သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေတာင္ကိုရီးယားမွာ Delta ကိုဗစ္မ်ိဳးကြဲကူးစက္မႈတိုးလာ


လူအမ်ားအျပားမွာ ကိုဗစ္ပိုးရွိေၾကာင္း စမ္းသပ္ေတြ႔ရွိခဲ့တဲ့ ဘုရားေက်ာင္း (ႏိုဝင္ဘာ ၂၃၊ ၂၀၂၁)

{{Zawgyi/Unicode}}

ေတာင္ကိုရီးယားႏိုင္ငံမွာ COVID-19 ကပ္ေရာဂါ စၿပီး ကူးစက္ခဲ့ကတည္းကဆိုရင္ တရက္အတြင္း ကူးစက္သူအေရအတြက္ စံခ်ိန္တင္မ်ားျပားခဲ့ၿပီး Delta ကိုဗစ္မ်ိဳးကြဲေၾကာင့္ ကူးစက္သူ ပိုတိုးလာေနတယ္လို႔ ေတာင္ကိုရီးယား က်န္းမာေရးတာဝန္ရွိသူေတြက ဒီကေန႔ေျပာပါတယ္။

"ကူးစက္သူအေရအတြက္ ၄ ေထာင္ေက်ာ္ရွိၿပီး အသည္းအသန္ လူနာအေရအတြက္က တိုးလာေနတာေၾကာင့္ ခက္ခဲတဲ့အေျခအေနေတြမွာ က်ေနာ္တို႔ ဆက္ရွိေနတုန္းပါပဲ။ အထူးသျဖင့္ ဒီႏွစ္ ပထမႏွစ္ဝက္မွာ ကာကြယ္ေဆးထိုးခဲ့တဲ့ သက္ႀကီး႐ြယ္အိုေတြကိုကုတဲ့ ေဆး႐ုံေတြနဲ႔ သက္ႀကီး႐ြယ္အိုေဂဟာေတြမွာ ကူးစက္သူအေရအတြက္ တိုးလာတဲ့အေျခအေနကို က်ေနာ္တို႔ေတြ႔ေနရပါတယ္" လို႔ ေတာင္ကိုရီးယား က်န္းမာေရးဌာနက အႀကီးတန္းတာဝန္ရွိသူ Son Young-rae ကေျပာပါတယ္။

ေနာက္ထပ္ကူးစက္သူအေရအတြက္ ၄,၁၁၆ ေယာက္မွာ အမ်ားစုက ဆိုးလ္ၿမိဳ႕ေတာ္နဲ႔ ပတ္ဝန္းက်င္ေဒသက ျဖစ္တယ္လို႔ ကိုရီးယား ေရာဂါထိန္းခ်ဳပ္ေရးနဲ႔ ကာကြယ္ေရးဌာနက ေျပာပါတယ္။ အဲဒီေနရာေတြမွာ ေဆး႐ုံ တင္ရတဲ့လူအေရအတြက္ တိုးေနတာေၾကာင့္ အထူးက်ပ္မတ္ ကုသေဆာင္ေတြမွာ မႏိုင္မနင္းျဖစ္မယ့္ အေျခအေနကို စိုးရိမ္လာၾကပါတယ္။

ေတာင္ကိုရီးယားစီးပြားေရး ျပန္ၿပီး တိုးတက္လာေစဖို႔ရည္႐ြယ္ၿပီး လူခ်င္းခြာေနရမယ့္ စည္းကမ္းသတ္မွတ္ခ်က္ေတြကို မၾကာေသးခင္ သီတင္းပတ္ေတြအတြင္းက ေျဖေလ်ာ့ေပးခဲ့ၿပီးတဲ့ေနာက္ ကူးစက္သူ အေရအတြက္ တိုးလာတာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


=======

{{Unicode}}

တောင်ကိုရီးယားမှာ Delta ကိုဗစ်မျိုးကွဲကူးစက်မှုတိုးလာ

တောင်ကိုရီးယားနိုင်ငံမှာ COVID-19 ကပ်ရောဂါ စပြီး ကူးစက်ခဲ့ကတည်းကဆိုရင် တရက်အတွင်း ကူးစက်သူအရေအတွက် စံချိန်တင်များပြားခဲ့ပြီး Delta ကိုဗစ်မျိုးကွဲကြောင့် ကူးစက်သူ ပိုတိုးလာနေတယ်လို့ တောင်ကိုရီးယား ကျန်းမာရေးတာဝန်ရှိသူတွေက ဒီကနေ့ပြောပါတယ်။

"ကူးစက်သူအရေအတွက် ၄ ထောင်ကျော်ရှိပြီး အသည်းအသန် လူနာအရေအတွက်က တိုးလာနေတာကြောင့် ခက်ခဲတဲ့အခြေအနေတွေမှာ ကျနော်တို့ ဆက်ရှိနေတုန်းပါပဲ။ အထူးသဖြင့် ဒီနှစ် ပထမနှစ်ဝက်မှာ ကာကွယ်ဆေးထိုးခဲ့တဲ့ သက်ကြီးရွယ်အိုတွေကိုကုတဲ့ ဆေးရုံတွေနဲ့ သက်ကြီးရွယ်အိုဂေဟာတွေမှာ ကူးစက်သူအရေအတွက် တိုးလာတဲ့အခြေအနေကို ကျနော်တို့တွေ့နေရပါတယ်" လို့ တောင်ကိုရီးယား ကျန်းမာရေးဌာနက အကြီးတန်းတာဝန်ရှိသူ Son Young-rae ကပြောပါတယ်။

နောက်ထပ်ကူးစက်သူအရေအတွက် ၄,၁၁၆ ယောက်မှာ အများစုက ဆိုးလ်မြို့တော်နဲ့ ပတ်ဝန်းကျင်ဒေသက ဖြစ်တယ်လို့ ကိုရီးယား ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဌာနက ပြောပါတယ်။ အဲဒီနေရာတွေမှာ ဆေးရုံ တင်ရတဲ့လူအရေအတွက် တိုးနေတာကြောင့် အထူးကျပ်မတ် ကုသဆောင်တွေမှာ မနိုင်မနင်းဖြစ်မယ့် အခြေအနေကို စိုးရိမ်လာကြပါတယ်။

တောင်ကိုရီးယားစီးပွားရေး ပြန်ပြီး တိုးတက်လာစေဖို့ရည်ရွယ်ပြီး လူချင်းခွာနေရမယ့် စည်းကမ်းသတ်မှတ်ချက်တွေကို မကြာသေးခင် သီတင်းပတ်တွေအတွင်းက ဖြေလျော့ပေးခဲ့ပြီးတဲ့နောက် ကူးစက်သူ အရေအတွက် တိုးလာတာဖြစ်ပါတယ်။

#Covid19 #SouthKoreaCovid #VOABurmese

#တောင်ကိုရီးယား#သက်ကြီးရွယ်အို#ကိုဗစ်#ဗွီအိုအေ

==========

XS
SM
MD
LG