သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယား ဒုံးကျည် ပစ်လွှတ်စမ်းသပ်


မြောက်ကိုရီးယားက ပဲ့ထိန်းတပ်ဒုံးကျည် စမ်းသပ်ပစ်လွှတ်ရာလမ်းကြောင်းပြ မြေပုံ။ (ဇန်နဝါရီ ၅၊ ၂၀၂၂)
မြောက်ကိုရီးယားက ပဲ့ထိန်းတပ်ဒုံးကျည် စမ်းသပ်ပစ်လွှတ်ရာလမ်းကြောင်းပြ မြေပုံ။ (ဇန်နဝါရီ ၅၊ ၂၀၂၂)

[[Zawgyi/Unicode]]

မြောက်ကိုရီးယားက ပဲ့ထိန်းတပ်ဒုံးကျည်လို့ယူဆရတဲ့ ဒုံးကျည်ကို ပစ်လွှတ်စမ်းသပ်လိုက်တယ်လို့ တောင် ကိုရီးယားနဲ့ဂျပန်တို့က ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။

ကုန်းတွင်းကနေ အရှေ့ကမ်းရိုးတန်း ပင်လယ်ဘက်ဆီကို ဒုံးကျည်တစ်စင်း ပစ်လွှတ်ခဲ့တာဖြစ်တယ်လို့ တောင်ကိုရီးယား စစ်ဦးစီးချုပ်များအဖွဲ့က ပြောပါတယ်။ စမ်းသပ်ပစ်လွှတ်တာဟာ ပဲ့ထိန်းတပ်ဒုံးကျည် ပါဝင်ပုံရတယ်လို့ ဂျပန်ကမ်းခြေစောင့် တပ်ကလည်း ပြောပါတယ်။

အဲဒီလို ပစ်လွှတ်တာအတွက် စိတ်မကောင်းကြောင်း Fumio Kishida က သတင်းထောက်တွေကို ဗုဒ္ဓဟူးနေ့က ပြောပါတယ်။ ဂျပန်အစိုးရက ယ္ခင်ထက် ပို စောင့်ကြည့်ပြီး အသေးစိတ် အရေးပေါ် စိစစ်သုံးသပ်ချက် လုပ်နေပါတယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။ ဒါပေမယ့် ဒုံးကျည် အမျိုးအစားက အစ ဘယ်လောက် ဝေးဝေးရောက်ပြီး ဘယ်မှာကျခဲ့တယ်ဆိုတဲ့ အသေးစိတ်တွေကို မသိရပါဘူး။

ခုလို ဒုံးကျည်ပစ်လွှတ်တာက မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းရဲ့ နှစ်အကုန်မိန့်ခွန်းအပြီး ရက် အနည်းငယ်အကြာမှာ ပစ်လွှတ်လိုက်တာ ဖြစ်ပါတယ်။ အဲဒီ မိန့်ခွန်းမှာတော့ ကင်ဂျုံအန်းက စီးပွါးရေး ဒုက္ခတွေကို ဇောင်းပေးသွားခဲ့ပြီး စစ်ရေးကိစ္စတွေကို မပြောခဲ့ပါဘူး။

အောက်တိုဘာလတုန်းက ရေငုပ်သင်္ဘောကနေ ဒုံးကျည် ပစ်လွှတ်စမ်းသပ်ခဲ့ပြီးတဲ့နောက် ဒါဟာ ပထမဆုံး စမ်းသပ်ပစ်လွှတ်တာ ဖြစ်ပါတယ်။ အမေရိကန်သမ္မတထရမ့်နဲ့ ကင်ဂျုံအန်းတို့ ဆွေးနွေးပွဲပျက်သွားပြီးတဲ့ ၂၀၁၉ က စပြီး မြောက်ကိုရီးယားဟာ တာတိုပစ် ပဲ့ထိန်းတပ်ဒုံးကျည်တွေကို မကြာခဏ စမ်းသပ်ခဲ့ပါတယ်။

=========

[[Unicode]]







#NorthKorea #NorthKoraMissile #VOABurmese

=========

XS
SM
MD
LG