သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေျမာက္ကိုရီးယားအေပၚ ဒဏ္ခတ္ပိတ္ဆို႔မႈ ႐ုပ္သိမ္းေရး တ႐ုတ္ နဲ႔ ႐ုရွား ေတာင္းဆိုမည္


This undated picture released from North Korea's official Korean Central News Agency (KCNA) on May 24, 2020 shows North Korean leader Kim Jong Un attending the Central Military Commission of the Workers' Party of Korea in an undisclosed location in North

Zawgyi

ေျမာက္ကိုရီးယားအေပၚ ဒဏ္ခတ္ပိတ္ဆို႔မႈ ႐ုပ္သိမ္းေရး တ႐ုတ္ နဲ႔ ႐ုရွား ေတာင္းဆိုမည္

ေျမာက္ကိုရီးယားႏိုင္ငံအေပၚ ကုလသမဂၢလုံၿခဳံေရးေကာင္စီ က ခ်မွတ္ထားတဲ့ စီးပြားေရးဆိုင္ရာပိတ္ဆို႔ဒဏ္ခတ္မႈေတြကို ႐ုပ္သိမ္းေပးဖို႔တိုက္တြန္းတဲ့ ပူးတြဲေၾကညာခ်က္တေဆာင္ကို ႐ုရွား နဲ႔ တ႐ုတ္ႏိုင္ငံတို႔က ထုတ္ျပန္ဖို႔လုပ္ေဆာင္ေနပါတယ္။ အဲဒီအထဲမွာ ႏိုင္ငံရပ္ျခားမွာ အလုပ္လုပ္ကိုင္ေနၾကတဲ့ ေျမာက္ကိုးရီယားႏိုင္ငံသားေတြ သူတို႔ႏိုင္ငံကို ေငြျပန္ပို႔ေပးႏိုင္ေရး၊ ပင္လယ္အစားအစာေတြ နဲ႔ ခ်ည္ထည္ပစၥည္းေတြကို ျပည္ပတင္ပို႔ခြင့္ရရွိေရး၊ ေလာင္စာဆီေတြတင္သြင္းခြင့္ ထိန္းခ်ဳပ္ကန႔္သတ္ထားတာေတြ အဆုံးသတ္ေရးတို႔ပါဝင္ၾကပါတယ္။ AP နဲ႔ Reuters သတင္းဌာတို႔က သီးျခားစီရရွိထားၾကတဲ့ အဲဒီ ေၾကညာခ်က္မႈၾကမ္းထဲမွာ ေျမာက္ကိုရီးယားျပည္သူေတြရဲ႕ ေန႔စဥ္လူေနမႈဘဝေတြ ျမႇင့္တင္ဖို႔ရည္႐ြယ္ၿပီး ပိတ္ဆို႔ဒဏ္ခတ္မႈေတြကို ႐ုပ္သိမ္းေပးဖို႔အတြက္ လုံၿခဳံေရးေကာင္စီအဖြဲ႕ဝင္ ၁၅ႏိုင္ငံကို တိုက္တြန္းထားပါတယ္။ ၂ဝ၁၉ ခုႏွစ္ကလည္း တရုတ္နဲ႔ ရုရွားတို႔က အလားတူ ထုတ္ျပန္ခ်က္ခ်က္တခုကို လုံၿခဳံေရးေကာင္စီကို တိုက္တြန္းခဲ့ေပမယ့္ အေမရိကန္ နဲ႔ အေနာက္ႏိုင္ငံေတြက ကန္႔ကြက္ခဲ့တဲ့အတြက္ ပ်က္ျပယ္ခဲ့ပါတယ္။ ႏိုင္ငံတကာအသိုင္းအဝုိင္းကို အာခံၿပီး ေျမာက္ကိုးရီးယားႏိုင္ငံအေနနဲ႔အႏုျမဴလက္နက္နဲ႔ တာေဝးပစ္ဒုံးပ်ံေတြကို ပိုမိုအဆင့္ျမင္ေအာင္ စမ္းသပ္လုပ္ေဆာင္ေနတဲ့အတြက္ ၂ဝဝ၆ ခုႏွစ္က ကုလသမဂၢကေန ပိတ္ဆို႔ဒဏ္ခတ္မႈေတြလုပ္ေဆာင္ခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

###

Unicode

မြောက်ကိုရီးယားအပေါ် ဒဏ်ခတ်ပိတ်ဆို့မှု ရုပ်သိမ်းရေး တရုတ် နဲ့ ရုရှား တောင်းဆိုမည်

မြောက်ကိုရီးယားနိုင်ငံအပေါ် ကုလသမဂ္ဂလုံခြုံရေးကောင်စီ က ချမှတ်ထားတဲ့ စီးပွားရေးဆိုင်ရာပိတ်ဆို့ဒဏ်ခတ်မှုတွေကို ရုပ်သိမ်းပေးဖို့တိုက်တွန်းတဲ့ ပူးတွဲကြေညာချက်တဆောင်ကို ရုရှား နဲ့ တရုတ်နိုင်ငံတို့က ထုတ်ပြန်ဖို့လုပ်ဆောင်နေပါတယ်။ အဲဒီအထဲမှာ နိုင်ငံရပ်ခြားမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြောက်ကိုးရီယားနိုင်ငံသားတွေ သူတို့နိုင်ငံကို ငွေပြန်ပို့ပေးနိုင်ရေး၊ ပင်လယ်အစားအစာတွေ နဲ့ ချည်ထည်ပစ္စည်းတွေကို ပြည်ပတင်ပို့ခွင့်ရရှိရေး၊ လောင်စာဆီတွေတင်သွင်းခွင့် ထိန်းချုပ်ကန့်သတ်ထားတာတွေ အဆုံးသတ်ရေးတို့ပါဝင်ကြပါတယ်။ AP နဲ့ Reuters သတင်းဌာတို့က သီးခြားစီရရှိထားကြတဲ့ အဲဒီ ကြေညာချက်မှုကြမ်းထဲမှာ မြောက်ကိုရီးယားပြည်သူတွေရဲ့ နေ့စဉ်လူနေမှုဘဝတွေ မြှင့်တင်ဖို့ရည်ရွယ်ပြီး ပိတ်ဆို့ဒဏ်ခတ်မှုတွေကို ရုပ်သိမ်းပေးဖို့အတွက် လုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၅နိုင်ငံကို တိုက်တွန်းထားပါတယ်။ ၂ဝ၁၉ ခုနှစ်ကလည်း တရုတ်နဲ့ ရုရှားတို့က အလားတူ ထုတ်ပြန်ချက်ချက်တခုကို လုံခြုံရေးကောင်စီကို တိုက်တွန်းခဲ့ပေမယ့် အမေရိကန် နဲ့ အနောက်နိုင်ငံတွေက ကန့်ကွက်ခဲ့တဲ့အတွက် ပျက်ပြယ်ခဲ့ပါတယ်။ နိုင်ငံတကာအသိုင်းအဝိုင်းကို အာခံပြီး မြောက်ကိုးရီးယားနိုင်ငံအနေနဲ့အနုမြူလက်နက်နဲ့ တာဝေးပစ်ဒုံးပျံတွေကို ပိုမိုအဆင့်မြင်အောင် စမ်းသပ်လုပ်ဆောင်နေတဲ့အတွက် ၂ဝဝ၆ ခုနှစ်က ကုလသမဂ္ဂကနေ ပိတ်ဆို့ဒဏ်ခတ်မှုတွေလုပ်ဆောင်ခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG