သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ေတာင္ကိုရီးယား အာဏာရွင္ ခ်န္ဒူးဝမ္ရဲ႕ သမိုင္းေျခရာ


ေတာင္ကိုရီးယား စစ္အာဏာရွင္ေဟာင္း ခ်န္ဒူးဝမ္။ (ဒီဇင္ဘာ ၂၂၊ ၁၉၉၇)

(Zawgyi / Unicode)

အသက္ ၉၀ အရြယ္ရွိတဲ့ ေတာင္ကိုရီးယား စစ္အာဏာရွင္ေဟာင္း ခ်န္ဒူးဝမ္ဟာ ၿပီးခဲ့တဲ့ အဂၤါေန႔ကပဲ သူ႔ေနအိမ္မွာ ကြယ္လြန္သြားခဲ့ပါတယ္။ အာဏာရွင္ ခ်န္ဒူးဝမ္ ကြယ္လြန္သြားၿပီ ျဖစ္ေပမယ့္ သူ႔လက္ထက္တုန္းက က်ဴးလြန္ခဲ့တဲ့ လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈေတြအတြက္ တရားမွ်တမႈ ျပန္ရေရး၊ ဒီမိုကေရစီေရး လႈပ္ရွားသူေတြက ဆက္လက္ႀကဳိးပမ္းသြားဖို႔ စိတ္ပိုင္းျဖတ္ထားၾကတဲ့အေၾကာင္း Lee Hyun Choi ဗီြအိုေအအတြက္ ေပးပို႔တဲ့သတင္းကို ကိုဉာဏ္ဝင္းေအာင္ ေျပာျပမွာ ျဖစ္ပါတယ္။

ေတာင္ကိုရီးယားစစ္တပ္ ဗိုလ္ခ်ဳပ္ႀကီးတဦးျဖစ္ေနခ်ိန္ ခ်န္ဒူးဝမ္က ၁၉၇၉ ခုႏွစ္မွာ တိုင္းျပည္ကို အာဏာသိမ္းခဲ့တာပါ။ သူ႔လက္ထက္မွာ သိသာလွတဲ့ စီးပြားေရး တိုးတက္မႈ ရွိခဲ့ေပမယ့္ ဆိုးရြားလွတဲ့ လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈေတြေၾကာင့္ သမိုင္းမွာ နာမည္ဆိုးနဲ႔ ေက်ာ္ၾကားခဲ့ပါတယ္။

သမၼတေဟာင္း ခ်န္ဒူးဝမ္ဟာ ေတာင္ကိုရီးယားႏုိင္ငံ ေတာင္ပိုင္း ဂြမ္ဂ်ဴးၿမဳိ႕က ဒီမိုကေရစီေရး အုံႂကြမႈအတြင္း လူအေျမာက္အျမား သတ္ျဖတ္ခဲ့မႈအတြက္ တာဝန္အရွိဆုံးသူအျဖစ္ မွတ္ယူၾကပါတယ္။

၁၉၈၀ ခုႏွစ္ ေမလအတြင္း ဂြမ္ဂ်ဴးၿမဳိ႕ လမ္းမေတြေပၚမွာ ေက်ာင္းသား ၁ ေသာင္းခြဲေက်ာ္က စစ္အာဏာရွင္ ခ်န္ဒူးဝမ္ ႏုတ္ထြက္ေပးေရးကို ေတာင္းဆိုခဲ့တာပါ။ ဂြမ္ဂ်ဴးကို ေရာက္လာတဲ့ ခ်န္ဒူးဝမ္ရဲ႕ တပ္ေတြက အရပ္သားျပည္သူ ၂၀၀ ေက်ာ္ကို သတ္ျဖတ္ခဲ့သလို ေထာင္ခ်ီတဲ့သူေတြ ဒဏ္ရာရခဲ့ၿပီး အရပ္သား ၁,၈၀၀ ေက်ာ္ အဖမ္းဆီးခံခဲ့ရပါတယ္။ ၄၁ ႏွစ္ၾကာလာတဲ့ ခုလိုအခ်ိန္မွာ ကြယ္လြန္သြားတဲ့ ခ်န္ဒူးဝမ္ကေတာ့ သူ႔လုပ္ရပ္ေတြအတြက္ ေတာင္းပန္စကား ဆိုမသြားခဲ့ပါဘူး။

သူေသဆုံးသြားေပမယ့္ ဂြမ္ဂ်ဴးၿမဳိ႕က အစုအၿပဳံလိုက္ သတ္ျဖတ္မႈအတြင္း ေသဆုံးခဲ့ရသူေတြ၊ အသက္ရွင္ က်န္ရစ္သူေတြရဲ႕ စိတ္ထဲမွာေတာ့ ခ်န္ဒူးဝမ္အေပၚ မေက်နပ္မႈေတြ နာၾကည္းမႈေတြသာ က်န္ေနခဲ့ပါတယ္။

ခ်န္ဒူးဝမ္ ေသဆုံးသြားေပမယ့္ စိတ္ဒဏ္ရာေတြကို ေျဖရွင္းမသြားႏုိင္ဘူးလို႔ ဂြမ္ဂ်ဴးအေရးေတာ္ပုံကာလ ဖိႏွိပ္ခံျပည္သူေတြနဲ႔ ဖြဲ႔စည္းထားတဲ့ အရပ္သားအဖြဲ႔တခုရဲ႕ ဦးေဆာင္သူ Lee Gi-bong က ေျပာပါတယ္။

"ႏိုင္ငံေတာ္အၾကမ္းဖက္မႈကို က်ဴးလြန္ခဲ့တဲ့ ရာဇဝတ္ေကာင္ေတြက ခ်မ္းခ်မ္းသာသာနဲ႔ အသက္ရွည္စြာ ေနထိုင္သြားၾကေပမယ့္ ဂြမ္ဂ်ဴးၿမဳိ႕သူၿမဳိ႕သားေတြမွာေတာ့ ဒဏ္ရာေတြ က်န္ေနဆဲပါ။"

ခ်န္ဒူးဝမ္ ကြယ္လြန္ျခင္းက ဒဏ္ရာအနာတရေတြကို ခ်န္ထားခဲ့ေပမယ့္ ဂြမ္ဂ်ဴးျဖစ္ရပ္အတြင္း ဖိႏွိပ္ခံအမ်ားစုက အမွန္တရားကို ဆက္လက္ေဖာ္ထုတ္ဖို႔ သႏၷိ႒ာန္ခ်ထားပါတယ္။ Lee Jae-eui ဟာ ဂြမ္ဂ်ဴး ဒီမိုကေရစီ လႈပ္ရွားမႈအတြင္း ပါဝင္ခဲ့တဲ့ တကၠသိုလ္ေက်ာင္းသား ျဖစ္ပါတယ္။

"ဂြမ္ဂ်ဴးသတ္ျဖတ္မႈအတြက္ သူ႔မွာ တာဝန္မရွိေၾကာင္း ေနာက္ဆုံးအခ်ိန္ထိ ခ်န္ဒူးဝမ္ ျငင္းသြားခဲ့တာက ဝမ္းနည္းစရာပါ။ ဒါေပမယ့္လည္း သူမရွိခဲ့ရင္ေတာင္ ဂြမ္ဂ်ဴးျဖစ္ရပ္အတြင္း က်န္ရစ္သူေတြအေနနဲ႔ အခ်က္လက္မွန္ ရွာေဖြေရး လုပ္ငန္းစဥ္မွာ ပါဝင္ၿပီး သမိုင္းေပးတာဝန္ကို ဆက္လုပ္ၾကဖို႔ သူေျပာသြားခဲ့တာ ရွိပါတယ္။"

ဂြမ္ဂ်ဴးၿမဳိ႕မွာ ႏွိမ္နင္းခဲ့တဲ့လုပ္ရပ္က ခုခ်ိန္ထိ ႏိုင္ငံေရးအရ တင္းမာမႈ ျဖစ္ေနဆဲပါ။ ၿဖဳိခြင္းမႈအတြင္း စစ္တပ္ကို သုံးခဲ့တာအတြက္ ခ်န္ဒူးဝမ္ရဲ႕ ေနာက္လိုက္ေတြက ကာကြယ္ေျပာဆိုေနပါတယ္။ ဂြမ္ဂ်ဴး ဆႏၵျပပဲြေတြ ျဖစ္လာေအာင္ ေျမာက္ကိုရီးယားဘက္က လႈံ႔ေဆာ္ ၫႊန္ၾကားခဲ့တာ ျဖစ္တယ္လို႔ ခ်န္ဒူးဝမ္တပည့္ေတြက အေထာက္ထားမဲ့ ေျပာဆိုေနၾကပါတယ္။ ဂြမ္ဂ်ဴးၿမဳိ႕သူၿမိဳ႕သားေတြဟာ ကြန္ျမဴနစ္ရဲ႕ သူလွ်ဳိေတြ ျဖစ္တာေၾကာင့္ ႏုိင္ငံေတာ္လုံၿခဳံေရးကို ၿခိမ္းေျခာက္ေနသူေတြ ျဖစ္တယ္လို႔ မၾကာခန အစြပ္စြဲခံေနရဆဲ ျဖစ္ပါတယ္။

သမၼတေလာင္းအျဖစ္ ဝင္ၿပဳိင္မယ့္ Yoon Seok-youl က စစ္အာဏာသိမ္းခဲ့မႈနဲ႔ ၁၉၈၀ ဂြမ္ဂ်ဴးျဖစ္ရပ္ေတြကလြဲလို႔ ခ်န္ဒူးဝမ္ရဲ႕ ႏိုင္ငံေရးကၽြမ္းက်င္မႈအေပၚ ၿပီးခဲ့တဲ့လအတြင္း ခ်ီးမြမ္းေျပာဆိုခဲ့တာအတြက္ ေဝဖန္ခံေနရပါတယ္။

အဲဒီေနာက္မွာ Yoon က သူ႔ေျပာစကားအတြက္ ဂြမ္ဂ်ဴးၿမဳိ႕သားေတြကို ျပန္ေတာင္းပန္ဖို႔ သြားခဲ့ေပမယ့္ က်ဆုံးသူေတြရဲ႕ ဗိမာန္ေနရာကို အဝင္မခံဘဲ ဆႏၵျပသူေတြက တားျမစ္ခဲ့တယ္လို႔ ဂြမ္ဂ်ဴးအေရးေတာ္ပုံမွာ ပါဝင္ခဲ့သူ Lee Jae-eui က ေျပာပါတယ္။

“အေျခအျမစ္မရွိတဲ့ စြပ္စြဲခ်က္ေတြ ဆက္ရွိေနသမွ်ေတာ့ အမ်ဳိးသားျပန္လည္သင့္ျမတ္ေရးေရာ၊ လူထုခံစားေနရတဲ့ စိတ္ဒဏ္ရာ ကုစားေရးမွာပါ ေအာင္ျမင္မႈရမွာ မဟုတ္ပါဘူး။ ေတာင္ကိုရီးယား လူ႔အဖြဲ႔အစည္းအတြင္း အရိပ္ထိုးေနတဲ့ ခ်န္ဒူးဝမ္ရဲ႕ ၾသဇာအရွိန္အဝါကို အျပည့္အဝ ဖယ္ရွားႏိုင္မွသာ တိုင္းျပည္ ဒီမိုကေရစီ ဖြံ႔ၿဖဳိးေရး လမ္းေၾကာင္းကို အေလးနက္ အေကာင္အထည္ေဖာ္ႏိုင္မွာ ျဖစ္ပါတယ္။”

ခ်န္ဒူးဝမ္ ေသဆုံးၿပီးေနာက္ ဂြမ္ဂ်ဴး သတ္ျဖတ္ခံရမႈအတြင္း ႀကဳံခဲ့ရသူ လူ ၇၀ ေလာက္က သူတို႔ စိတ္ဒဏ္ရာေတြအတြက္ အစိုးရကို အမႈဖြင့္ တရားစြဲထားပါတယ္။ ေတာင္ကိုရီးယားမွာ အေမွာင္ေခတ္တခုကို ျပည္ဖုံးလိပ္ကာ ခ်လိုက္ၿပီဆိုေပမယ့္ ကုစားလို႔ မရႏိုင္ေသးတဲ့ စိတ္ဒဏ္ရာေတြကေတာ့ က်န္ေနဆဲ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

-------------------------

(Unicode)

တောင်ကိုရီးယား အာဏာရှင် ချန်ဒူးဝမ်ရဲ့ သမိုင်းခြေရာ

အသက် ၉၀ အရွယ်ရှိတဲ့ တောင်ကိုရီးယား စစ်အာဏာရှင်ဟောင်း ချန်ဒူးဝမ်ဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့ကပဲ သူ့နေအိမ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။ အာဏာရှင် ချန်ဒူးဝမ် ကွယ်လွန်သွားပြီ ဖြစ်ပေမယ့် သူ့လက်ထက်တုန်းက ကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် တရားမျှတမှု ပြန်ရရေး၊ ဒီမိုကရေစီရေး လှုပ်ရှားသူတွေက ဆက်လက်ကြိုးပမ်းသွားဖို့ စိတ်ပိုင်းဖြတ်ထားကြတဲ့အကြောင်း Lee Hyun Choi ဗွီအိုအေအတွက် ပေးပို့တဲ့သတင်းကို ကိုဉာဏ်ဝင်းအောင် ပြောပြမှာ ဖြစ်ပါတယ်။

တောင်ကိုရီးယားစစ်တပ် ဗိုလ်ချုပ်ကြီးတဦးဖြစ်နေချိန် ချန်ဒူးဝမ်က ၁၉၇၉ ခုနှစ်မှာ တိုင်းပြည်ကို အာဏာသိမ်းခဲ့တာပါ။ သူ့လက်ထက်မှာ သိသာလှတဲ့ စီးပွားရေး တိုးတက်မှု ရှိခဲ့ပေမယ့် ဆိုးရွားလှတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် သမိုင်းမှာ နာမည်ဆိုးနဲ့ ကျော်ကြားခဲ့ပါတယ်။

သမ္မတဟောင်း ချန်ဒူးဝမ်ဟာ တောင်ကိုရီးယားနိုင်ငံ တောင်ပိုင်း ဂွမ်ဂျူးမြို့က ဒီမိုကရေစီရေး အုံကြွမှုအတွင်း လူအမြောက်အမြား သတ်ဖြတ်ခဲ့မှုအတွက် တာဝန်အရှိဆုံးသူအဖြစ် မှတ်ယူကြပါတယ်။

၁၉၈၀ ခုနှစ် မေလအတွင်း ဂွမ်ဂျူးမြို့ လမ်းမတွေပေါ်မှာ ကျောင်းသား ၁ သောင်းခွဲကျော်က စစ်အာဏာရှင် ချန်ဒူးဝမ် နုတ်ထွက်ပေးရေးကို တောင်းဆိုခဲ့တာပါ။ ဂွမ်ဂျူးကို ရောက်လာတဲ့ ချန်ဒူးဝမ်ရဲ့ တပ်တွေက အရပ်သားပြည်သူ ၂၀၀ ကျော်ကို သတ်ဖြတ်ခဲ့သလို ထောင်ချီတဲ့သူတွေ ဒဏ်ရာရခဲ့ပြီး အရပ်သား ၁,၈၀၀ ကျော် အဖမ်းဆီးခံခဲ့ရပါတယ်။ ၄၁ နှစ်ကြာလာတဲ့ ခုလိုအချိန်မှာ ကွယ်လွန်သွားတဲ့ ချန်ဒူးဝမ်ကတော့ သူ့လုပ်ရပ်တွေအတွက် တောင်းပန်စကား ဆိုမသွားခဲ့ပါဘူး။

သူသေဆုံးသွားပေမယ့် ဂွမ်ဂျူးမြို့က အစုအပြုံလိုက် သတ်ဖြတ်မှုအတွင်း သေဆုံးခဲ့ရသူတွေ၊ အသက်ရှင် ကျန်ရစ်သူတွေရဲ့ စိတ်ထဲမှာတော့ ချန်ဒူးဝမ်အပေါ် မကျေနပ်မှုတွေ နာကြည်းမှုတွေသာ ကျန်နေခဲ့ပါတယ်။

ချန်ဒူးဝမ် သေဆုံးသွားပေမယ့် စိတ်ဒဏ်ရာတွေကို ဖြေရှင်းမသွားနိုင်ဘူးလို့ ဂွမ်ဂျူးအရေးတော်ပုံကာလ ဖိနှိပ်ခံပြည်သူတွေနဲ့ ဖွဲ့စည်းထားတဲ့ အရပ်သားအဖွဲ့တခုရဲ့ ဦးဆောင်သူ Lee Gi-bong က ပြောပါတယ်။

"နိုင်ငံတော်အကြမ်းဖက်မှုကို ကျူးလွန်ခဲ့တဲ့ ရာဇဝတ်ကောင်တွေက ချမ်းချမ်းသာသာနဲ့ အသက်ရှည်စွာ နေထိုင်သွားကြပေမယ့် ဂွမ်ဂျူးမြို့သူမြို့သားတွေမှာတော့ ဒဏ်ရာတွေ ကျန်နေဆဲပါ။"

ချန်ဒူးဝမ် ကွယ်လွန်ခြင်းက ဒဏ်ရာအနာတရတွေကို ချန်ထားခဲ့ပေမယ့် ဂွမ်ဂျူးဖြစ်ရပ်အတွင်း ဖိနှိပ်ခံအများစုက အမှန်တရားကို ဆက်လက်ဖော်ထုတ်ဖို့ သန္နိဋ္ဌာန်ချထားပါတယ်။ Lee Jae-eui ဟာ ဂွမ်ဂျူး ဒီမိုကရေစီ လှုပ်ရှားမှုအတွင်း ပါဝင်ခဲ့တဲ့ တက္ကသိုလ်ကျောင်းသား ဖြစ်ပါတယ်။

"ဂွမ်ဂျူးသတ်ဖြတ်မှုအတွက် သူ့မှာ တာဝန်မရှိကြောင်း နောက်ဆုံးအချိန်ထိ ချန်ဒူးဝမ် ငြင်းသွားခဲ့တာက ဝမ်းနည်းစရာပါ။ ဒါပေမယ့်လည်း သူမရှိခဲ့ရင်တောင် ဂွမ်ဂျူးဖြစ်ရပ်အတွင်း ကျန်ရစ်သူတွေအနေနဲ့ အချက်လက်မှန် ရှာဖွေရေး လုပ်ငန်းစဉ်မှာ ပါဝင်ပြီး သမိုင်းပေးတာဝန်ကို ဆက်လုပ်ကြဖို့ သူပြောသွားခဲ့တာ ရှိပါတယ်။"

ဂွမ်ဂျူးမြို့မှာ နှိမ်နင်းခဲ့တဲ့လုပ်ရပ်က ခုချိန်ထိ နိုင်ငံရေးအရ တင်းမာမှု ဖြစ်နေဆဲပါ။ ဖြိုခွင်းမှုအတွင်း စစ်တပ်ကို သုံးခဲ့တာအတွက် ချန်ဒူးဝမ်ရဲ့ နောက်လိုက်တွေက ကာကွယ်ပြောဆိုနေပါတယ်။ ဂွမ်ဂျူး ဆန္ဒပြပွဲတွေ ဖြစ်လာအောင် မြောက်ကိုရီးယားဘက်က လှုံ့ဆော် ညွှန်ကြားခဲ့တာ ဖြစ်တယ်လို့ ချန်ဒူးဝမ်တပည့်တွေက အထောက်ထားမဲ့ ပြောဆိုနေကြပါတယ်။ ဂွမ်ဂျူးမြို့သူမြို့သားတွေဟာ ကွန်မြူနစ်ရဲ့ သူလျှိုတွေ ဖြစ်တာကြောင့် နိုင်ငံတော်လုံခြုံရေးကို ခြိမ်းခြောက်နေသူတွေ ဖြစ်တယ်လို့ မကြာခန အစွပ်စွဲခံနေရဆဲ ဖြစ်ပါတယ်။

သမ္မတလောင်းအဖြစ် ဝင်ပြိုင်မယ့် Yoon Seok-youl က စစ်အာဏာသိမ်းခဲ့မှုနဲ့ ၁၉၈၀ ဂွမ်ဂျူးဖြစ်ရပ်တွေကလွဲလို့ ချန်ဒူးဝမ်ရဲ့ နိုင်ငံရေးကျွမ်းကျင်မှုအပေါ် ပြီးခဲ့တဲ့လအတွင်း ချီးမွမ်းပြောဆိုခဲ့တာအတွက် ဝေဖန်ခံနေရပါတယ်။

အဲဒီနောက်မှာ Yoon က သူ့ပြောစကားအတွက် ဂွမ်ဂျူးမြို့သားတွေကို ပြန်တောင်းပန်ဖို့ သွားခဲ့ပေမယ့် ကျဆုံးသူတွေရဲ့ ဗိမာန်နေရာကို အဝင်မခံဘဲ ဆန္ဒပြသူတွေက တားမြစ်ခဲ့တယ်လို့ ဂွမ်ဂျူးအရေးတော်ပုံမှာ ပါဝင်ခဲ့သူ Lee Jae-eui က ပြောပါတယ်။

“အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်တွေ ဆက်ရှိနေသမျှတော့ အမျိုးသားပြန်လည်သင့်မြတ်ရေးရော၊ လူထုခံစားနေရတဲ့ စိတ်ဒဏ်ရာ ကုစားရေးမှာပါ အောင်မြင်မှုရမှာ မဟုတ်ပါဘူး။ တောင်ကိုရီးယား လူ့အဖွဲ့အစည်းအတွင်း အရိပ်ထိုးနေတဲ့ ချန်ဒူးဝမ်ရဲ့ သြဇာအရှိန်အဝါကို အပြည့်အဝ ဖယ်ရှားနိုင်မှသာ တိုင်းပြည် ဒီမိုကရေစီ ဖွံ့ဖြိုးရေး လမ်းကြောင်းကို အလေးနက် အကောင်အထည်ဖော်နိုင်မှာ ဖြစ်ပါတယ်။”

ချန်ဒူးဝမ် သေဆုံးပြီးနောက် ဂွမ်ဂျူး သတ်ဖြတ်ခံရမှုအတွင်း ကြုံခဲ့ရသူ လူ ၇၀ လောက်က သူတို့ စိတ်ဒဏ်ရာတွေအတွက် အစိုးရကို အမှုဖွင့် တရားစွဲထားပါတယ်။ တောင်ကိုရီးယားမှာ အမှောင်ခေတ်တခုကို ပြည်ဖုံးလိပ်ကာ ချလိုက်ပြီဆိုပေမယ့် ကုစားလို့ မရနိုင်သေးတဲ့ စိတ်ဒဏ်ရာတွေကတော့ ကျန်နေဆဲ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG