သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားနယ်စပ်ထဲ လူတဦး ဖြတ်ပြေးဝင်


တောင်-မြောက် ကိုရီးယားနယ်စပ်အနီး ကင်းလှည့်နေတဲ့ တောင်ကိုရီးယားစစ်သားအချို့။ (ဇွန် ၁၅၊ ၂၀၂၀)
တောင်-မြောက် ကိုရီးယားနယ်စပ်အနီး ကင်းလှည့်နေတဲ့ တောင်ကိုရီးယားစစ်သားအချို့။ (ဇွန် ၁၅၊ ၂၀၂၀)

(Zawgyi)

တပ်ဖွဲ့တွေ တင်းကျပ်စွာချထားတဲ့ တောင်နဲ့ မြောက်ကိုရီးယား နှစ်နိုင်ငံအကြားက နယ်စပ်ကို ဖြတ်ကျော်ပြီး အမည်မသိလူတဦး မြောက်ကိုရီးယားဘက်ကို ထွက်ပြေး ဝင်ရောက်သွားတယ်လို့ တောင်ကိုရီးယားစစ်တပ်က ပြောပါတယ်။ စနေနေ့ညက နယ်စပ်ကို လူတဦး ဖြတ်ကျော်သွားတာကို စောင့်ကြည့်နေတဲ့ ဗွီဒီယိုတွေကတဆင့် သိရှိခဲ့ရတယ်လို့ တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်များရဲ့ အကြီးအကဲက ဒီကနေ့ ပြောပါတယ်။

အဲဒီ ထွက်ပြေးသွားသူကို ဖမ်းမိနိုင်ဖို့ တောင်ကိုရီးယားဘက်က တပ်ဖွဲ့တွေ စေလွှတ်ခဲ့ပေမယ့် အဲဒီ အမျိုးသားလား၊ အမျိုးသမီးလား ဆိုတာကို မသိလိုက်ရတဲ့သူကို ဖမ်းမမိလိုက်ဘူးလို့ ဆိုပါတယ်။ အဲဒီလူရဲ့ ဘေးကင်းလုံခြုံမှု ရှိရေးအတွက် တောင်ကိုရီးယားဘက်က မြောက်ကိုရီးယားကို စာရေး အကြောင်းကြားခဲ့ပေမယ့် မြောက်ကိုရီးယားဘက်က တစုံတရာ အကြောင်းပြန်ကြားခြင်း မရှိသေးဘူးလို့ ဆိုပါတယ်။

လက်ရှိဖြစ်ပေါ်နေတဲ့ COVID-19 ကပ်ရောဂါကြောင့် တင်းကျပ်တဲ့ ဥပဒေတွကို ထုတ်ပြန်ထားတဲ့ မြောက်ကိုရီးယားက သူ့နိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာသူတွေကို ပစ်မိန့်ပေးထားတဲ့အတွက် ၂၀၂၀ ခုနှစ်အတွင်း တောင်ကိုရီးယား နိုင်ငံသားတဦး အသတ်ခံရပြီး အလောင်း ရေထဲမှာ မျောနေတာကို တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

မြောက်ကိုရီးယားနိုင်ငံကနေ ထွက်ပြေးသွားပြီး တိုင်းပြည်အတွင်း ပြန်ခိုးဝင်လာသူ တဦးထံမှာ COVID-19 ကူးစက်နေတာကို ၂၀၂၀ ခုနှစ်အတွင်းမှာ စမ်းသပ် တွေ့ရှိခဲ့ရပြီးတဲ့နောက် မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un က အဲဒီလို ပစ်မိန့်ပေးထားတာလို့ ဆိုပါတယ်။ အဲဒီ ပြန်ခိုးဝင်သွားသူ ဘယ်လိုဖြစ်သွားတယ်ဆိုတဲ့ နောက်ဆက်တွဲ အခြေအနေကိုတော့ မသိရပါဘူး။

စစ်မဲ့ဇုန်အဖြစ် သတ်မှတ်ထားတဲ့ ၁၅၅ မိုင်ရှည်လျားတဲ့ နှစ်နိုင်ငံ နယ်စပ်ဒေသတလျှောက်မှာ မြေမြှုပ်မိုင်းပေါင်း ၂ သန်းလောက် ရှိတယ်လို့ ခန့်မှန်းထားကြသလို သံဆူးကြိုးတွေ ကာရံထားတဲ့အပြင် လက်နက်အပြည့်ကိုင်ဆောင်ထားတဲ့ တပ်ဖွဲ့တွေလည်း နှစ်ဖက်စလုံးက အပြည့်ချထားကြတာပါ။

တိုက်ရိုက် လင့်ခ်

--------------------------

(Unicode)







XS
SM
MD
LG