သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်ကိုရီးယားမှာ နိုင်ငံရေးခိုလှုံခွင့် မူဝါဒပြောင်းဖို့ တက်ကြွလှုပ်ရှားသူတွေ တောင်းဆို


အာဖဂန်နစ္စတန်မှာ တာလီဘန်တို့ အာဏာရယူပြီးနောက် တောင်ကိုရီးယားမှာ ခိုလှုံဖို့ ရောက်ရှိလာသူအချို့။ (သြဂုတ် ၂၆၊ ၂၀၂၁)
အာဖဂန်နစ္စတန်မှာ တာလီဘန်တို့ အာဏာရယူပြီးနောက် တောင်ကိုရီးယားမှာ ခိုလှုံဖို့ ရောက်ရှိလာသူအချို့။ (သြဂုတ် ၂၆၊ ၂၀၂၁)

(Zawgyi)

တောင်ကိုရီးယားနိုင်ငံမှာ နိုင်ငံရေးခိုလှုံခွင့် လျှောက်ထားသူတွေနဲ့ ပတ်သက်တဲ့ မူဝါဒတွေကို ပြောင်းလဲဖို့ တက်ကြွလှုပ်ရှားသူတွေက တောင်းဆိုလိုက်ကြပါတယ်။

နိုင်ငံရေးခိုလှုံခွင့် လျှောက်ထားကြသူတွေရဲ့ ၀ ဒသမ ၄ ရာခိုင်နှုန်းကိုပဲ ၂၀၂၀ ခုနှစ်မှာ တောင်ကိုရီးယားနိုင်ငံက လက်ခံခဲ့ပြီး အပယ်ခံရသူတွေကို တိုင်းပြည်က နှင်ထုတ်မိန့် ထုတ်ပြန်ခဲ့ပါတယ်။

သူတို့ အယူခံဝင်နေတဲ့ အချိန်တွေမှာ အဲဒီသူတွေကို အစိုးရက ထိန်းသိမ်းထားခဲ့ရာမှာ လူ့အခွင့်အရေးနဲ့ မညီညွတ်ဘူးလို့ တက်ကြွလှုပ်ရှားသူတွေက ဝေဖန်ခဲ့ကြပါတယ်။ အဲဒီလို ထိန်းသိမ်းထားတဲ့ ကာလဟာ ၄ နှစ် ၈ လအထိ ကြာသွားနိုင်ပါတယ်။

ဥပဒေ အပါအဝင် ပြဋ္ဌာန်းသတ်မှတ်ချက်တွေနဲ့ လုပ်ထုံးလုပ်နည်းတွေကိုပါ ပြောင်းလဲပေးဖို့ လူ့အခွင့်အရေး အဖွဲ့တွေက တောင်းဆိုထားကြပါတယ်။ ထိန်းသိမ်းထားစဉ်အတွင်း ဆက်ဆဲပြုမူပုံတွေကို ပြောင်းလဲဖို့ သူတို့ ဆော်သြနေကြပါတယ်။

အမှုတမှုမှာ အထိန်းသိမ်းခံရသူကို မှောက်လျက်သား ခြေလက်တွေ ကြိုးတုပ်ထားတာကို စောင့်ကြည့် ဗွီဒီယိုတွေမှာ တွေ့ခဲ့ကြရပါတယ်။ လူ့အခွင့်အရေး ကော်မရှင်နဲ့ တရားရေးဌာနတို့က စစ်ဆေးတဲ့အခါ မလိုအပ်ဘဲ သာလွန်အင်အားကို သုံးခဲ့ပြီး ဖြစ်စဉ်အတွင်းမှာ သူ့ရဲ့ အခွင့်အရေးတွေကို တာဝန်ရှိသူတွေက ချိုးဖောက်ခဲ့တာ တွေ့ရှိခဲ့ရပါတယ်။

တိုက်ရိုက် လင့်ခ်

-------------------

(Unicode)







XS
SM
MD
LG