သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တပတ္အတြင္းဒုတိယေျမာက္ ေျမာက္ကိုရီယားဒုံးက်ည္စမ္းသပ္ပစ္ခတ္


ေျမာက္ကိုရီးယားရဲ့ တာေ၀းပစ္ဒံုး စမ္းသပ္ပစ္လႊတ္စဥ္

(Zawgyi/Unicode)

ေျမာက္ကိုရီးယားႏိုင္ငံက ဒီေန႔ ဗုဒၶဟူးေန႔မွာ ပဲ့ထိန္းတပ္ Ballistic ဒုံးက်ည္ႏွစ္ခုကို စမ္းသပ္ပစ္ခတ္ခဲ့ၿပီး ဒီ စမ္းသပ္မႈဟာ သီတင္းတပတ္ေတာင္ မရွိတဲ့အခ်ိန္အတြင္း ဒုတိယအႀကိမ္ ျဖစ္ပါတယ္။

ပဲ့ထိန္းဒုံးက်ည္ေတြကို ေျမာက္ကိုရီးယားႏိုင္ငံ ကုန္းတြင္းအလယ္ပိုင္းကေန စမ္းသပ္ပစ္ခတ္တာျဖစ္ၿပီး တိုင္းျပည္အေရွ႕ဘက္ ပင္လယ္ထဲကို က်သြားတဲ့အေၾကာင္း ေတာင္ကိုရီးယား ပူးတြဲ စစ္ဦးစီးခ်ဳပ္မ်ားအဖြဲ႔ အႀကီးအကဲက ဗီြအိုေအကို တယ္လီဖုန္းကေနတဆင့္ စာနဲ႔ ေျပာခဲ့ပါတယ္။

စမ္းသပ္ပစ္ခတ္မႈနဲ႔ ပတ္သက္လို႔ ဘယ္လို ဒံုးက်ည္မ်ိဳးကို သုံးတယ္၊ ဘယ္ေလာက္ အကြာအေဝးအထိ ပစ္ခတ္တယ္ဆိုတဲ့ အေသးစိတ္ အခ်က္အလက္ေတြေတာ့ မသိရေသးပါဘူး။ စမ္းသပ္ပစ္ခတ္တဲ့ ဒုံးက်ည္ က်ည္ဖူးဟာ ဂ်ပန္ႏိုင္ငံပိုင္နယ္ထဲကိုေတာ့ ေရာက္မလာဘူးလို႔ ဂ်ပန္ ကာကြယ္ေရးဌာနက ေျပာပါတယ္။

တာေဝးပစ္ပဲ့ထိန္းသုံး ဒုံးက်ည္အသစ္ေတြ စမ္းသပ္ပစ္ခတ္လိုက္တဲ့အေၾကာင္း ေျမာက္ကိုရီးယားဘက္က ေၾကညာၿပီး ႏွစ္ရက္အၾကာမွာပဲ အခု ေနာက္ထပ္ ပဲ့ထိန္းဒုံးက်ည္ေတြ စမ္းသပ္ပစ္ခတ္တာပါ။ တာေဝးပစ္ ဒုံးေတြ စမ္းသပ္ပစ္ခတ္တာဟာ ေျမာက္ကိုရီးယားအေနနဲ႔ အိမ္နီးခ်င္းႏိုင္ငံေတြက ဒုံးက်ည္ ကာကြယ္ေရးစနစ္ကို ေရွာင္လႊဲဖို႔ ျပင္ဆင္တာလို႔ အကဲခတ္ေတြက သုံးသပ္ပါတယ္။

စေနနဲ႔ တနဂၤေႏြေန႔ေတြက ဒုံးက်ည္ စမ္းသပ္ပစ္ခတ္မႈေတြဟာ ေျခာက္လအတြင္း ပထမဆုံးအႀကိမ္အျဖစ္ ေျမာက္ကိုရီးယားဘက္က စမ္းသပ္မႈပါ။ ကုလသမဂၢ လုံျခံဳေရးေကာင္စီရဲ႕ ဆုံးျဖတ္ခ်က္အရ ေျမာက္ကိုရီးယားအေနနဲ႔ ပဲ့ထိန္းသုံးဒုံးက်ည္ စမ္းသပ္ပစ္ခတ္တာေတြ မလုပ္ဖို႔ တားျမစ္ထားပါတယ္။

.....................................................................................

တိုက္႐ိုက္ လင့္ခ္


တပတ်အတွင်းဒုတိယမြောက် မြောက်ကိုရီယားဒုံးကျည်စမ်းသပ်ပစ်ခတ်

(Unicode)

မြောက်ကိုရီးယားနိုင်ငံက ဒီနေ့ ဗုဒ္ဓဟူးနေ့မှာ ပဲ့ထိန်းတပ် Ballistic ဒုံးကျည်နှစ်ခုကို စမ်းသပ်ပစ်ခတ်ခဲ့ပြီး ဒီ စမ်းသပ်မှုဟာ သီတင်းတပတ်တောင် မရှိတဲ့အချိန်အတွင်း ဒုတိယအကြိမ် ဖြစ်ပါတယ်။

ပဲ့ထိန်းဒုံးကျည်တွေကို မြောက်ကိုရီးယားနိုင်ငံ ကုန်းတွင်းအလယ်ပိုင်းကနေ စမ်းသပ်ပစ်ခတ်တာဖြစ်ပြီး တိုင်းပြည်အရှေ့ဘက် ပင်လယ်ထဲကို ကျသွားတဲ့အကြောင်း တောင်ကိုရီးယား ပူးတွဲ စစ်ဦးစီးချုပ်များအဖွဲ့ အကြီးအကဲက ဗွီအိုအေကို တယ်လီဖုန်းကနေတဆင့် စာနဲ့ ပြောခဲ့ပါတယ်။

စမ်းသပ်ပစ်ခတ်မှုနဲ့ ပတ်သက်လို့ ဘယ်လို ဒုံးကျည်မျိုးကို သုံးတယ်၊ ဘယ်လောက် အကွာအဝေးအထိ ပစ်ခတ်တယ်ဆိုတဲ့ အသေးစိတ် အချက်အလက်တွေတော့ မသိရသေးပါဘူး။ စမ်းသပ်ပစ်ခတ်တဲ့ ဒုံးကျည် ကျည်ဖူးဟာ ဂျပန်နိုင်ငံပိုင်နယ်ထဲကိုတော့ ရောက်မလာဘူးလို့ ဂျပန် ကာကွယ်ရေးဌာနက ပြောပါတယ်။

တာဝေးပစ်ပဲ့ထိန်းသုံး ဒုံးကျည်အသစ်တွေ စမ်းသပ်ပစ်ခတ်လိုက်တဲ့အကြောင်း မြောက်ကိုရီးယားဘက်က ကြေညာပြီး နှစ်ရက်အကြာမှာပဲ အခု နောက်ထပ် ပဲ့ထိန်းဒုံးကျည်တွေ စမ်းသပ်ပစ်ခတ်တာပါ။ တာဝေးပစ် ဒုံးတွေ စမ်းသပ်ပစ်ခတ်တာဟာ မြောက်ကိုရီးယားအနေနဲ့ အိမ်နီးချင်းနိုင်ငံတွေက ဒုံးကျည် ကာကွယ်ရေးစနစ်ကို ရှောင်လွှဲဖို့ ပြင်ဆင်တာလို့ အကဲခတ်တွေက သုံးသပ်ပါတယ်။

စနေနဲ့ တနင်္ဂနွေနေ့တွေက ဒုံးကျည် စမ်းသပ်ပစ်ခတ်မှုတွေဟာ ခြောက်လအတွင်း ပထမဆုံးအကြိမ်အဖြစ် မြောက်ကိုရီးယားဘက်က စမ်းသပ်မှုပါ။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်အရ မြောက်ကိုရီးယားအနေနဲ့ ပဲ့ထိန်းသုံးဒုံးကျည် စမ်းသပ်ပစ်ခတ်တာတွေ မလုပ်ဖို့ တားမြစ်ထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG