သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေျမာက္ကိုရီးယား ယႏၲရားတပ္ စစ္ေရးေလ့က်င့္


ေျမာက္ကုိရီးယား စစ္ေရးျပအခမ္းအနားတခုမွာ ေတြ႔ရတဲ့ တင့္ကားနဲ႔ စစ္သည္တဦး။ (ဇူလုိင္ ၂၇၊ ၂၀၁၃)

(Zawgyi / Unicode)

ေျမာက္ကိုရီးယားႏိုင္ငံက သူ႔ရဲ႕ ကာကြယ္ေရးစြမ္းရည္ ျမႇင့္တင္ေရးအတြက္ ရည္ရြယ္ၿပီး ယႏၲရားတပ္ေတြက တင့္ကားေတြနဲ႔ ေလ့က်င့္ပစ္ခတ္မႈေတြ ျပဳလုပ္ခဲ့တယ္လို႔ ေျမာက္ကိုရီးယားႏိုင္ငံပိုင္ သတင္းဌာနက တနဂၤေႏြေန႔မွာ ေၾကညာပါတယ္။

အဲဒီ စစ္ေရးေလ့က်င့္မႈကိုေတာ့ ႏုိဝင္ဘာ ၆ ရက္၊ စေနေန႔က ျပဳလုပ္ခဲ့တာျဖစ္ေၾကာင္း ႏိုင္ငံပိုင္ KRT ႐ုပ္သံသတင္းဌာနက ေၾကညာခဲ့တာပါ။

ေျမာက္ကိုရီးယားရဲ႕ စစ္ေရးေလ့က်င့္မႈေတြအေပၚ ႏိုင္ငံတကာက ျပစ္တင္ ေဝဖန္မႈေတြ ျပဳလုပ္ေလ့ရွိေပမယ့္ ေတာင္ကိုရီးယားက စစ္ေရးေလ့က်င့္တာကိုေတာ့ အေမရိကန္ျပည္ေထာင္စုက ဘယ္ေတာ့မွ ေဝဖန္ေျပာဆိုျခင္း မရွိေၾကာင္း ေျမာက္ကိုရီးယား အစိုးရက ေျပာဆိုေနခ်ိန္မွာပဲ အခုလို ယႏၲရားတပ္ဖြဲ႔ေတြရဲ႕ စစ္ေရးေလ့က်င့္မႈ ျပဳလုပ္ခဲ့တာပါ။

ယႏၲရားတပ္ဖြဲ႔ရဲ႕ စစ္ေရးေလ့က်င့္မႈကိုေတာ့ ေျမာက္ကိုရီးယား အာဏာရ အလုပ္သမားပါတီရဲ႕ အၿမဲတမ္းေကာ္မတီဝင္လည္းျဖစ္၊ ပါတီရဲ႕ အေထြေထြအတြင္းေရးမွဴးလည္းျဖစ္တဲ့ Pak Jong Chon က ႀကီးၾကပ္ ကြပ္ကဲခဲ့ေၾကာင္း KRT သတင္းက ေျပာပါတယ္။

အခုႏွစ္ စက္တင္ဘာလကမွ လက္ရွိရာထူးကို တိုးျမႇင့္ခန္႔ထားခံရတဲ့ Pak Jong Chon ဟာ ႏိုင္ငံအတြင္း ၾသဇာႀကီးလွတဲ့ စစ္တပ္မွာ နာမည္ေကာင္းရေနသူတဦး ျဖစ္တဲ့အျပင္ ဒုံးက်ည္ တည္ေဆာက္ေရး အစီအစဥ္ေတြကို ႀကီးၾကပ္ကြပ္ကဲရသူ ျဖစ္ပါတယ္။

ေျမာက္ကိုရီးယားက ကုလသမဂၢ ပိတ္ဆို႔ဒဏ္ခတ္ျခင္း ခံထားရတဲ့ သူ႔ရဲ႕ ႏ်ဴကလီးယားလက္နက္နဲ႔ ပဲ့ထိန္းတပ္ဒုံးက်ည္ တည္ေဆာက္ေရး အစီအစဥ္ေတြကို ႏိုင္ငံတကာရဲ႕ ေထာက္ခံမႈ ရရွိႏိုင္ေရး ႀကိဳးပမ္းေနတာလည္း ျဖစ္ပါတယ္။

ေျမာက္ကိုရီးယား ယႏၲရားတပ္ စစ္ေရးေလ့က်င့္
please wait

No media source currently available

0:00 0:01:16 0:00
တိုက္႐ိုက္ လင့္ခ္

---------------------

(Unicode)

မြောက်ကိုရီးယား ယန္တရားတပ် စစ်ရေးလေ့ကျင့်

မြောက်ကိုရီးယားနိုင်ငံက သူ့ရဲ့ ကာကွယ်ရေးစွမ်းရည် မြှင့်တင်ရေးအတွက် ရည်ရွယ်ပြီး ယန္တရားတပ်တွေက တင့်ကားတွေနဲ့ လေ့ကျင့်ပစ်ခတ်မှုတွေ ပြုလုပ်ခဲ့တယ်လို့ မြောက်ကိုရီးယားနိုင်ငံပိုင် သတင်းဌာနက တနင်္ဂနွေနေ့မှာ ကြေညာပါတယ်။

အဲဒီ စစ်ရေးလေ့ကျင့်မှုကိုတော့ နိုဝင်ဘာ ၆ ရက်၊ စနေနေ့က ပြုလုပ်ခဲ့တာဖြစ်ကြောင်း နိုင်ငံပိုင် KRT ရုပ်သံသတင်းဌာနက ကြေညာခဲ့တာပါ။

မြောက်ကိုရီးယားရဲ့ စစ်ရေးလေ့ကျင့်မှုတွေအပေါ် နိုင်ငံတကာက ပြစ်တင် ဝေဖန်မှုတွေ ပြုလုပ်လေ့ရှိပေမယ့် တောင်ကိုရီးယားက စစ်ရေးလေ့ကျင့်တာကိုတော့ အမေရိကန်ပြည်ထောင်စုက ဘယ်တော့မှ ဝေဖန်ပြောဆိုခြင်း မရှိကြောင်း မြောက်ကိုရီးယား အစိုးရက ပြောဆိုနေချိန်မှာပဲ အခုလို ယန္တရားတပ်ဖွဲ့တွေရဲ့ စစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့တာပါ။

ယန္တရားတပ်ဖွဲ့ရဲ့ စစ်ရေးလေ့ကျင့်မှုကိုတော့ မြောက်ကိုရီးယား အာဏာရ အလုပ်သမားပါတီရဲ့ အမြဲတမ်းကော်မတီဝင်လည်းဖြစ်၊ ပါတီရဲ့ အထွေထွေအတွင်းရေးမှူးလည်းဖြစ်တဲ့ Pak Jong Chon က ကြီးကြပ် ကွပ်ကဲခဲ့ကြောင်း KRT သတင်းက ပြောပါတယ်။

အခုနှစ် စက်တင်ဘာလကမှ လက်ရှိရာထူးကို တိုးမြှင့်ခန့်ထားခံရတဲ့ Pak Jong Chon ဟာ နိုင်ငံအတွင်း သြဇာကြီးလှတဲ့ စစ်တပ်မှာ နာမည်ကောင်းရနေသူတဦး ဖြစ်တဲ့အပြင် ဒုံးကျည် တည်ဆောက်ရေး အစီအစဉ်တွေကို ကြီးကြပ်ကွပ်ကဲရသူ ဖြစ်ပါတယ်။

မြောက်ကိုရီးယားက ကုလသမဂ္ဂ ပိတ်ဆို့ဒဏ်ခတ်ခြင်း ခံထားရတဲ့ သူ့ရဲ့ နျူကလီးယားလက်နက်နဲ့ ပဲ့ထိန်းတပ်ဒုံးကျည် တည်ဆောက်ရေး အစီအစဉ်တွေကို နိုင်ငံတကာရဲ့ ထောက်ခံမှု ရရှိနိုင်ရေး ကြိုးပမ်းနေတာလည်း ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG