သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေတာင္-ေျမာက္ကိုရီးယား ထိပ္သီးေဆြးေႏြးပြဲ ျပန္စဖို႔ ႏွစ္ဖက္ေမွ်ာ္လင့္


ေတာင္-ေျမာက္ ကိုရီးယားႏွစ္ႏုိင္ငံနယ္စပ္အနီး ေစာင့္ၾကပ္ေနတဲ့ ေတာင္ကုိရီးယားစစ္သားအခ်ဳိ႕။ (ဧၿပီ ၁၁၊ ၂၀၁၈)

(Zawgyi / Unicode)

ေတာင္-ေျမာက္ ကိုရီးယားႏွစ္ႏိုင္ငံ ထိပ္သီးေဆြးေႏြးပြဲ ျပန္စဖို႔ ျဖစ္ႏုိင္တယ္ဆိုတဲ့ ေျမာက္ကိုရီးယားဘက္က ေျပာဆိုခ်က္အေပၚမွာ ေတာင္ကိုရီးယားႏိုင္ငံက ႀကိဳဆိုလိုက္ပါတယ္။

ေျမာက္ကိုရီးယားနဲ႔ ေဆြးေႏြးမႈေတြ အလွ်င္အျမန္စႏိုင္ဖို႔ ေမွ်ာ္လင့္ထားတယ္လို႔ ေတာင္ကိုရီးယားရဲ႕ ကိုရီးယားႏွစ္ႏိုင္ငံ ေပါင္းစည္းေရး ဝန္ႀကီးဌာနက ေျပာဆိုလိုက္ၿပီး ႏွစ္ဖက္အၾကား အေရးေပၚဆက္သြယ္လိုင္း ျပန္ဖြင့္ဖို႔ လိုအပ္တယ္လို႔လည္း တိုက္တြန္း ေျပာဆိုထားပါတယ္။

ႏွစ္ႏိုင္ငံအၾကား အျပန္အလွန္ေလးစားမႈ ထားမယ္ဆိုရင္ ေတာင္ကိုရီးယားနဲ႔ ေနာက္တႀကိမ္ ထိပ္သီးေဆြးေႏြးပြဲလုပ္ဖို႔ စဥ္းစားမယ္လို႔ ေျမာက္ကိုရီးယားေခါင္းေဆာင္ Kim Jong Un ရဲ႕ ညီမျဖစ္သူ Kim Yo Jong ေျပာဆိုခ်က္ကို ကိုးကားၿပီး KCNA ေျမာက္ကိုရီးယား အစိုးရပိုင္သတင္းက စေနေန႔တုန္းက ေၾကညာသြားတာပါ။

၁၉၅၀-၅၃ ကိုရီးယားစစ္ကို အဆံုးသတ္ေရး တရားဝင္ေဆြးေႏြးပြဲေတြ က်င္းပဖို႔ဆိုရင္ သူတို႔အေပၚ ရန္လိုတဲ့ မူဝါဒေတြနဲ႔ လိုသလို စံထားျပဳမူေနတာေတြကို ရပ္တန္႔ဖုိ႔ဆိုၿပီး ေျမာက္ကိုရီးယားဘက္က အေမရိကန္နဲ႔ ေတာင္ကိုရီးယားကို ၿပီးခဲ့တဲ့အပတ္က တိုက္တြန္း ေျပာဆိုခဲ့ပါတယ္။ ဒါေပမယ့္လည္း အပစ္ရပ္ထားတဲ့ ဒီစစ္ကို တရားဝင္ အဆံုးသတ္ႏိုင္ဖို႔ကိစၥမွာ ေျမာက္ကိုရီးယား ႏ်ဴကလီးယား အစီအစဥ္ေတြေၾကာင့္ ႐ႈပ္႐ႈပ္ေထြးေထြး ျဖစ္ေနရတာပါ။

တဖက္နဲ႔တဖက္ အျပန္အလွန္ေလးစားမႈထားၿပီး အစြဲမထားဘူးဆိုရင္ ေတာင္ေျမာက္ႏွစ္ႏုိင္ငံအၾကား ဆက္ဆံေရးေတြ ေခ်ာေမြ႔လာႏုိင္တယ္လို႔ ေျမာက္ကိုရီးယားေခါင္းေဆာင္ရဲ႕ ညီမျဖစ္သူ Kim Yo Jong က ေျပာခဲ့တာပါ။

ကိုရီးယားစစ္ တရားဝင္အဆံုးသတ္ဖို႔ကိစၥကို ၿပီးခဲ့တဲ့အဂၤါေန႔ ကုလသမဂၢ အေထြေထြညီလာခံမွာ ေတာင္ကိုရီးယားသမၼတ Moon Jae-In က ေျပာခဲ့ပါေသးတယ္။ ေျမာက္ကိုရီးယားဘက္ကလည္း စစ္ကို တရားဝင္ အဆုံးသတ္ဖို႔ ေဆာင္ရြက္တာမ်ိဳး ရွိေပမယ့္ ေျမာက္ကိုရီးယားဘက္က ႏ်ဴကလီးယားလက္နက္ အစီအစဥ္ကို မစြန္႔လႊတ္ရင္ ဒါကို သေဘာတူဖို႔ အေမရိကန္ဘက္က လိုလိုလားလား ရွိပံုမရပါဘူး။

တိုက္႐ိုက္ လင့္ခ္

--------------------

(Unicode)

တောင်-မြောက်ကိုရီးယား ထိပ်သီးဆွေးနွေးပွဲ ပြန်စဖို့ နှစ်ဖက်မျှော်လင့်

တောင်-မြောက် ကိုရီးယားနှစ်နိုင်ငံ ထိပ်သီးဆွေးနွေးပွဲ ပြန်စဖို့ ဖြစ်နိုင်တယ်ဆိုတဲ့ မြောက်ကိုရီးယားဘက်က ပြောဆိုချက်အပေါ်မှာ တောင်ကိုရီးယားနိုင်ငံက ကြိုဆိုလိုက်ပါတယ်။

မြောက်ကိုရီးယားနဲ့ ဆွေးနွေးမှုတွေ အလျှင်အမြန်စနိုင်ဖို့ မျှော်လင့်ထားတယ်လို့ တောင်ကိုရီးယားရဲ့ ကိုရီးယားနှစ်နိုင်ငံ ပေါင်းစည်းရေး ဝန်ကြီးဌာနက ပြောဆိုလိုက်ပြီး နှစ်ဖက်အကြား အရေးပေါ်ဆက်သွယ်လိုင်း ပြန်ဖွင့်ဖို့ လိုအပ်တယ်လို့လည်း တိုက်တွန်း ပြောဆိုထားပါတယ်။

နှစ်နိုင်ငံအကြား အပြန်အလှန်လေးစားမှု ထားမယ်ဆိုရင် တောင်ကိုရီးယားနဲ့ နောက်တကြိမ် ထိပ်သီးဆွေးနွေးပွဲလုပ်ဖို့ စဉ်းစားမယ်လို့ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un ရဲ့ ညီမဖြစ်သူ Kim Yo Jong ပြောဆိုချက်ကို ကိုးကားပြီး KCNA မြောက်ကိုရီးယား အစိုးရပိုင်သတင်းက စနေနေ့တုန်းက ကြေညာသွားတာပါ။

၁၉၅၀-၅၃ ကိုရီးယားစစ်ကို အဆုံးသတ်ရေး တရားဝင်ဆွေးနွေးပွဲတွေ ကျင်းပဖို့ဆိုရင် သူတို့အပေါ် ရန်လိုတဲ့ မူဝါဒတွေနဲ့ လိုသလို စံထားပြုမူနေတာတွေကို ရပ်တန့်ဖို့ဆိုပြီး မြောက်ကိုရီးယားဘက်က အမေရိကန်နဲ့ တောင်ကိုရီးယားကို ပြီးခဲ့တဲ့အပတ်က တိုက်တွန်း ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့်လည်း အပစ်ရပ်ထားတဲ့ ဒီစစ်ကို တရားဝင် အဆုံးသတ်နိုင်ဖို့ကိစ္စမှာ မြောက်ကိုရီးယား နျူကလီးယား အစီအစဉ်တွေကြောင့် ရှုပ်ရှုပ်ထွေးထွေး ဖြစ်နေရတာပါ။

တဖက်နဲ့တဖက် အပြန်အလှန်လေးစားမှုထားပြီး အစွဲမထားဘူးဆိုရင် တောင်မြောက်နှစ်နိုင်ငံအကြား ဆက်ဆံရေးတွေ ချောမွေ့လာနိုင်တယ်လို့ မြောက်ကိုရီးယားခေါင်းဆောင်ရဲ့ ညီမဖြစ်သူ Kim Yo Jong က ပြောခဲ့တာပါ။

ကိုရီးယားစစ် တရားဝင်အဆုံးသတ်ဖို့ကိစ္စကို ပြီးခဲ့တဲ့အင်္ဂါနေ့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ တောင်ကိုရီးယားသမ္မတ Moon Jae-In က ပြောခဲ့ပါသေးတယ်။ မြောက်ကိုရီးယားဘက်ကလည်း စစ်ကို တရားဝင် အဆုံးသတ်ဖို့ ဆောင်ရွက်တာမျိုး ရှိပေမယ့် မြောက်ကိုရီးယားဘက်က နျူကလီးယားလက်နက် အစီအစဉ်ကို မစွန့်လွှတ်ရင် ဒါကို သဘောတူဖို့ အမေရိကန်ဘက်က လိုလိုလားလား ရှိပုံမရပါဘူး။

XS
SM
MD
LG