သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားအတွက် စာနာမှုအကူအညီပေးရေး အမေရိကန်ထောက်ခံ


ကိုဗစ်ကာလ ပြုံးယမ်းမြို့တနရော (ဓာတ်ပုံ - Reuters )
ကိုဗစ်ကာလ ပြုံးယမ်းမြို့တနရော (ဓာတ်ပုံ - Reuters )

(Zawgyi/Unicode)

မြောက်ကိုရီးယား နျူကလီးယားအရေး ဘယ်လိုအခြေအနေတွေပဲရှိရှိ လူသားစာနာမှု အကူအညီပေးရေးကို အမေရိကန်က ထောက်ခံတယ်လို့ မြောက်ကိုရီးယားဆိုင်ရာ အမေရိကန် အထူးသံတမန်က ဒီကနေ့ပြောပါတယ်။

တောင်ကိုရီးယားနိုင်ငံ လေးရက်ကြာခရီးစဉ် အဆုံးသတ်နေ့မှာ အထူးသံတမန် Sung Kim က အဲဒီလိုပြောခဲ့တာဖြစ်ပြီး မြောက်ကိုရီးယားခေါင်းဆောင်တွေနဲ့ ဘယ်နေရာ ဘယ်အချိန်မှာမဆို တွေ့ဆုံဖို့ သူ့အနေနဲ့ အဆင်သင့်ရှိတယ်ဆိုတာကိုလည်း ဒီခရီးစဉ်အတွင်း ထပ်ပြောခဲ့ပါသေးတယ်။

တောင် မြောက် ကိုရီးယားနှစ်နိုင်ငံကြား လူသားစာနာမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး စီမံကိန်းတွေကို အမေရိကန်က ထောက်ခံသလို ယုံကြည်မှုတည်ဆောက်ရေး အဓိပ္ပါယ်ပြည့်ဝတဲ့ အကောင်အထည်ဖော် လုပ်ဆောင်ချက်တွေကို ရှာဖွေဖို့ လမ်းဖွင့်ထားတယ်လို့ တောင်ကိုရီးယားအခြေစိုက် Hankyoreh သတင်းစာမှာပါတဲ့ သဘောထားအမြင်ဆောင်းပါးထဲမှာ မစ္စတာ Kim က ရေးခဲ့ပါသေးတယ်။

အမေရိကန်က ထည့်သွင်းစဉ်းစားတဲ့ထဲမှာ လူသားစာနာမှုဆိုင်ရာ ဘယ်လိုအကူအညီမျိုး ပါတယ်ဆိုတာကိုတော့ မစ္စတာ Kim အတိအကျ ပြောမထားပါဘူး။ ဒါပေမယ့် ကျန်းမာရေးစောင့်ရှောက်မှု၊ ကပ်ရောဂါဆိုင်ရာ သီးခြားခွဲထားရေး လုပ်ဆောင်ချက်တွေ၊ သောက်ရေသန့်၊ သန့်ရှင်းရေးဆိုင်ရာတို့နဲ့ ဆက်စပ်တဲ့ကိစ္စရပ်တွေကို သူတို့နှစ်ဦး ဆွေးနွေးခဲ့ကြတယ်လို့ ကိုရီးယားကျွန်းဆွယ် ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာ တောင်ကိုရီးယားအထူးကိုယ်စားလှယ် Noh Kyu-duk က တနင်္လာနေ့မှာ ပြောခဲ့ပါတယ်။

...................................................................

တိုက်ရိုက် လင့်ခ်



(Unicode)





XS
SM
MD
LG