သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေတာင္ကိုရီးယားမွာ ကိုဗစ္ကူးစက္မႈ စံခ်ိန္တင္မ်ားျပား


ေတာင္ကုိရီးယား ေဆး႐ုံတခုက ကုိဗစ္လူနာေတြကို ျပဳစုကုသေပးေနတဲ့ က်န္းမာေရးဝန္ထမ္းမ်ား။ (ႏုိဝင္ဘာ ၂၉၊ ၂၀၂၁)

(Zawgyi / Unicode)

ေတာင္ကိုရီးယားႏိုင္ငံမွာ ေန႔စဥ္ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈနဲ႔ ေသဆံုးမႈႏႈန္း စံခ်ိန္တင္ မ်ားလာေနၿပီး ကို႐ိုနာဗိုင္းရပ္စ္ မ်ိဳးကြဲ အိုမီခရြန္ ကူးစက္ခံရသူ ၃ ဦး ထပ္မံေတြ႔ရွိေၾကာင္း အတည္ျပဳထားတာနဲ႔ အတူပဲ အာဏာပိုင္တို႔ဘက္ကလည္း နယ္စပ္ေတြကို ထိန္းခ်ဳပ္ႏိုင္ေရးနဲ႔ လူေတြၾကား အကြာအေဝးတခုျခားၿပီး ေနထိုင္ေရး စည္းကမ္းတင္းက်ပ္ဖို႔ အေရးတႀကီး ေဆာင္ရြက္ေနၾကပါတယ္။

ကူးစက္မႈအသစ္ ၅,၃၅၂ ဦးရွိေၾကာင္း ကိုရီးယား ကူးစက္ေရာဂါ ထိန္းခ်ဳပ္ကာကြယ္ေရး ဌာနက စေနေန႔မွာ ထုတ္ျပန္ခဲ့ၿပီး ဒီအေရအတြက္ဟာဆိုရင္ ဒီသီတင္းပတ္အတြင္း ကူးစက္မႈအသစ္ ၅,၀၀၀ ေက်ာ္ကို တတိယအႀကိမ္ ေရာက္ရွိခဲ့တာ ျဖစ္ပါတယ္။

၂၄ နာရီအတြင္း ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံလူနာ ၇၀ ေသဆံုးခဲ့ရၿပီးေနာက္ ေသဆံုးမႈ စုစုေပါင္းက ၃,၈၀၉ ဦးထိ ေရာက္ရွိခဲ့သလို လူနာ ၇၅၂ ဦးကေတာ့ စိုးရိမ္ရတဲ့ အေျခအေနမွာ ရွိေနတာဟာဆိုရင္လည္း မႀကံဳစဘူး အမ်ားဆံုး အေရအတြက္ ျဖစ္ပါတယ္။

လက္ရွိ အိုမီခရြန္မ်ိဳးကြဲ ကူးစက္ခံထားရသူ တခ်ိဳ႕က ႏုိဝင္ဘာလ ၂၈ ရက္ေန႔က လူေပါင္းရာခ်ီ တက္ေရာက္တဲ့ ခရစ္ယာန္ဘုရားေက်ာင္းပြဲကို တက္ေရာက္ခဲ့ၾကတာေၾကာင့္ အိုမီခရြန္ ကူးစက္မႈေတြ ထပ္ၿပီး မ်ားလာႏိုင္ေၾကာင္းလည္း အာဏာပိုင္တို႔က ေျပာပါတယ္။

လူေနထူထပ္တဲ့ ဆိုးလ္ၿမိဳ႕ေတာ္နဲ႔ အနီးတဝိုက္ ေဒသေတြမွာ လူမႈေရးအခမ္းအနားေတြ က်င္းပတဲ့အခါ လူ ၇ ဦးထက္ပိုၿပီး မစုေဝးၾကဖို႔လည္း ဒီသီတင္းပတ္ကစလို႔ တားျမစ္မွာ ျဖစ္ပါတယ္။

ဒီသီတင္းပတ္ေတြအတြင္း ေတာင္ကိုရီးယားကို လာၾကမယ့္ ခရီးသြားအားလံုးလည္း အနည္းဆံုး ၁၀ ရက္ၾကာ Quarantine သီးျခားခြဲ ေနထိုင္ၾကရမွာ ျဖစ္ပါတယ္။ ေတာင္အာဖရိကနဲ႔ ႏိုင္ဂ်ီးရီးယား အပါအဝင္ အာဖရိက ၉ ႏုိင္ငံက ခရီးသည္ေတြ ေတာင္ကိုရီးယားကို လာေရာက္ခြင့္လည္း လတ္တေလာ တားျမစ္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

---------------------

(Unicode)

တောင်ကိုရီးယားမှာ ကိုဗစ်ကူးစက်မှု စံချိန်တင်များပြား

တောင်ကိုရီးယားနိုင်ငံမှာ နေ့စဉ် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနဲ့ သေဆုံးမှုနှုန်း စံချိန်တင် များလာနေပြီး ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲ အိုမီခရွန် ကူးစက်ခံရသူ ၃ ဦး ထပ်မံတွေ့ရှိကြောင်း အတည်ပြုထားတာနဲ့ အတူပဲ အာဏာပိုင်တို့ဘက်ကလည်း နယ်စပ်တွေကို ထိန်းချုပ်နိုင်ရေးနဲ့ လူတွေကြား အကွာအဝေးတခုခြားပြီး နေထိုင်ရေး စည်းကမ်းတင်းကျပ်ဖို့ အရေးတကြီး ဆောင်ရွက်နေကြပါတယ်။

ကူးစက်မှုအသစ် ၅,၃၅၂ ဦးရှိကြောင်း ကိုရီးယား ကူးစက်ရောဂါ ထိန်းချုပ်ကာကွယ်ရေး ဌာနက စနေနေ့မှာ ထုတ်ပြန်ခဲ့ပြီး ဒီအရေအတွက်ဟာဆိုရင် ဒီသီတင်းပတ်အတွင်း ကူးစက်မှုအသစ် ၅,၀၀၀ ကျော်ကို တတိယအကြိမ် ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။

၂၄ နာရီအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံလူနာ ၇၀ သေဆုံးခဲ့ရပြီးနောက် သေဆုံးမှု စုစုပေါင်းက ၃,၈၀၉ ဦးထိ ရောက်ရှိခဲ့သလို လူနာ ၇၅၂ ဦးကတော့ စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေတာဟာဆိုရင်လည်း မကြုံစဘူး အများဆုံး အရေအတွက် ဖြစ်ပါတယ်။

လက်ရှိ အိုမီခရွန်မျိုးကွဲ ကူးစက်ခံထားရသူ တချို့က နိုဝင်ဘာလ ၂၈ ရက်နေ့က လူပေါင်းရာချီ တက်ရောက်တဲ့ ခရစ်ယာန်ဘုရားကျောင်းပွဲကို တက်ရောက်ခဲ့ကြတာကြောင့် အိုမီခရွန် ကူးစက်မှုတွေ ထပ်ပြီး များလာနိုင်ကြောင်းလည်း အာဏာပိုင်တို့က ပြောပါတယ်။

လူနေထူထပ်တဲ့ ဆိုးလ်မြို့တော်နဲ့ အနီးတဝိုက် ဒေသတွေမှာ လူမှုရေးအခမ်းအနားတွေ ကျင်းပတဲ့အခါ လူ ၇ ဦးထက်ပိုပြီး မစုဝေးကြဖို့လည်း ဒီသီတင်းပတ်ကစလို့ တားမြစ်မှာ ဖြစ်ပါတယ်။

ဒီသီတင်းပတ်တွေအတွင်း တောင်ကိုရီးယားကို လာကြမယ့် ခရီးသွားအားလုံးလည်း အနည်းဆုံး ၁၀ ရက်ကြာ Quarantine သီးခြားခွဲ နေထိုင်ကြရမှာ ဖြစ်ပါတယ်။ တောင်အာဖရိကနဲ့ နိုင်ဂျီးရီးယား အပါအဝင် အာဖရိက ၉ နိုင်ငံက ခရီးသည်တွေ တောင်ကိုရီးယားကို လာရောက်ခွင့်လည်း လတ်တလော တားမြစ်ထားပါတယ်။

XS
SM
MD
LG