သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေျမာက္ကိုရီးယား ဒံုးက်ည္စမ္းသပ္မႈ ရည္ရြယ္ခ်က္ ဘာျဖစ္ႏိုင္သလဲ


ေျမာက္ကိုရီးယားဟာ တာတိုပစ္ မစ္ဇိုင္း ဒုံးလက္ႏွက္ ၂ ခုကို ဗုဒၶဟူးေန႔က စမ္းသပ္ပစ္ခတ္ခဲ့ပါတယ္။

ေျမာက္ကိုရီးယားဟာ တာတိုပစ္ မစ္ဇိုင္း ဒုံးလက္ႏွက္ ၂ ခုကို ဗုဒၶဟူးေန႔က စမ္းသပ္ပစ္ခတ္ခဲ့ပါတယ္။ ဒါဟာ တပတ္အတြင္း ဒုတိယ အႀကိမ္စမ္းသပ္ပစ္ခတ္တာျဖစ္ပါတယ္။ ဒါဟာဆိုရင္ ေျမာက္ကိုရီးယားညဴကလီးယားလက္ႏွက္နဲ႕ပတ္သက္တဲ့ေဆြးေႏြမႈေတြရပ္ဆိုင္ေနတဲ့ ကာလအတြင္း အေမရိကန္ကိုဖိအားေပးဖို႔က်ိဳးစားတဲ့သေဘာလည္းသက္ေရာက္ပါတယ္။ VOA သတင္းေထာက္ Bill Gallo ဆိုးလ္ၿမိဳ႕ေတာ္ကေန သတင္းေပးပို႔ထားတာကို ကိုေဇာ္မိုးေက်ာ္ကတင္ျပေပးပါမယ္။

၆ လေလာက္ၿငိမ္သက္ေနတဲ့ ေျမာက္ကိုရီးယားသတင္းေတြဟာ ခ႐ုမစ္ဇိုင္း ဒုံးက်ည္ေတြစမ္းသပ္ေအာင္ျမင္တဲ့ အေၾကာင္း ေၾကာျငာလိုက္တဲ့ တနလၤာေန႔မွာေတာ့ ေျမာက္ကိုရီးယားသတင္းဟာ ေခါင္းႀကီးပိုင္းကေန ျပန္ေပၚလာပါတယ္။ အဲဒိလိုေၾကျငာၿပိး ၂ ရက္အၾကာ ဗုဒၶဟူးေန႔မွာေတာ့ ေနာက္ထပ္ တာတိုပစ္ မစ္ဇိုင္း ဒုံးက်ည္ ၂ လုံးကိုထပ္မံစမ္းသပ္ပစ္ခတ္လိုက္တာျဖစ္ပါတယ္။

အကဲခတ္ေတြကေတာ့ အခုလို မစ္ဇိုင္းေတြပစ္ခတ္စမ္းသပ္တာဟာ ညဴကလီးယားေဆြးေႏြးဖက္ျဖစ္တဲ့ အေမရိကန္ နဲ႕ ေဆြးေႏြးၫွိႏိုင္းမႈအတြက္ အားသာခ်က္ျဖစ္ေအာင္ဖိအားေပးတာလို႔တြက္ခ်က္ေျပာဆိုၾကပါတယ္။ ေျမာက္ကိုရီးယားဟာ ေဆြးေႏြးၫွိႏိုင္းမႈေတြမလုပ္ခင္ တင္းမာတဲ့ဖိအားေပးမႈေတြလုပ္ေလ့ရွိပါတယ္။

ေျမာက္ကိုရီးယားအေနနဲ႕ အေမရိကန္ရဲ႕ စိတ္၀င္စားမႈရရွိေအာင္ ရန္စတဲ့သေဘာျဖစ္ႏိုင္တယ္လို႔ ဆိုးၿမိဳ႕ေတာ္မွာရွိတဲ့ ယုံစီ တကၠသိုလ္ က Yonsei University က ပါေမာကၡ ဘုံ ေရာင္ ရွိတ္ Bong Young Shik ကေျပာဆိုပါတယ္။

" ေျမာက္ကိုရီးယားနဲ႕ပတ္သက္ၿပီး သတိႀကီးႀကီးနဲ႕၊ ပူးေပါင္းေဆာင္ရြက္မႈလုပ္မယ္ဆိုတဲ့ မူဝါဒ ကိုခ်မွတ္ထားၿပီး၊ မတုန္မလႈပ္ လုပ္ေနတဲ့ သမတ ဘိုင္ဒင္ ရဲ႕ အစိုးရအေပၚမွာ မေၾကနပ္ေၾကာင္းျပသလိုတဲ့အတြက္ အခုလိုလုပ္တာျဖစ္ႏိုင္ပါတယ္။"

သမတ ဘိုင္ဒင္အစိုးရအေနနဲ႕ ေျမာက္ကိုရီးယားနဲ႕ ညဴကလီးယား ေဆြးေႏြးပဲြေတြျပန္လည္စတင္လိုေၾကာင္း ေဖၚျပခဲ့ေပမယ့္။ အာဖကန္ ကတပ္ေတြျပန္႐ုတ္သိမ္းေရးနဲ႕ ကိုဗစ္ ၁၉ တုန္႕ျပန္ေဆာင္ရြက္ေရးေတြကိုသာအာ႐ုံစိုက္လုပ္ကိုင္ေနတဲ့အတြက္ ေျမာက္ကိုရီးယားအေနနဲ႕ သူ႔ကိုလစ္လ်ဴ႕ရႉ့ထားတယ္လို႔ခံစားေကာင္းခံစားရႏိုင္တယ္လို႔ တခ်ိဳ႕သုေတသီေတြကေျပာပါတယ္။

ပတ္ခတ္စမ္းသတ္မႈေတြဟာ အျမင့္ဆုံးဖိအားေပးဖို႔ျဖစ္ပါတယ္။ ေျမာက္ကိုရီးယားရဲ႕ေနာက္ဆုံးပိတ္စမ္းသပ္မႈဟာ ေျမာက္ကိုရီးယားဆိုင္ရာ အေမရိကန္ကိုစားလွယ္ ဆမ္ ခင္ Sung Kim ဂ်ပန္ႏိုင္ငံတိုက်ိဳၿမိဳ႕ကိုေရာက္ရွိေနၿပီး၊ ေျမာက္ကိုရီးယားဆိုင္ရာ ဂ်ပန္ကိုယ္စားလွယ္နဲ႕ေတြဆုံတဲ့အခ်ိန္နဲ႕လည္းတိုက္ဆိုင္ေနပါတယ္။

အေမရိကန္အေနနဲ႕ ေဆြးေႏြးပဲြကို ႀကိဳတင္သတ္မွတ္ခ်က္ေတြမရွိဘဲ ျပန္လည္စတင္လိုတယ္လို႔ အေမရိကန္ကိုယ္စားလွယ္က အဂၤါေန႔တုန္းက ထပ္မံေျပာဆိုခဲ့ပါတယ္။

ဒါေပမယ့္ ေျမာက္ကိုရီးယားအေရးေလ့လာသူတဦးျဖစ္တဲ့ ပတ္ ဝုန္ ဂုန္ Park Won-gon ကေတာ့ အေမရိကန္က ပိတ္ဆို႔အေရးယူထားတာကို ေျဖေလ်ာ့မေပးတဲ့အတြက္ ဒီလိုေျပာဆို႐ုံနဲ႕ေတာ့ေျမာက္ကိုရီးယားက ေၾကနပ္ႏိုင္မွာမဟုတ္ဘူးလို႔ ေျပာဆိုပါတယ္။

ေျမာက္ကိုရီးယားအေနနဲ႕ တႏွစ္ပတ္လုံး ျပည္တြင္းေရးကိုသာလုံးပန္းေနခဲ့ပါတယ္။ ေရႀကီးမႈ နဲ႕ အပူလႈိင္းျဖတ္မႈဒါဏ္ကို ခံခဲ့ရပါတယ္။ ဒါ့အျပင္ ကိုဗစ္ျဖစ္ပြားမႈေၾကာင့္ ကမ႓ာေပၚမွာအတင္းၾကပ္ဆုံး အျပင္မထြက္ရအမိန္႕ lockdown ကိုလည္းခ်မွတ္ထားပါတယ္။

ဒီလိုအၾကပ္တည္းေတြေၾကာင့္ ေျမာက္ကိုရီးယားအေနနဲ႕ ေနာက္ထပ္ စီးပြားေရးနဲ႕သတမံေရးဆိုင္ရာပိတ္ဆို႔မႈေတြကို ျဖစ္ေပၚေစမယ့္ ညဴကလီးယားလက္ႏွက္စမ္းသပ္ရန္စတာမ်ိဳးကို ဆက္မလုပ္ေလာက္ဘူးလို႔ အကဲခတ္တခ်ိဳ႕ကေတာ့ ေမွ်ာ္လင့္ေနပါတယ္။

-----------------------------------------

မြောက်ကိုရီးယား ဒုံးကျည်စမ်းသပ်မှု ရည်ရွယ်ချက် ဘာဖြစ်နိုင်သလဲ

မြောက်ကိုရီးယားဟာ တာတိုပစ် မစ်ဇိုင်း ဒုံးလက်နှက် ၂ ခုကို ဗုဒ္ဓဟူးနေ့က စမ်းသပ်ပစ်ခတ်ခဲ့ပါတယ်။ ဒါဟာ တပတ်အတွင်း ဒုတိယ အကြိမ်စမ်းသပ်ပစ်ခတ်တာဖြစ်ပါတယ်။ ဒါဟာဆိုရင် မြောက်ကိုရီးယားညူကလီးယားလက်နှက်နဲ့ပတ်သက်တဲ့ဆွေးနွေမှုတွေရပ်ဆိုင်နေတဲ့ ကာလအတွင်း အမေရိကန်ကိုဖိအားပေးဖို့ကျိုးစားတဲ့သဘောလည်းသက်ရောက်ပါတယ်။ VOA သတင်းထောက် Bill Gallo ဆိုးလ်မြို့တော်ကနေ သတင်းပေးပို့ထားတာကို ကိုဇော်မိုးကျော်ကတင်ပြပေးပါမယ်။

၆ လလောက်ငြိမ်သက်နေတဲ့ မြောက်ကိုရီးယားသတင်းတွေဟာ ခရုမစ်ဇိုင်း ဒုံးကျည်တွေစမ်းသပ်အောင်မြင်တဲ့ အကြောင်း ကြောငြာလိုက်တဲ့ တနင်္လာနေ့မှာတော့ မြောက်ကိုရီးယားသတင်းဟာ ခေါင်းကြီးပိုင်းကနေ ပြန်ပေါ်လာပါတယ်။ အဲဒိလိုကြေငြာပြိး ၂ ရက်အကြာ ဗုဒ္ဓဟူးနေ့မှာတော့ နောက်ထပ် တာတိုပစ် မစ်ဇိုင်း ဒုံးကျည် ၂ လုံးကိုထပ်မံစမ်းသပ်ပစ်ခတ်လိုက်တာဖြစ်ပါတယ်။

အကဲခတ်တွေကတော့ အခုလို မစ်ဇိုင်းတွေပစ်ခတ်စမ်းသပ်တာဟာ ညူကလီးယားဆွေးနွေးဖက်ဖြစ်တဲ့ အမေရိကန် နဲ့ ဆွေးနွေးညှိနိုင်းမှုအတွက် အားသာချက်ဖြစ်အောင်ဖိအားပေးတာလို့တွက်ချက်ပြောဆိုကြပါတယ်။ မြောက်ကိုရီးယားဟာ ဆွေးနွေးညှိနိုင်းမှုတွေမလုပ်ခင် တင်းမာတဲ့ဖိအားပေးမှုတွေလုပ်လေ့ရှိပါတယ်။

မြောက်ကိုရီးယားအနေနဲ့ အမေရိကန်ရဲ့ စိတ်ဝင်စားမှုရရှိအောင် ရန်စတဲ့သဘောဖြစ်နိုင်တယ်လို့ ဆိုးမြို့တော်မှာရှိတဲ့ ယုံစီ တက္ကသိုလ် က Yonsei University က ပါမောက္ခ ဘုံ ရောင် ရှိတ် Bong Young Shik ကပြောဆိုပါတယ်။

" မြောက်ကိုရီးယားနဲ့ပတ်သက်ပြီး သတိကြီးကြီးနဲ့၊ ပူးပေါင်းဆောင်ရွက်မှုလုပ်မယ်ဆိုတဲ့ မူဝါဒ ကိုချမှတ်ထားပြီး၊ မတုန်မလှုပ် လုပ်နေတဲ့ သမတ ဘိုင်ဒင် ရဲ့ အစိုးရအပေါ်မှာ မကြေနပ်ကြောင်းပြသလိုတဲ့အတွက် အခုလိုလုပ်တာဖြစ်နိုင်ပါတယ်။"

သမတ ဘိုင်ဒင်အစိုးရအနေနဲ့ မြောက်ကိုရီးယားနဲ့ ညူကလီးယား ဆွေးနွေးပွဲတွေပြန်လည်စတင်လိုကြောင်း ဖေါ်ပြခဲ့ပေမယ့်။ အာဖကန် ကတပ်တွေပြန်ရုတ်သိမ်းရေးနဲ့ ကိုဗစ် ၁၉ တုန့်ပြန်ဆောင်ရွက်ရေးတွေကိုသာအာရုံစိုက်လုပ်ကိုင်နေတဲ့အတွက် မြောက်ကိုရီးယားအနေနဲ့ သူ့ကိုလစ်လျူ့ရှူ့ထားတယ်လို့ခံစားကောင်းခံစားရနိုင်တယ်လို့ တချို့သုတေသီတွေကပြောပါတယ်။

ပတ်ခတ်စမ်းသတ်မှုတွေဟာ အမြင့်ဆုံးဖိအားပေးဖို့ဖြစ်ပါတယ်။ မြောက်ကိုရီးယားရဲ့နောက်ဆုံးပိတ်စမ်းသပ်မှုဟာ မြောက်ကိုရီးယားဆိုင်ရာ အမေရိကန်ကိုစားလှယ် ဆမ် ခင် Sung Kim ဂျပန်နိုင်ငံတိုကျိုမြို့ကိုရောက်ရှိနေပြီး၊ မြောက်ကိုရီးယားဆိုင်ရာ ဂျပန်ကိုယ်စားလှယ်နဲ့တွေဆုံတဲ့အချိန်နဲ့လည်းတိုက်ဆိုင်နေပါတယ်။

အမေရိကန်အနေနဲ့ ဆွေးနွေးပွဲကို ကြိုတင်သတ်မှတ်ချက်တွေမရှိဘဲ ပြန်လည်စတင်လိုတယ်လို့ အမေရိကန်ကိုယ်စားလှယ်က အင်္ဂါနေ့တုန်းက ထပ်မံပြောဆိုခဲ့ပါတယ်။

ဒါပေမယ့် မြောက်ကိုရီးယားအရေးလေ့လာသူတဦးဖြစ်တဲ့ ပတ် ဝုန် ဂုန် Park Won-gon ကတော့ အမေရိကန်က ပိတ်ဆို့အရေးယူထားတာကို ဖြေလျော့မပေးတဲ့အတွက် ဒီလိုပြောဆိုရုံနဲ့တော့မြောက်ကိုရီးယားက ကြေနပ်နိုင်မှာမဟုတ်ဘူးလို့ ပြောဆိုပါတယ်။

မြောက်ကိုရီးယားအနေနဲ့ တနှစ်ပတ်လုံး ပြည်တွင်းရေးကိုသာလုံးပန်းနေခဲ့ပါတယ်။ ရေကြီးမှု နဲ့ အပူလှိုင်းဖြတ်မှုဒါဏ်ကို ခံခဲ့ရပါတယ်။ ဒါ့အပြင် ကိုဗစ်ဖြစ်ပွားမှုကြောင့် ကမ္ဘာပေါ်မှာအတင်းကြပ်ဆုံး အပြင်မထွက်ရအမိန့် lockdown ကိုလည်းချမှတ်ထားပါတယ်။

ဒီလိုအကြပ်တည်းတွေကြောင့် မြောက်ကိုရီးယားအနေနဲ့ နောက်ထပ် စီးပွားရေးနဲ့သတမံရေးဆိုင်ရာပိတ်ဆို့မှုတွေကို ဖြစ်ပေါ်စေမယ့် ညူကလီးယားလက်နှက်စမ်းသပ်ရန်စတာမျိုးကို ဆက်မလုပ်လောက်ဘူးလို့ အကဲခတ်တချို့ကတော့ မျှော်လင့်နေပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG