သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

 ေျမာက္ကိုရီးယား ပစ္လႊတ္တဲ႔ ဒံုးက်ည္အမ်ိဳးအစား ကန္စီစစ္ဆဲ


북한은 5일 극초음속미사일 시험발사를 진행했다며 사진을 공개했다.

Zawgyi

ေျမာက္ကိုရီးယား ပစ္လႊတ္တဲ႔ ဒံုးက်ည္အမ်ိဳးအစား ကန္စီစစ္ဆဲ

ၾကာသပေတးေန႕ ေျမာက္ကိုရီးယားနိုင္ငံက စမ္းသပ္ပစ္လႊတ္လိုက္တဲ့ ပဲ့ထိန္းဒံုးက်ည္ဟာ ေျမာက္ကိုရီးယားအစိုးရကေျပာသလို တကယ္ပဲ အသံထက္ ၅ ဆ ျမန္တဲ့ ဒံုးက်ည္ ဟုတ္မဟုတ္ကို ျပည္လည္ စီစစ္ေနတယ္လို႕ အေမရိကန္အစိုးရကေျပာၾကားလိုက္ပါတယ္။

အေမရိကန္၊ ေတာင္ကိုရီးယားနဲ႔ ဂ်ပန္နိုင္ငံ အစိုးရေတြကေတာ့ ပဲ့ထိန္း ဒံုးက်ည္ဆိုတာကိုေတာ့ ကနဦး အတည္ျပဳထားျပီး ဂ်ပန္အစိုးရကေတာ့ ဒီ ဒံုးက်ည္ဟာ ကီလိုမီတာ ၅၀၀ ေက်ာ္ ပ်ံသန္းခဲ့တယ္လို႕ ခန္႔မွန္းထားပါတယ္။

ပန္တဂြန္ေျပာခြင့္ရ ဒုဗိုလ္မႈးၾကီး Martin Meiners က အခုလို စမ္းသပ္လႊတ္ခဲ့တာကို သိရွိေၾကာင္း၊ အေျခအေနမွန္ေတြ သိရဖို႕ကို မိတ္ဖက္နိုင္ငံေတြနဲ႔ ပူးတြဲလုပ္ေဆာင္ေနေၾကာင္းန႕ဲ၊ ဘာေတြဆက္လုပ္ ရမယ္ဆိုတာကိုလည္း စီစစ္တြက္ခ်က္ေနတယ္လို႕ ေျပာပါတယ္။

ၾကာသပေတးေန႔ အေဆာပိုင္းမွာ အသံထက္ ၅ ဆ ျမန္တဲ့ ပဲ့ထိန္းဒံုးၾကည္ကို စမ္းသပ္လႊတ္တင္နိုင္ခဲ့တယ္လို႕ ေျမာက္ကိုရီးယားအစိုးရပိုင္သတင္းဌာနကေန ေၾကျငာခဲ့တာပါ။ Korean Central News Agency (KCNA) ကေနလည္း နွင္းေတြဖုံးေနတဲ့ေတာင္ၾကားကေန ပဲ့ထိန္းဒံုးၾကည္ လႊတ္တင္ ပံုကို ထုတ္ျပန္ခဲ့ပါတယ္။

ထုတ္ျပန္ခ်က္ထဲမွာ အသံထက္ ၅ ဆ ျမန္ ပဲ့ထိန္းဒံုးက်ည္သယ္ ယာဥ္ကေနမွ တဆင့္ ဒီ ဒံုးၾကည္ကို လႊတ္တင္ခဲ့တယ္လို႕ ဆိုပါတယ္။ အခုလို ယာဥ္ကေနမွ တဆင့္ လႊတ္တင္တာေၾကာင့္ ၾကားျဖတ္ ဒံုးက်ည္ဖ်က္ ကိရိယာေတြနဲ႕ေျခရာခံ ဖ်က္ဖို႕ ပို ခက္ခဲသြားမယ္လို႔ သိရပါတယ္။

US အင္ဒို ပစိဖိတ္ဆိုင္ရာ ကြပ္ကဲေရးရာဌာနကေတာ့ ပဲ့ထိန္း ဒံုးၾကည္ လႊတ္တင္တာကို အတည္ျပဳေျပာၾကားျပီး ေဒသတြင္းက အေမရိကန္အမႈထမ္းေတြ၊ အေမရိကန္ ပိုင္နက္ေတြနဲ႕ မဟာမိတ္ေတြအဖို႕ေတာ့ စိုးရိမ္စရာမရွိေသးဘူးလို႕ ေျပာၾကားပါတယ္။

တိုက္႐ိုက္ လင့္ခ္

Unicode

မြောက်ကိုရီးယား ပစ်လွှတ်တဲ့ ဒုံးကျည်အမျိုးအစား ကန်စီစစ်ဆဲ

ကြာသပတေးနေ့ မြောက်ကိုရီးယားနိုင်ငံက စမ်းသပ်ပစ်လွှတ်လိုက်တဲ့ ပဲ့ထိန်းဒုံးကျည်ဟာ မြောက်ကိုရီးယားအစိုးရကပြောသလို တကယ်ပဲ အသံထက် ၅ ဆ မြန်တဲ့ ဒုံးကျည် ဟုတ်မဟုတ်ကို ပြည်လည် စီစစ်နေတယ်လို့ အမေရိကန်အစိုးရကပြောကြားလိုက်ပါတယ်။

အမေရိကန်၊ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံ အစိုးရတွေကတော့ ပဲ့ထိန်း ဒုံးကျည်ဆိုတာကိုတော့ ကနဦး အတည်ပြုထားပြီး ဂျပန်အစိုးရကတော့ ဒီ ဒုံးကျည်ဟာ ကီလိုမီတာ ၅၀၀ ကျော် ပျံသန်းခဲ့တယ်လို့ ခန့်မှန်းထားပါတယ်။

ပန်တဂွန်ပြောခွင့်ရ ဒုဗိုလ်မှုးကြီး Martin Meiners က အခုလို စမ်းသပ်လွှတ်ခဲ့တာကို သိရှိကြောင်း၊ အခြေအနေမှန်တွေ သိရဖို့ကို မိတ်ဖက်နိုင်ငံတွေနဲ့ ပူးတွဲလုပ်ဆောင်နေကြောင်းနဲ့၊ ဘာတွေဆက်လုပ် ရမယ်ဆိုတာကိုလည်း စီစစ်တွက်ချက်နေတယ်လို့ ပြောပါတယ်။

ကြာသပတေးနေ့ အဆောပိုင်းမှာ အသံထက် ၅ ဆ မြန်တဲ့ ပဲ့ထိန်းဒုံးကြည်ကို စမ်းသပ်လွှတ်တင်နိုင်ခဲ့တယ်လို့ မြောက်ကိုရီးယားအစိုးရပိုင်သတင်းဌာနကနေ ကြေငြာခဲ့တာပါ။ Korean Central News Agency (KCNA) ကနေလည်း နှင်းတွေဖုံးနေတဲ့တောင်ကြားကနေ ပဲ့ထိန်းဒုံးကြည် လွှတ်တင် ပုံကို ထုတ်ပြန်ခဲ့ပါတယ်။

ထုတ်ပြန်ချက်ထဲမှာ အသံထက် ၅ ဆ မြန် ပဲ့ထိန်းဒုံးကျည်သယ် ယာဉ်ကနေမှ တဆင့် ဒီ ဒုံးကြည်ကို လွှတ်တင်ခဲ့တယ်လို့ ဆိုပါတယ်။ အခုလို ယာဉ်ကနေမှ တဆင့် လွှတ်တင်တာကြောင့် ကြားဖြတ် ဒုံးကျည်ဖျက် ကိရိယာတွေနဲ့ခြေရာခံ ဖျက်ဖို့ ပို ခက်ခဲသွားမယ်လို့ သိရပါတယ်။

US အင်ဒို ပစိဖိတ်ဆိုင်ရာ ကွပ်ကဲရေးရာဌာနကတော့ ပဲ့ထိန်း ဒုံးကြည် လွှတ်တင်တာကို အတည်ပြုပြောကြားပြီး ဒေသတွင်းက အမေရိကန်အမှုထမ်းတွေ၊ အမေရိကန် ပိုင်နက်တွေနဲ့ မဟာမိတ်တွေအဖို့တော့ စိုးရိမ်စရာမရှိသေးဘူးလို့ ပြောကြားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG