Zawgyi/Unicode
ေျမာက္ကိုရီးယားႏိုင္ငံက အဂၤါေန႔မွာ ေနာက္ထပ္ ဒုံးက်ည္တစ္စင္း စမ္းသပ္ပစ္လႊတ္ လိုက္ပါတယ္။ ေတာင္ကိုရီးယားက ရန္လိုတယ္လို႔ ကုလသမဂၢ အေထြေထြ ညီလာခံမွာ ေျမာက္ကိုရီးယားသံအမတ္ႀကီးက မစြပ္စြဲမီ မိနစ္ပိုင္းအလိုမွာ အဲဒီလို စမ္းသပ္ ပစ္လႊတ္လိုက္တာပါ။
အေရွ႕ဘက္ကမ္းပင္လယ္ဆီကို အဲဒီလို ပစ္လႊတ္လိုက္တာကို ေျမာက္ကိုရီးယား မီဒီယာေတြက ေဖာ္ျပခဲ့တယ္လို႔ ေတာင္ကိုရီးယားစစ္တပ္က ဆိုပါတယ္။ ေျမာက္ ကိုရီးယား ပစ္လႊတ္လိုက္တာက တိုက္ခ်င္းပစ္ ဒုံးက်ည္ျဖစ္ႏိုင္တယ္လို႔ ဂ်ပန္ႏိုင္ငံ ဝန္ႀကီးခ်ဳပ္ Yoshihide Suga က ေျပာပါတယ္။ဂ်ပန္ႏိုင္ငံက ေစာင့္ၾကည္ေနတာ ကို ပိုမို သတိရွိရွိ ေစာင့္ၾကည့္မယ္လို႔လည္း ဝန္ႀကီးခ်ဳပ္က ေျပာသြားပါတယ္။
ေတာင္ကိုရီးယားနဲ႔ ေဆြးေႏြးဖို႔ဖြင့္ထားေၾကာင္း ေျမာက္ကိုရီးယားက ေျပာခဲ့ၿပီး ရက္ပိုင္းပဲအၾကာမွာ ခုလို ပစ္လႊတ္ခဲ့တာကို သတိျပဳသင့္ေၾကာင္း သုံးသပ္သူေတြ က ေထာက္ျပပါတယ္။
ဒီလ အေစာပိုင္းမွာ ေျမာက္ကိုရီးယားက တာတိုပစ္ ဒုံးက်ည္ ၂ စင္းကို ပစ္လႊတ္ခဲ့ၿပီး ဂ်ပန္ႏိုင္ငံရဲ႕ စီးပြါးေရးဇုံထဲ က်ခဲ့ပါတယ္။ အဲဒီ ၂ ရက္ မတိုင္မီကလည္း တာေဝးပစ္ ဒုံးက်ည္တစင္းကို ပစ္လႊတ္ခဲ့ပါေသးတယ္။ ေတာင္ကိုရီးယားႏိုင္ငံကလည္းျ ပည္တြင္းမွာပဲ ထုတ္လုပ္ခဲ့တဲ့ ဒုံးက်ည္တစင္းကို ေရငုပ္သေဘၤာကေန ဒီလအေစာပိုင္းက ပစ္လႊတ္ခဲ့ပါေသးတယ္။ ေတာင္ကိုရီးယားဟာ ဒုံးက်ည္ကို ေအာင္ေအာင္ျမင္ျမင္ စမ္းသပ္ပစ္လႊတ္ႏိုင္တဲ့ ခုနစ္ႏိုင္ငံေျမာက္ တိုင္းျပည္ ျဖစ္လာခဲ့ပါတယ္။
======
Unicode
မြောက်ကိုရီယားက နောက်တကြိမ် ဒုံးကျည်စမ်းသပ်ပစ်လွှတ်
မြောက်ကိုရီးယားနိုင်ငံက အင်္ဂါနေ့မှာ နောက်ထပ် ဒုံးကျည်တစ်စင်း စမ်းသပ်ပစ်လွှတ် လိုက်ပါတယ်။ တောင်ကိုရီးယားက ရန်လိုတယ်လို့ ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ မြောက်ကိုရီးယားသံအမတ်ကြီးက မစွပ်စွဲမီ မိနစ်ပိုင်းအလိုမှာ အဲဒီလို စမ်းသပ် ပစ်လွှတ်လိုက်တာပါ။
အရှေ့ဘက်ကမ်းပင်လယ်ဆီကို အဲဒီလို ပစ်လွှတ်လိုက်တာကို မြောက်ကိုရီးယား မီဒီယာတွေက ဖော်ပြခဲ့တယ်လို့ တောင်ကိုရီးယားစစ်တပ်က ဆိုပါတယ်။ မြောက် ကိုရီးယား ပစ်လွှတ်လိုက်တာက တိုက်ချင်းပစ် ဒုံးကျည်ဖြစ်နိုင်တယ်လို့ ဂျပန်နိုင်ငံ ဝန်ကြီးချုပ် Yoshihide Suga က ပြောပါတယ်။ဂျပန်နိုင်ငံက စောင့်ကြည်နေတာ ကို ပိုမို သတိရှိရှိ စောင့်ကြည့်မယ်လို့လည်း ဝန်ကြီးချုပ်က ပြောသွားပါတယ်။
တောင်ကိုရီးယားနဲ့ ဆွေးနွေးဖို့ဖွင့်ထားကြောင်း မြောက်ကိုရီးယားက ပြောခဲ့ပြီး ရက်ပိုင်းပဲအကြာမှာ ခုလို ပစ်လွှတ်ခဲ့တာကို သတိပြုသင့်ကြောင်း သုံးသပ်သူတွေ က ထောက်ပြပါတယ်။
ဒီလ အစောပိုင်းမှာ မြောက်ကိုရီးယားက တာတိုပစ် ဒုံးကျည် ၂ စင်းကို ပစ်လွှတ်ခဲ့ပြီး ဂျပန်နိုင်ငံရဲ့ စီးပွါးရေးဇုံထဲ ကျခဲ့ပါတယ်။ အဲဒီ ၂ ရက် မတိုင်မီကလည်း တာဝေးပစ် ဒုံးကျည်တစင်းကို ပစ်လွှတ်ခဲ့ပါသေးတယ်။ တောင်ကိုရီးယားနိုင်ငံကလည်းြ ပည်တွင်းမှာပဲ ထုတ်လုပ်ခဲ့တဲ့ ဒုံးကျည်တစ်စင်းကို ရေငုပ်သင်္ဘောကနေ ဒီလအစောပိုင်းက ပစ်လွှတ်ခဲ့ပါသေးတယ်။ တောင်ကိုရီးယားဟာ ဒုံးကျည်ကို အောင်အောင်မြင်မြင် စမ်းသပ်ပစ်လွှတ်နိုင်တဲ့ ခုနစ်နိုင်ငံမြောက် တိုင်းပြည် ဖြစ်လာခဲ့ပါတယ်။
#NorthKoreaMissile #KoreaConflict #VOABurmese#တောင်မြောက်ကိုရီးယား#ဒုံးကျည်#တိုက်ချင်းပစ်