သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရေငုပ်သင်္ဘောကနေ ဒုံးကျည်စမ်းသပ်မှု မြောက်ကိုရီးယားပြုလုပ်


မြောက်ကိုရီးယားက ရေငုပ်သင်္ဘောပေါ်က ပစ်လွှတ်တဲ့ ပဲ့ထိန်းတပ်ဒုံးကျည် စမ်းသပ်ပစ်လွှတ်
မြောက်ကိုရီးယားက ရေငုပ်သင်္ဘောပေါ်က ပစ်လွှတ်တဲ့ ပဲ့ထိန်းတပ်ဒုံးကျည် စမ်းသပ်ပစ်လွှတ်

{{Zawgyi/Unicode}}

ရေငုပ်သင်္ဘောကနေပစ်တဲ့ ပဲ့ထိန်းတပ် ဒုံးကျည်နောက်တစင်းကို မြောက်ကိုရီးယားက ထပ်မံ စမ်းသပ်ပစ်လွှတ်ကြောင်း တောင်ကိုရီးယားစစ်တပ်ကဒီကနေ့ပြောပါတယ်။ တောင်ပိုင်း Hamgyong ပြည်နယ်၊ Sinpo ဒေသကနေ မြောက်ကိုရီးယား ဒေသစံတော်ချိန် မနက် ၁၀ နာရီ ၁၇ မိနစ်လောက်မှာ တခုတည်းသော ပဲထိန်းဒုံးကို စမ်းသပ်ပစ်လွှတ်ခဲ့တာပါ။

တောင်ကိုရီးယားက အလားတူ ဒုံးကျည်ကို ပြီးခဲ့တဲ့လက စမ်းသပ်ပစ်လွှတ်ခဲ့ပြီး ကမ္ဘာပေါ်မှာ ဒီလို ဒုံးကျည်မျိုး ပစ်လွှတ်နိုင်တဲ့ အဌမမြောက် နိုင်ငံ ဖြစ်လာခဲ့ပါတယ်။ လာမယ့် ၂ ရက်မှာ အာကာသထဲကို တောင်ကိုရီးယားက ဒုံးပျံပစ်လွှတ်ဖို့လည်း စီစဉ်ထားပါတယ်။ ဒီလို အချိန်တွေ နဲ့ကိုက်ပြီး မြောက်ကိုရီးယားက ခုလို စမ်းသပ်လိုက်တာပါ။ ဒါ့အပြင် ဂျပန်၊ တောင်ကိုရီးယားနဲ့ အမေရိကန် ထောက်လှမ်းရေး အကြီးအကဲတွေ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်မှာ တွေ့ဆုံ ဆွေးနွေးနေချိန်မှာပဲ ခုလို စမ်းသပ်ပစ်လွှတ်တာ ဖြစ်တယ်လို့ တောင်ကိုရီးယားရဲ့ Yonhap သတင်းဌာနက ဆိုပါတယ်။

တာဝေးပဲဖြစ်ဖြစ်၊ တာတိုပဲဖြစ်ဖြစ် ဒီလို ဒုံးကျည်မျိုး မစမ်းသပ်ရလို့ မြောက်ကိုရီးယားအပေါ် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက တားဖြစ်ထားပါတယ်။

ကိုရီးယားကျွန်းဆွယ်မှာ နျူကလီးယားလက်နက် ကင်းရှင်း‌ရေး ဦးတည်ပြီး၊ တောင်-မြောက် ကိုရီးယား တင်းမာမှု လျှော့ချနိုင်ရေးအတွက် စေ့စပ်ဆွေးနွေးပွဲတွေ ပြန်စဖို့ တောင်ကိုရီးယားနဲ့ အမေရိကန် ပြည်ထောင်စုတို့က မြောက်ကိုရီးယားကို အကြိမ်ကြိမ် ကမ်းလှမ်းထားပါတယ်။ဒါပေမဲ့ အဲဒီလို ကမ်းလှမ်းတာကို ယုံကြည်နိုင်လောက်တဲ့ လက်တွေ့အပြုအမူမရှိလို့ ဆိုပြီး မြောက်ကိုရီးယားက ပယ်ချထားပါတယ်။

တိုက်ရိုက် လင့်ခ်


-----------

{{Zawgyi/Unicode}}






#NorthKoreaWeapons #NorthKorea #NorthKoreaMissiles #VOABurmese

=======

XS
SM
MD
LG