သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

 ေျမာက္ကိုရီးယားမွာ ႏ်ဴကလီးယားစက္ရံုျပန္လည္ လည္ပတ္ေနတဲ့ လကၡဏာေတြ႕ရ


ေျမာက္ကိုရိီးယားက သူ ့ရဲ့ ပထမဆံုး တိုက္ခ်င္းပစ္ဒံုးပ်ံအား မတ္လအတြင္း စမ္းသပ္ပစ္လႊတ္စဥ္ (ဓာတ္ပံု - AP)

(Zawgyi/Unicode)

ႏ်ဴကလီးယားလက္နက္ထုတ္ႏိုင္တဲ့ ပလူတိုနီယံေတြ ထုတ္လုပ္ေနတယ္လို႔ သံသယရွိခံထားရတဲ့ ႏ်ဴကလီးယားစက္႐ုံကို ေျမာက္ကိုရီးယားက ျပန္လည္ပတ္ေနတယ္လို႔ ကုလသမဂၢ ျႏဴကလီးယားေစာင့္ၾကည့္ေရး ေအဂ်င္စီ IAEA ရဲ႕ ႏွစ္ပတ္လည္ အစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။ ဒါဟာ ေျမာက္ကိုရီးယားအေနနဲ႔ ျႏဴကလီးယားလက္နက္ ပိုင္ဆိုင္မႈကို တိုးခ်ဲ႕ လုပ္ေဆာင္ေနတယ္ဆိုတာ မီးေမာင္းထိုးျပလိုက္တာလည္း ျဖစ္ပါတယ္။

ႏ်ဴကလီးယားလက္နက္ထုတ္လုပ္ႏိုင္တဲ့ အဆင့္ရွိတဲ့ ပလူတိုနီယံေတြ ထုတ္လုပ္ေနတယ္ဆိုတဲ့ ၅ မီဂါ၀ပ္ ႏ်ဴကလီးယားစက္႐ုံ ျပန္လည္ပတ္ေနတယ္တဲ့ လကၡဏာေတြကို ၂၀၁၈ ခုႏွစ္ေနာက္ပိုင္း ပထမဆုံးအႀကိမ္ ျပန္လည္ ေတြ႕ရွိရျခင္းျဖစ္ေၾကာင္း ၾသဂုတ္လ ၂၇ ရက္ေန႔ ရက္စြဲနဲ႔ထုတ္ျပန္တဲ့ IAEA ရဲ႕ အစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။

Yongbyon ႏ်ဴကလီးယားစက္႐ုံ ျပန္လည္ပတ္ေနပံုရတဲ့ အေအးခံတဲ့ေရေတြ ထုတ္ေနတယ္ဆိုတဲ့ အရိပ္လကၡဏာေတြ အခုႏွစ္ ဇူလိုင္လအေစာပိုင္းကတည္းက ေတြ႕ေနရေၾကာင္း IAEA ရဲ႕ အစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။

IAEA ရဲ႕ စုံစမ္း စစ္ေဆးေရးမွဴးေတြကို ေျမာက္ကိုရီးယားက ၂၀၀၉ ခုႏွစ္မွာ ေမာင္းထုတ္လိုက္ၿပီးကတည္းက ေျမာက္ကိုရီးယားက ႏ်ဴကလီးယား လုပ္ငန္းစဥ္ေတြကို IAEA အေနနဲ႔ သြားေရာက္ စစ္ေဆးခြင့္ မရွိေတာ့ပါဘူး။

အဲဒီလို IAEA ကိုယ္စားလွယ္ေတြကို ေမာင္းထုတ္လိုက္ၿပီးတဲ့ေနာက္ ေျမာက္ကိုရီးယားက သူ႔ရဲ႕ ႏ်ဴကလီးယားလက္နက္ တည္ေဆာက္ေရး အစီအစဥ္ေတြကို ျပန္လည္ စတင္ခဲ့ၿပီး ပစ္လြတ္ စမ္းသပ္မႈေတြလည္း ျပဳလုပ္လာခဲ့ပါတယ္။ ေျမာက္ကိုရီးယားက ၂၀၁၇ ခုႏွစ္မွာ ႏ်ဴကလီးယားလက္နက္ စမ္းသပ္ ပစ္လြတ္မႈေတြကို ေနာက္ဆုံးအႀကိမ္ ျပဳလုပ္ခဲ့ပါတယ္။

....................................................................................................

တိုက္႐ိုက္ လင့္ခ္


မြောက်ကိုရီးယားမှာ နျူကလီးယားစက်ရုံပြန်လည် လည်ပတ်နေတဲ့ လက္ခဏာတွေ့ရ

(Unicode)

နျူကလီးယားလက်နက်ထုတ်နိုင်တဲ့ ပလူတိုနီယံတွေ ထုတ်လုပ်နေတယ်လို့ သံသယရှိခံထားရတဲ့ နျူကလီးယားစက်ရုံကို မြောက်ကိုရီးယားက ပြန်လည်ပတ်နေတယ်လို့ ကုလသမဂ္ဂ နြူကလီးယားစောင့်ကြည့်ရေး အေဂျင်စီ IAEA ရဲ့ နှစ်ပတ်လည် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဒါဟာ မြောက်ကိုရီးယားအနေနဲ့ နြူကလီးယားလက်နက် ပိုင်ဆိုင်မှုကို တိုးချဲ့ လုပ်ဆောင်နေတယ်ဆိုတာ မီးမောင်းထိုးပြလိုက်တာလည်း ဖြစ်ပါတယ်။

နျူကလီးယားလက်နက်ထုတ်လုပ်နိုင်တဲ့ အဆင့်ရှိတဲ့ ပလူတိုနီယံတွေ ထုတ်လုပ်နေတယ်ဆိုတဲ့ ၅ မီဂါဝပ် နျူကလီးယားစက်ရုံ ပြန်လည်ပတ်နေတယ်တဲ့ လက္ခဏာတွေကို ၂၀၁၈ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ပြန်လည် တွေ့ရှိရခြင်းဖြစ်ကြောင်း သြဂုတ်လ ၂၇ ရက်နေ့ ရက်စွဲနဲ့ထုတ်ပြန်တဲ့ IAEA ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

Yongbyon နျူကလီးယားစက်ရုံ ပြန်လည်ပတ်နေပုံရတဲ့ အအေးခံတဲ့ရေတွေ ထုတ်နေတယ်ဆိုတဲ့ အရိပ်လက္ခဏာတွေ အခုနှစ် ဇူလိုင်လအစောပိုင်းကတည်းက တွေ့နေရကြောင်း IAEA ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

IAEA ရဲ့ စုံစမ်း စစ်ဆေးရေးမှူးတွေကို မြောက်ကိုရီးယားက ၂၀၀၉ ခုနှစ်မှာ မောင်းထုတ်လိုက်ပြီးကတည်းက မြောက်ကိုရီးယားက နျူကလီးယား လုပ်ငန်းစဉ်တွေကို IAEA အနေနဲ့ သွားရောက် စစ်ဆေးခွင့် မရှိတော့ပါဘူး။

အဲဒီလို IAEA ကိုယ်စားလှယ်တွေကို မောင်းထုတ်လိုက်ပြီးတဲ့နောက် မြောက်ကိုရီးယားက သူ့ရဲ့ နျူကလီးယားလက်နက် တည်ဆောက်ရေး အစီအစဉ်တွေကို ပြန်လည် စတင်ခဲ့ပြီး ပစ်လွတ် စမ်းသပ်မှုတွေလည်း ပြုလုပ်လာခဲ့ပါတယ်။ မြောက်ကိုရီးယားက ၂၀၁၇ ခုနှစ်မှာ နျူကလီးယားလက်နက် စမ်းသပ် ပစ်လွတ်မှုတွေကို နောက်ဆုံးအကြိမ် ပြုလုပ်ခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG