတယ္။ အမ်ားစုကလည္း ကုန္းလမ္းက မဟုတ္ဘဲ ေျမာက္ကိုရီးယား ဆိပ္ကမ္းေတြကပဲ သြားၾကပုံရပါတယ္။
ကိုဗစ္ေၾကာင့္ ကန႔္သတ္ပိတ္ဆို႔ထားခ်ိန္မွာ လူသားခ်င္း စာနာေထာက္ထားမႈ အကူအညီတခ်ိဳ႕ေတာ့ ဝင္ခဲ့ေပမယ့္ ကုလသမဂၢ အဖြဲ႔အစည္းေတြရဲ႕ အလိုအရ အဓိကက်တဲ့ အကူအညီေတြကိုေတာ့ ပိတ္ဆို႔ထားဆဲ ျဖစ္ပါတယ္။ ခြင့္ျပဳတဲ့ ပစၥည္းေတြကိုလည္း နမ္ပိုဆိပ္ကမ္းမွာ ၃ လထားၿပီးမွ သယ္ယူေလ့ရွိပါတယ္။
--------------------
(Unicode)
ကပ်ဘေးကြောင့် ပိတ်ထားခဲ့တဲ့ မြောက်ကိုရီးယားရထား တရုတ်နယ်စပ် ဖြတ်ကျော်
ကပ်ဘေးကြောင့် ကန့်သတ် ပိတ်ဆို့ထားကတည်းကဆိုရင် မြောက်ကိုရီးယား ရထားဟာ တရုတ်နိုင်ငံအတွင်းကို တနင်္ဂနွေနေ့က ပထမဆုံးအဖြစ် နယ်စပ်ဖြတ် ဝင်ရောက်ခဲ့ပါတယ်။
၂၀၂၀ ခုနှစ် ကပ်ဘေးစကတည်းက မြောက်ကိုရီးယားဟာ နယ်စပ်ကို ပိတ်ဆို့ထားခဲ့ပြီး ပြည်တွင်း ခရီးသွားလာခွင့်တွေကိုလည်း ကန့်သတ်ထားခဲ့ပါတယ်။ ရောဂါကူးစက်မှု ကာကွယ်ရေး လုပ်ငန်းတွေကိုလည်း တင်းတင်းကျပ်ကျပ် ဆောင်ရွက်ထားခဲ့သလို COVID-19 တွေ့ရှိတယ်လို့ တရားဝင် ကြေညာခဲ့တာလည်း မရှိခဲ့ပါဘူး။
ရထားက ယာလုမြစ်ကို ဖြတ်ကျော်ပြီး တရုတ်နိုင်ငံ Dandong မြို့ကို တနင်္ဂနွေနေ့က ရောက်လာခဲ့တာဖြစ်တယ်လို့ Yonhap သတင်းဌာနက ဆိုပါတယ်။
ရထားက ကုန်တွေတင်ခဲ့သလား ဆိုတာကိုတော့ မပြောနိုင်ကြပေမယ့် အရေးပေါ် ပစ္စည်းတွေတင်ပြီး တနင်္လာနေ့မှာ ပြန်သွားလိမ့်မယ်လို့ Yonhap သတင်းဌာနက ပြောပါတယ်။
တရုတ်ရဲ့ စာရင်းအင်းအရ မြောက်ကိုရီးယားနဲ့ ကုန်သွယ်ရေးက နည်းနည်းပဲ ရှိပါတယ်။ အများစုကလည်း ကုန်းလမ်းက မဟုတ်ဘဲ မြောက်ကိုရီးယား ဆိပ်ကမ်းတွေကပဲ သွားကြပုံရပါတယ်။
ကိုဗစ်ကြောင့် ကန့်သတ်ပိတ်ဆို့ထားချိန်မှာ လူသားချင်း စာနာထောက်ထားမှု အကူအညီတချို့တော့ ဝင်ခဲ့ပေမယ့် ကုလသမဂ္ဂ အဖွဲ့အစည်းတွေရဲ့ အလိုအရ အဓိကကျတဲ့ အကူအညီတွေကိုတော့ ပိတ်ဆို့ထားဆဲ ဖြစ်ပါတယ်။ ခွင့်ပြုတဲ့ ပစ္စည်းတွေကိုလည်း နမ်ပိုဆိပ်ကမ်းမှာ ၃ လထားပြီးမှ သယ်ယူလေ့ရှိပါတယ်။