သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေတာင္ကိုရီးယား စစ္အာဏာရွင္ဇနီး ျပည္သူကို ေတာင္းပန္


ေတာင္ကုိရီးယား သမၼတေဟာင္း ခ်န္ဒူးဝမ္ရဲ႕ ဇနီးသည္ Lee Soon-ja. (ႏုိဝင္ဘာ ၂၇၊ ၂၀၂၁)

(Zawgyi / Unicode)

ေတာင္ကိုရီးယား စစ္အာဏာရွင္ေဟာင္းရဲ႕ ဇနီးက သူ႔ခင္ပြန္းလက္ေအာက္ ျပည္သူေတြ အနာတရ ျဖစ္ခဲ့ရတာအတြက္ ေတာင္းပန္လိုက္ပါတယ္။

၁၉၇၉ ခုႏွစ္ စစ္အာဏာသိမ္းမႈမွာ ဦးေဆာင္သူ သမၼတေဟာင္း ခ်န္ဒူးဝမ္ရဲ႕ ဒီေန႔ အသုဘအခမ္းအနားမွာ ဇနီးသည္ Lee Soon-ja က သူ႔ခင္ပြန္းရဲ႕ ရက္စက္တဲ့ အုပ္ခ်ဳပ္မႈေအာက္ နာက်င္ ဒဏ္ရာအမာရြတ္ က်န္ခဲ့တာေတြအတြက္ မိသားစုကိုယ္စား ေတာင္းပန္ပါတယ္လို႔ ေျပာလိုက္တာပါ။

အသက္ ၉၀ အရြယ္နဲ႔ အဂၤါေန႔တုန္းက ကြယ္လြန္ခဲ့သူ သမၼတေဟာင္း ခ်န္ဒူးဝမ္ကို ဆိုးလ္ၿမိဳ႕က ေဆး႐ုံတခုမွာ အသုဘအခမ္းအနား လုပ္ရာမွာ ေဆြမ်ိဳးေတြ၊ အရင္ လုပ္ေဖာ္ကိုင္ဘက္ေဟာင္းေတြ တက္ေရာက္ခဲ့ၾကၿပီး အဲဒီမွာ ဇနီးျဖစ္သူ Lee က ေတာင္းပန္စကား ဆိုခဲ့တာပါ။

မစၥတာခ်န္ဒူးဝမ္ဟာ သမၼတအျဖစ္နဲ႔ ျမန္မာႏိုင္ငံကို ၁၉၈၃ ခုႏွစ္က လာေရာက္ခဲ့ၿပီး ျမန္မာအာဇာနည္ဗိမာန္မွာ ေျမာက္ကိုရီးယားရဲ႕ လုပ္ႀကံမႈ ခံခဲ့ရဖူးပါတယ္။ အဲဒီမွာ သူဟာ ကပ္သီလြတ္သြားခဲ့ေပမယ့္ လုပ္ႀကံဗုံးခြဲမႈေၾကာင့္ ေတာင္ကိုရီးယား ဝန္ႀကီးေတြ အပါအဝင္ အရာရွိေပါင္း ၂၀ ေက်ာ္ ေသဆုံးခဲ့ရပါတယ္။

ခ်န္ဒူးဝမ္ဟာ ၁၉၆၁ တည္းက အုပ္ခ်ဳပ္လာတဲ့ အရင္စစ္အာဏာရွင္ ဗိုလ္ခ်ဳပ္ႀကီး ပတ္ခ်ဳံဟီးကို သူ႔စစ္ေထာက္လွမ္းေရး အႀကီးအကဲက လုပ္ႀကံခဲ့အၿပီး ၂ လအၾကာမွာ ၾကည္းတပ္ဗိုလ္ခ်ဳပ္အဆင့္နဲ႔ အာဏာသိမ္းယူခဲ့ပါတယ္။ ေနာက္တႏွစ္မွာေတာ့ ဒီမိုကေရစီ ဆႏၵျပပြဲေတြကို အၾကမ္းဖက္ ႏွိမ္နင္းခဲ့ပါတယ္။

သူ႔လက္ထက္ ၁၉၈၀ ခုႏွစ္ ဆႏၵျပပြဲအတြင္း နာမည္ေက်ာ္ခဲ့တဲ့ ဂြမ္ဂ်ဴးၿမိဳ႕ ဆႏၵျပပြဲအတြင္း လူရာခ်ီ ေသဆုံးခဲ့ရတာအျပင္ အတိုက္အခံေတြ သိန္းနဲ႔ခ်ီ ဆက္ဖမ္းဆီး ထိန္းသိမ္းခဲ့ပါတယ္။

ဒါေပမယ့္ ၁၉၈၇ ခုမွာ ေနာက္ထပ္ ႀကီးမားတဲ့ ဒီမိုကေရစီ ဆႏၵျပပြဲ ဖိအားေတြေအာက္မွာ ခ်န္အေနနဲ႔ ဖြဲ႔စည္းပုံအေျခခံဥပေဒကို ေျပာင္းေပးခဲ့ရၿပီး တိုက္႐ိုက္ေရြးခ်ယ္တဲ့ သမၼတစနစ္ကို လက္ခံကာ အသြင္ကူးေျပာင္းေရးေတြ စတင္ခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

----------------------------

(Unicode)

တောင်ကိုရီးယား စစ်အာဏာရှင်ဇနီး ပြည်သူကို တောင်းပန်

တောင်ကိုရီးယား စစ်အာဏာရှင်ဟောင်းရဲ့ ဇနီးက သူ့ခင်ပွန်းလက်အောက် ပြည်သူတွေ အနာတရ ဖြစ်ခဲ့ရတာအတွက် တောင်းပန်လိုက်ပါတယ်။

၁၉၇၉ ခုနှစ် စစ်အာဏာသိမ်းမှုမှာ ဦးဆောင်သူ သမ္မတဟောင်း ချန်ဒူးဝမ်ရဲ့ ဒီနေ့ အသုဘအခမ်းအနားမှာ ဇနီးသည် Lee Soon-ja က သူ့ခင်ပွန်းရဲ့ ရက်စက်တဲ့ အုပ်ချုပ်မှုအောက် နာကျင် ဒဏ်ရာအမာရွတ် ကျန်ခဲ့တာတွေအတွက် မိသားစုကိုယ်စား တောင်းပန်ပါတယ်လို့ ပြောလိုက်တာပါ။

အသက် ၉၀ အရွယ်နဲ့ အင်္ဂါနေ့တုန်းက ကွယ်လွန်ခဲ့သူ သမ္မတဟောင်း ချန်ဒူးဝမ်ကို ဆိုးလ်မြို့က ဆေးရုံတခုမှာ အသုဘအခမ်းအနား လုပ်ရာမှာ ဆွေမျိုးတွေ၊ အရင် လုပ်ဖော်ကိုင်ဘက်ဟောင်းတွေ တက်ရောက်ခဲ့ကြပြီး အဲဒီမှာ ဇနီးဖြစ်သူ Lee က တောင်းပန်စကား ဆိုခဲ့တာပါ။

မစ္စတာချန်ဒူးဝမ်ဟာ သမ္မတအဖြစ်နဲ့ မြန်မာနိုင်ငံကို ၁၉၈၃ ခုနှစ်က လာရောက်ခဲ့ပြီး မြန်မာအာဇာနည်ဗိမာန်မှာ မြောက်ကိုရီးယားရဲ့ လုပ်ကြံမှု ခံခဲ့ရဖူးပါတယ်။ အဲဒီမှာ သူဟာ ကပ်သီလွတ်သွားခဲ့ပေမယ့် လုပ်ကြံဗုံးခွဲမှုကြောင့် တောင်ကိုရီးယား ဝန်ကြီးတွေ အပါအဝင် အရာရှိပေါင်း ၂၀ ကျော် သေဆုံးခဲ့ရပါတယ်။

ချန်ဒူးဝမ်ဟာ ၁၉၆၁ တည်းက အုပ်ချုပ်လာတဲ့ အရင်စစ်အာဏာရှင် ဗိုလ်ချုပ်ကြီး ပတ်ချုံဟီးကို သူ့စစ်ထောက်လှမ်းရေး အကြီးအကဲက လုပ်ကြံခဲ့အပြီး ၂ လအကြာမှာ ကြည်းတပ်ဗိုလ်ချုပ်အဆင့်နဲ့ အာဏာသိမ်းယူခဲ့ပါတယ်။ နောက်တနှစ်မှာတော့ ဒီမိုကရေစီ ဆန္ဒပြပွဲတွေကို အကြမ်းဖက် နှိမ်နင်းခဲ့ပါတယ်။

သူ့လက်ထက် ၁၉၈၀ ခုနှစ် ဆန္ဒပြပွဲအတွင်း နာမည်ကျော်ခဲ့တဲ့ ဂွမ်ဂျူးမြို့ ဆန္ဒပြပွဲအတွင်း လူရာချီ သေဆုံးခဲ့ရတာအပြင် အတိုက်အခံတွေ သိန်းနဲ့ချီ ဆက်ဖမ်းဆီး ထိန်းသိမ်းခဲ့ပါတယ်။

ဒါပေမယ့် ၁၉၈၇ ခုမှာ နောက်ထပ် ကြီးမားတဲ့ ဒီမိုကရေစီ ဆန္ဒပြပွဲ ဖိအားတွေအောက်မှာ ချန်အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြောင်းပေးခဲ့ရပြီး တိုက်ရိုက်ရွေးချယ်တဲ့ သမ္မတစနစ်ကို လက်ခံကာ အသွင်ကူးပြောင်းရေးတွေ စတင်ခဲ့ပါတယ်။

XS
SM
MD
LG