သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

လက္ရွိကိုဗစ္ကာကြယ္ေဆးမ်ား Omicron မ်ိဳးကြဲဗိုင္းရပ္ကို တားဆီးႏိုင္ေျခ ရွိမရွိ မေသခ်ာေသး


{{Zawgyi/Unicode}}

လက္ရွိ COVID-19 ေရာဂါ ကာကြယ္ေဆးေတြဟာ Omicron ကိုဗစ္ဗီဇမ်ိဳးကြဲေၾကာင့္ျဖစ္လာတဲ့ ျပင္းထန္ေရာဂါကို ကာကြယ္တားဆီးႏိုင္မွာ မဟုတ္ဘူးဆိုတာ အေထာက္အထားမရွိေသးဘူးလို႔ Oxford တကၠသိုလ္က ဒီကေန႔ေျပာပါတယ္။

ဒါေပမယ့္လည္း လိုအပ္တယ္ဆိုရင္ AstraZeneca ကုမၸဏီနဲ႔ သူတို႔တကၠသိုလ္ ပူးတြဲထုတ္လုပ္ထားတဲ့ ကိုဗစ္ကာကြယ္ေဆးကို အလ်င္အျမန္ မြမ္းမံထုတ္လုပ္ဖို႔ အဆင္သင့္ပဲလို႔လည္း ဆိုပါတယ္။

လက္ရွိ COVID-19 ေရာဂါ ကာကြယ္ေဆးေတြဟာ Delta ကိုဗစ္ ဗီဇမ်ိဳးကြဲကို ထိထိေရာက္ေရာက္ ကာကြယ္ႏိုင္သလိုမ်ိဳး Omicron ကိုလည္း ကာကြယ္ႏိုင္မယ္ဆိုတာ မေသခ်ာလွဘူးလို႔ Moderna ေဆးထုတ္လုပ္ေရးကုမၸဏီ အႀကီးအကဲက ဒီကေန႔အေစာပိုင္းမွာ ေျပာခဲ့ၿပီးတဲ့ေနာက္ Oxford တကၠသိုလ္ဘက္ က ေျပာဆိုခ်က္ ထြက္လာတာပါ။

Omicron နဲ႔ပတ္သက္ရင္ ခုခ်ိန္ထိ ရထားတဲ့အခ်က္အလက္ေတြက နည္းေနေသးၿပီး ဒီဗီဇမ်ိဳးကြဲ ကို႐ိုနာဗိုင္းရပ္စ္က သူတို႔ရဲ႕ကာကြယ္ေဆးအေပၚ ဘယ္လိုသက္ေရာက္မႈ ရွိတယ္ဆိုတာ ေသခ်ာဆန္းစစ္သြားမယ္လို႔ ၿပီးခဲ့တဲ့သီတင္းပတ္မွာ AstraZeneca ကုမၸဏီက ေျပာထားတဲ့အတိုင္း Oxford တကၠသိုလ္ကေျပာပါတယ္။

Financial Times သတင္းဌာနနဲ႔ Moderna ကုမၸဏီ အမႈေဆာင္အရာရွိခ်ဳပ္ Stéphane Bancel တို႔ ေတြ႕ဆုံေမးျမန္းခန္းမွာ ေျပာခဲ့တာေတြနဲ႔ပတ္သက္ၿပီး မွတ္ခ်က္ေပးဖို႔ Moderna ကုမၸဏီကို ႐ိုက္တာက ဆက္သြယ္ခဲ့ေပမယ့္ အေၾကာင္းမျပန္ခဲ့ပါဘူး။ ဒါ့အျပင္ Moderna ကုမၸဏီထုတ္ ကိုဗစ္ကာကြယ္ေဆးက Omicron ကိုဗစ္ဗီဇမ်ိဳးကြဲကို ဘယ္ေလာက္ ထိထိေရာက္ေရာက္ ကာကြယ္ႏိုင္တယ္ဆိုတဲ့ အခ်က္အလက္ေတြ ဘယ္ေတာ့ရမယ္လို႔ ခန႔္မွန္းထားပါသလဲ ဆိုတာကိုလည္း မေျဖခဲ့ပါဘူး။

Omicron ကိုဗစ္ ဗီဇမ်ိဳးကြဲဟာ အႏၲရာယ္ သိပ္ႀကီးတယ္လို႔ ကမာၻ႔က်န္းမာေရးအဖြဲ႕ (WHO) က ေျပာထားပါတယ္။

ႏိုဝင္ဘာလ ၂၄ ရက္ေန႔က ေတာင္အာဖရိကမွာ စၿပီး စစ္ေဆးေတြ႕ရွိခဲ့တဲ့ Omicron ကိုဗစ္ ဗီဇမ်ိဳးကြဟာ အခုဆိုရင္ ႏိုင္ငံေပါင္း တဒါဇင္ေက်ာ္မွာ ကူးစက္ပ်ံ႕ႏွံ႔ေနၿပီျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


==============

{{Unicode}}

လက်ရှိကိုဗစ်ကာကွယ်ဆေးများ Omicron မျိုးကွဲဗိုင်းရပ် တားဆီးနိုင်‌ခြေရှိမရှိ မသေချာသေး

လက်ရှိ COVID-19 ရောဂါ ကာကွယ်ဆေးတွေဟာ Omicron ကိုဗစ်ဗီဇမျိုးကွဲကြောင့်ဖြစ်လာတဲ့ ပြင်းထန်ရောဂါကို ကာကွယ်တားဆီးနိုင်မှာ မဟုတ်ဘူးဆိုတာ အထောက်အထားမရှိသေးဘူးလို့ Oxford တက္ကသိုလ်က ဒီကနေ့ပြောပါတယ်။

ဒါပေမယ့်လည်း လိုအပ်တယ်ဆိုရင် AstraZeneca ကုမ္ပဏီနဲ့ သူတို့တက္ကသိုလ် ပူးတွဲထုတ်လုပ်ထားတဲ့ ကိုဗစ်ကာကွယ်ဆေးကို အလျင်အမြန် မွမ်းမံထုတ်လုပ်ဖို့ အဆင်သင့်ပဲလို့လည်း ဆိုပါတယ်။

လက်ရှိ COVID-19 ရောဂါ ကာကွယ်ဆေးတွေဟာ Delta ကိုဗစ် ဗီဇမျိုးကွဲကို ထိထိရောက်ရောက် ကာကွယ်နိုင်သလိုမျိုး Omicron ကိုလည်း ကာကွယ်နိုင်မယ်ဆိုတာ မသေချာလှဘူးလို့ Moderna ဆေးထုတ်လုပ်ရေးကုမ္ပဏီ အကြီးအကဲက ဒီကနေ့အစောပိုင်းမှာ ပြောခဲ့ပြီးတဲ့နောက် Oxford တက္ကသိုလ်ဘက် က ပြောဆိုချက် ထွက်လာတာပါ။

Omicron နဲ့ပတ်သက်ရင် ခုချိန်ထိ ရထားတဲ့အချက်အလက်တွေက နည်းနေသေးပြီး ဒီဗီဇမျိုးကွဲ ကိုရိုနာဗိုင်းရပ်စ်က သူတို့ရဲ့ကာကွယ်ဆေးအပေါ် ဘယ်လိုသက်ရောက်မှု ရှိတယ်ဆိုတာ သေချာဆန်းစစ်သွားမယ်လို့ ပြီးခဲ့တဲ့သီတင်းပတ်မှာ AstraZeneca ကုမ္ပဏီက ပြောထားတဲ့အတိုင်း Oxford တက္ကသိုလ်ကပြောပါတယ်။

Financial Times သတင်းဌာနနဲ့ Moderna ကုမ္ပဏီ အမှုဆောင်အရာရှိချုပ် Stéphane Bancel တို့ တွေ့ဆုံမေးမြန်းခန်းမှာ ပြောခဲ့တာတွေနဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့ Moderna ကုမ္ပဏီကို ရိုက်တာက ဆက်သွယ်ခဲ့ပေမယ့် အကြောင်းမပြန်ခဲ့ပါဘူး။ ဒါ့အပြင် Moderna ကုမ္ပဏီထုတ် ကိုဗစ်ကာကွယ်ဆေးက Omicron ကိုဗစ်ဗီဇမျိုးကွဲကို ဘယ်လောက် ထိထိရောက်ရောက် ကာကွယ်နိုင်တယ်ဆိုတဲ့ အချက်အလက်တွေ ဘယ်တော့ရမယ်လို့ ခန့်မှန်းထားပါသလဲ ဆိုတာကိုလည်း မဖြေခဲ့ပါဘူး။

Omicron ကိုဗစ် ဗီဇမျိုးကွဲဟာ အန္တရာယ် သိပ်ကြီးတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ပြောထားပါတယ်။

နိုဝင်ဘာလ ၂၄ ရက်နေ့က တောင်အာဖရိကမှာ စပြီး စစ်ဆေးတွေ့ရှိခဲ့တဲ့ Omicron ကိုဗစ် ဗီဇမျိုးကွဟာ အခုဆိုရင် နိုင်ငံပေါင်း တဒါဇင်ကျော်မှာ ကူးစက်ပျံ့နှံ့နေပြီဖြစ်ပါတယ်။

#CovidVarient #Omicron #CovidVaccine #VOABurmese

==============

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG