သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်ကိုရီးယား စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်ကြီးချန်ဒူးဝမ် ကွယ်လွန်


တောင်ကိုရီးယား စစ်အာဏာရှင် ဗိုလ်ချုပ်ဟောင်း ချန်ဒူးဝမ်ရဲ့ဈာပနခန်းမထဲက အသုဘရှုသူတဦး။ (နိုဝင်ဘာ ၂၃၊ ၂၀၂၁)

{{Zawgyi/Unicode}}

နှလုံးရောဂါနဲ့ အင်္ဂါနေ့က ကွယ်လွန်သွားခဲ့ပါပြီ။ သေဆုံးချိန်မှာ အသက်က ၉၀ အရွယ်ပါ။

ဗိုလ်ချုပ်ကြီး ချန်ဒူးဝမ်က ၁၉၇၉ မှာ အာဏာသိမ်းခဲ့ပြီး ဒီမိုကရေစီလှုပ်ရှားမှုကို ဖိနှိပ်ခဲ့တဲ့ စစ်အာဏာရှင်အဖြစ် နာမည်ဆိုးနဲ့ သိကြပါတယ်။

၁၉၈၈ ခုနှစ်မှာ အာဏာကဆင်းပေးခဲ့ရပြီး ပြည်သူလူထုရဲ့ ဝေဖန်ချက်တွေကြောင့် ဘုန်းကြီးကျောင်းမှာ ၂ နှစ် ဘုန်းကြီးဝတ်ခဲ့ပါတယ်။ အဲဒီနောက်မှာ အဖမ်းခံခဲ့ရပါတယ်။ သူ့ကို အကျင့်ပျက်ခြစားမှု၊ ဖီဆန်ပုန်ကန်မှု၊ နိုင်ငံတော် သစ္စာဖော်မှုတွေနဲ့ တရားစွဲဆိုခဲ့ပြီး သေဒဏ် အပြစ်ချခံခဲ့ရပါတယ်။

ဒါပေမဲ့ ၁၉၉၇ မှာ အမျိုးသား ရင်ကြားစေ့ရေးအတွက် လွတ်ငြိမ်းသက်သာခွင့်နဲ့ လွတ်မြောက်လာခဲ့ရတာပါ။

ဗိုလ်ချုပ်ကြီးဟောင်းချန်ဒူးဝမ်ဟာ ကျောင်းသားတွေဦးဆောင်ခဲ့တဲ့ ဂွမ်ဂျူး ဒီမိုကရေစီ လှုပ်ရှားမှုကို ရက်စက်ကြမ်းကြုတ်စွာ နှိမ်နင်းခဲ့ရာမှာ အဓိက တာဝန်ရှိသူတဦးပါ။အဲဒီတုန်းက အစိုးရ ကြေညာချက်အရ လူ ၁၇၀ ကျော် သေဆုံးခဲ့ရပါတယ်။ လူ့အခွင့်အရေး အဖွဲ့တွေကတော့ ဒါ့ထက် အဆများစွာမက သေဆုံးခဲ့ကြတယ်လို့ ပြောကြပါတယ်။

၁၉၈၃ ခုနှစ် ရန်ကုန်ကိုလာရောက်စဉ် အာဇာနည်ဗိမ္မာန်မှာ မြောက်ကိုရီးယား ထောက်လှမ်းရေးက လုပ်ကြံဖို့ ကြိုးစားခံခဲ့ရသူလည်း ဖြစ်ပါတယ်။

၁၉၈၃ ခုနှစ်၊ တောင်ကိုရီးယား စစ်အာဏာရှင်ဟောင်း ချန်ဒူးဝမ်ကို ရန်ကုန် အာဇာနည်ဗိမာန်မှာ မြောက်ကိုရီးယားက ဗုံးခွဲလုပ်ကြံစဉ်။
၁၉၈၃ ခုနှစ်၊ တောင်ကိုရီးယား စစ်အာဏာရှင်ဟောင်း ချန်ဒူးဝမ်ကို ရန်ကုန် အာဇာနည်ဗိမာန်မှာ မြောက်ကိုရီးယားက ဗုံးခွဲလုပ်ကြံစဉ်။
တိုက်ရိုက် လင့်ခ်


=============

{{Unicode}}








#SouthKorea #ChunDoo-hwan #VOABurmese


=============

XS
SM
MD
LG