သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေနာက္ဆံုးစမ္းသပ္လိုက္တာ အသံထက္ျမန္တဲ႔ ဒံုးက်ည္ျဖစ္ေၾကာင္း ေျမာက္ကိုရီးယားေၾကညာ


ေျမာက္ကိုရီးယားရဲ႕ အသံထက္ျမန္တဲ့ မစ္ဇိုင္းဒုံး Hypersonic missile

[ Zawgyi ]

ေျမာက္ကိုရီးယားက ေနာက္ဆုံး စမ္းသပ္လိုက္တဲ့ မစ္ဇိုင္းဒုံးဟာ အသံထက္ျမန္တဲ့ နည္းပညာနဲ႔ တည္ေဆာက္ထားတဲ့ အမ်ဳိးအစားသစ္ ျဖစ္ေၾကာင္း ႏိုင္ငံပိုင္ သတင္းက ဗုဒၶဟူးေန႔မွာ ေၾကညာပါတယ္။

အဆင့္ျမင့္နည္းပညာနဲ႔ တည္ေဆာက္ထားၿပီး ပထမဆုံးအႀကိမ္ စမ္းသပ္ခဲ့တဲ့ Hwasong-8 လို႔ အမည္ေပးထားတဲ့ hypersonic မစ္ဇိုင္းဒုံး အဂၤါေန႔က Jagang ျပည္နယ္ကေန ပစ္လႊတ္လိုက္တဲ့ ပုံကိုလည္း ကိုရီးယားဗဟိုသတင္းေအဂ်င္စီက ျပသခဲ့တာပါ။ စမ္းသပ္မႈဟာ ေအာင္ျမင္ခဲ့ေၾကာင္း သတင္းက ေဖာ္ျပခဲ့သလို၊ ဇန္နဝါရီလထဲ က်င္းပခဲ့တဲ့ ႏိုင္ငံေရး အစည္းအေ၀းမွာ ေျမာက္ကိုရီးယားေခါင္းေဆာင္ Kim Jong Un လမ္းၫႊန္ခဲ့တဲ့ ၅ ႏွစ္ ကာကြယ္ေရးစီမံကိန္းမွာ ဦးစားေပး လုပ္ငန္း ၅ ခုအနက္ အသံထက္ျမန္တဲ့ မစ္ဇိုင္းဒုံး တည္ေဆာက္ေရးဟာ တခုအပါအ၀င္ ျဖစ္ေၾကာင္းလည္း ေဖာ္ျပပါတယ္။

ေျမာက္ကိုရီးယားက အသံထက္ျမန္တဲ့ မစ္ဇိုင္းဒုံး တည္ေဆာက္ေနတာဟာ အေမရိကန္ ျပည္ေထာင္စုနဲ႔ အာရွအေရွ႕ေျမာက္ ေဒသက အေမရိကန္ မစ္ဇိုင္းဒုံးရန္ ကာကြယ္ေရးစနစ္ကို ထိုးေဖာက္ႏိုင္ေအာင္ ႀကိဳးပမ္းေနတဲ့ အေထာက္အထားသစ္ အျဖစ္နဲ႔လည္း ကာကြယ္ေရးဆိုင္ရာ ကၽြမ္းက်င္သူေတြက ယူဆၾကပါတယ္။

အေမရိကန္နဲ႔ ေဆြးေႏြးမႈေတြ ပ်က္ျပားခဲ့ၿပီးေနာက္ ၂၀၁၉ ခုႏွစ္မွာ မစ္ဇိုင္းဒုံး စမ္းသပ္မႈေတြ ျပန္စခဲ့တဲ့ ေျမာက္ကိုရီးယားက အေမရိကန္ရဲ႕ မစ္ဇိုင္းဒုံးရန္ ကာကြယ္ေရး စနစ္ကို ထိုးေဖာက္ဖို႔၊ ဒါမွမဟုတ္ ေရွာင္ရွားႏိုင္ဖို႔ ရည္ရြယ္တည္ေဆာက္ထားတဲ့ လက္နက္အမ်ဳိးအစားသစ္ေတြကို ထုတ္ေဖာ္ျပသေနတာပါ။

လက္နက္အမ်ဳိးအစားသစ္ေတြထဲမွာေတာ့ ဒီလဆန္းမွာပဲ စမ္းသပ္ခဲ့တဲ့ တာေ၀းပစ္ ခ႐ုဇ္မစ္ဇိုင္းဒုံးနဲ႔ တာတိုပစ္ပဲ့ထိန္းတပ္ မစ္ဇိုင္းဒုံးေတြလည္း ပါ၀င္ပါတယ္။ ကားေတြ၊ ရထားေတြအျပင္ ေနာက္ဆုံး ေရငုပ္သေဘၤာကပါ မစ္ဇိုင္းဒုံးေတြ ပစ္လႊတ္ႏိုင္မယ့္ နည္းပညာသစ္ေတြကိုလည္း စမ္းသပ္ေနတာေၾကာင့္ ရွာေဖြေထာက္လွမ္းဖို႔လည္း ပိုမိုခက္ခဲလာႏိုင္ပါတယ္။ လက္နက္သစ္ေတြကို အျပည့္အ၀ တပ္ဆင္ႏိုင္တာမ်ဳိး မရွိေသးသလို၊ စမ္းသပ္မႈေတြလည္း အၿပီးမသတ္ေသးေပမဲ့ အေမရိကန္နဲ႔ မဟာမိတ္ေတြကို အႏၲရာယ္ေပးႏိုင္စြမ္း ရွိေနေၾကာင္းလည္း ကၽြမ္းက်င္သူေတြက သတိေပးေနၾကပါတယ္။

[ Unicode ]

နောက်ဆုံးစမ်းသပ်လိုက်တာ အသံထက်မြန်တဲ့ ဒုံးကျည် ဖြစ်ကြောင်း မြောက်ကိုရီးယားကြေညာ

မြောက်ကိုရီးယားက နောက်ဆုံး စမ်းသပ်လိုက်တဲ့ မစ်ဇိုင်းဒုံးဟာ အသံထက်မြန်တဲ့ နည်းပညာနဲ့ တည်ဆောက်ထားတဲ့ အမျိုးအစားသစ် ဖြစ်ကြောင်း နိုင်ငံပိုင် သတင်းက ဗုဒ္ဓဟူးနေ့မှာ ကြေညာပါတယ်။

အဆင့်မြင့်နည်းပညာနဲ့ တည်ဆောက်ထားပြီး ပထမဆုံးအကြိမ် စမ်းသပ်ခဲ့တဲ့ Hwasong-8 လို့ အမည်ပေးထားတဲ့ hypersonic မစ်ဇိုင်းဒုံး အင်္ဂါနေ့က Jagang ပြည်နယ်ကနေ ပစ်လွှတ်လိုက်တဲ့ ပုံကိုလည်း ကိုရီးယားဗဟိုသတင်းအေဂျင်စီက ပြသခဲ့တာပါ။ စမ်းသပ်မှုဟာ အောင်မြင်ခဲ့ကြောင်း သတင်းက ဖော်ပြခဲ့သလို၊ ဇန်နဝါရီလထဲ ကျင်းပခဲ့တဲ့ နိုင်ငံရေး အစည်းအဝေးမှာ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un လမ်းညွှန်ခဲ့တဲ့ ၅ နှစ် ကာကွယ်ရေးစီမံကိန်းမှာ ဦးစားပေး လုပ်ငန်း ၅ ခုအနက် အသံထက်မြန်တဲ့ မစ်ဇိုင်းဒုံး တည်ဆောက်ရေးဟာ တခုအပါအဝင် ဖြစ်ကြောင်းလည်း ဖော်ပြပါတယ်။

မြောက်ကိုရီးယားက အသံထက်မြန်တဲ့ မစ်ဇိုင်းဒုံး တည်ဆောက်နေတာဟာ အမေရိကန် ပြည်ထောင်စုနဲ့ အာရှအရှေ့မြောက် ဒေသက အမေရိကန် မစ်ဇိုင်းဒုံးရန် ကာကွယ်ရေးစနစ်ကို ထိုးဖောက်နိုင်အောင် ကြိုးပမ်းနေတဲ့ အထောက်အထားသစ် အဖြစ်နဲ့လည်း ကာကွယ်ရေးဆိုင်ရာ ကျွမ်းကျင်သူတွေက ယူဆကြပါတယ်။

အမေရိကန်နဲ့ ဆွေးနွေးမှုတွေ ပျက်ပြားခဲ့ပြီးနောက် ၂၀၁၉ ခုနှစ်မှာ မစ်ဇိုင်းဒုံး စမ်းသပ်မှုတွေ ပြန်စခဲ့တဲ့ မြောက်ကိုရီးယားက အမေရိကန်ရဲ့ မစ်ဇိုင်းဒုံးရန် ကာကွယ်ရေး စနစ်ကို ထိုးဖောက်ဖို့၊ ဒါမှမဟုတ် ရှောင်ရှားနိုင်ဖို့ ရည်ရွယ်တည်ဆောက်ထားတဲ့ လက်နက်အမျိုးအစားသစ်တွေကို ထုတ်ဖော်ပြသနေတာပါ။

လက်နက်အမျိုးအစားသစ်တွေထဲမှာတော့ ဒီလဆန်းမှာပဲ စမ်းသပ်ခဲ့တဲ့ တာဝေးပစ် ခရုဇ်မစ်ဇိုင်းဒုံးနဲ့ တာတိုပစ်ပဲ့ထိန်းတပ် မစ်ဇိုင်းဒုံးတွေလည်း ပါဝင်ပါတယ်။ ကားတွေ၊ ရထားတွေအပြင် နောက်ဆုံး ရေငုပ်သင်္ဘောကပါ မစ်ဇိုင်းဒုံးတွေ ပစ်လွှတ်နိုင်မယ့် နည်းပညာသစ်တွေကိုလည်း စမ်းသပ်နေတာကြောင့် ရှာဖွေထောက်လှမ်းဖို့လည်း ပိုမိုခက်ခဲလာနိုင်ပါတယ်။ လက်နက်သစ်တွေကို အပြည့်အ၀ တပ်ဆင်နိုင်တာမျိုး မရှိသေးသလို၊ စမ်းသပ်မှုတွေလည်း အပြီးမသတ်သေးပေမဲ့ အမေရိကန်နဲ့ မဟာမိတ်တွေကို အန္တရာယ်ပေးနိုင်စွမ်း ရှိနေကြောင်းလည်း ကျွမ်းကျင်သူတွေက သတိပေးနေကြပါတယ်။

တိုက္႐ိုက္ လင့္ခ္


၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG