သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယား ဒုံးကျည်ပစ်လွှတ်မှု အမေရိကန် ရှုတ်ချ


မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un ပဲ့ထိန်း ဒုံးကျည် စမ်းသပ်ပစ်လွှတ်မှုကို ကြည့်ရှုနေစဉ်။
မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un ပဲ့ထိန်း ဒုံးကျည် စမ်းသပ်ပစ်လွှတ်မှုကို ကြည့်ရှုနေစဉ်။

=== [ Zawgyi ] ===

မြောက်ကိုရီးယား ဒုံးကျည်ပစ်လွှတ်မှု အမေရိကန် ရှုတ်ချ

မြောက်ကိုရီးယားက Ballistic Missile ပဲ့ထိန်း ဒုံးကျည်လက်နက်လို့ ယူဆရတဲ့ ဒုံးကျည် စမ်းသပ်ပစ်လွှတ်မှုအပေါ် အမေရိကန်ပြည်ထောင်စုက ရှုတ်ချလိုက်ပြီး ၊ တွေ့ဆုံဆွေးနွေးဖို့ တိုက်တွန်းကြောင်း ဗုဒ္ဓဟူးနေ့မှာ ပြောကြားလိုက်ပါတယ်။

အခုလို မစ်ဇိုင်းလက်နက် စမ်းသပ်ပစ်ခတ်လိုက်တာဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီက ချမှတ်ထားတဲ့ ဆုံးဖြတ်ချက်ကိုချိုးဖေါက်ရာ ကျသလို၊ အိမ်နီးချင်းနိုင်ငံတွေရဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းကို ခြိမ်းခြောက်ရာ ရောက်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူကပြောဆိုတာပါ။

အမေရိကန်အနေနဲ့ သံတမန်ရေးအရ ဖြေရှင်းဖို့ သန္နိဌာန်ချထားကြောင်းနဲ့ မြောက်ကိုရီးယား အနေနဲ့ ဆွေးနွေးစကားပြောဖို့ လိုတယ်လို့ တိုက်တွန်းလိုက်ပါတယ်။

မဟာမိတ်နိုင်ငံတွေဖြစ်တဲ့ တောင်ကိုရီးယားနဲ့ဂျပန် နိုင်ငံတွေကို အမေရိကန်ြ့ပည်ထောင်စု အနေနဲ့ ကာကွယ်သွားမှာဖြစ်ကြောင်းကိုလည်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူကပြောဆိုပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken နဲ့ ကာကွယ်ရေးဝန်ကြီး Lloyd Austin တို့ဟာ လာမယ့် ကြာသာပတေးနေ့မှာ ဂျပန်နိုင်ငံခြားရေးဝန်ကြီး ၊ ကာကွယ်ရေးဝန်ကြီးတို့နဲ့ ပုံမှန်လုံခြုံရေးဆိုင်ရာ အစည်းအဝေးကို အွန်လိုင်းကနေ ပြုလုပ်ဖို့ရှိပါတယ်။

မြောက်ကိုရီးယားက ဗုဒ္ဓဟူးနေ့မှာ ပစ်လွှတ်လိုက်တဲ့ မစ်ဇိုင်းဒုံးကျည်ဟာ ပဲ့ထိန်းဒုံးကျည် ဖြစ်မယ်လို့ယူဆရကြောင်း တောင်ကိုရီးယား စစ်တပ်တာဝန်ရှိသူတွေက ပြောဆိုပါတယ်။

တိုက်ရိုက် လင့်ခ်


=== { Unicode } ===








XS
SM
MD
LG