သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

 ေျမာက္ကိုရီးယား လက္နက္ထုတ္လုပ္ေရး ပံ့ပိုးသူ ျပည္ပေရာက္ ကိုရီးယားလူမ်ိဳးေတြ ကန္ ဒဏ္ခတ္အေရရးယူ


North Korea Leader Kim Jong Un

ေျမာက္ကိုရီးယား လက္နက္ထုတ္လုပ္ေရး ပံ့ပိုးသူ ျပည္ပေရာက္ ကိုရီးယားလူမ်ိဳးေတြ ကန္ ဒဏ္ခတ္အေရရးယူ

{{Zawgyi/Unicode}}

ေျမာက္ကုိရီးယားရဲ့ ပဲ့ထိန္းဒုံလက္ႏွက္နဲ႔ အစုလုိက္အၿပဳံလုိက္ ေသေၾကပ်က္စီးေစတဲ့ လက္နက္ေတြထုတ္လုပ္ရာမွာ လုိအပ္တဲ့ပစၥည္းေတြေထာက္ပံေပးခဲ့သူေတြအျဖစ္ စြပ္စဲြခံထားရသူ ၅ ဦးကုိ အေမရိကန္ဘဏၭာေရး၀န္ႀကီးဌာနက ဗုဒၶဟူးေန့က ပိတ္ဆုိ႔ အေရးယူတာေတြ ခ်မွတ္လုိက္ပါတယ္။

ၿပီးခဲ့တဲ့ႏွစ္ စက္တင္ဘာလ ကေနစတင္ၿပီး ေျမာက္ကုိရီးယားအေနနဲ႔ ပဲ့ထိန္းဒုံးပ်ံ လက္နက္ ၆ ခုကုိပစ္ခတ္ခဲ့ၿပီးေနာက္မွာအခုလုိ အေရးယူမွုျပုလုပ္ခဲ့တာျဖစ္ပါတယ္။

ဒီလုိလက္နက္ေတြထုတ္လုပ္ႏုိင္ဖို႔ ျပည္ပကေန ကူညီခဲ့သူေတြကုိ ပစ္မွတ္ထားအေရး ယူခဲ့တာ ျဖစ္တယ္လုိ့ အေမရိကန္ဘ႑ာေရး၀န္ႀကီးဌာန အၾကမ္းဖက္သမားနဲ႔ ေငြေၾကး ဆုိင္ရာေထာက္လွမ္းေရးဌာန တာ၀န္ရွိသူ Brian Nelson ကေၾကျငာခ်က္ထဲမွာ ေျပာဆုိ ထားပါတယ္။

ႏုိင္ငံတကာ သံတမန္နည္းလမ္းကုိ အသုံးျပဳဖို႔ိ႔နဲ႔ ညဴကလီးယားဖ်က္သိမ္းဖုိ႔ ေတာင္းဆုိ တုိက္တြန္းေနခ်ိန္မွာ ေျမာက္ကုိရီးယားက အခုေနာက္ဆုံး မစ္ဇုိင္းပစ္ခတ္ခဲ့မွုဟာ တားျမစ္ပိတ္ပင္ထားတဲ့ လက္နက္အစီစဥ္ေတြကု ိထပ္မံခ်ိဳးေဖါက္တာဘဲျဖစ္တယ္လုိဆိုိ ပါတယ္။

ပိတ္ဆုိ႔အေရးယူခံရသူေတြထဲမွာ ရုရွားမွာအေျခစုိက္တဲ့ ေျမာက္ကုိရီးယားလူမ်ိဳး Choe Myong Hyon ဆုိသူပါ၀င္ၿပီး တရုတ္အေျခစုိက္ ေျမာက္ကုိရီးယားလူမ်ိဳး Sim Kwang Sok Kim Song Hun ႏွင့္ အျခား ၂ ဦးတုိ့ကုိ လက္ႏွက္ထုတ္လုပ္ရမွာအသုံးျပဳတဲ့ ဆက္သြယ္ေရပစၥည္းမ်ား၊ ကြန္ျပဴတာ Software မ်ား၊ သံမဏီနဲ့အျခားလုိ အပ္တဲ့စၥည္း ေတြကုိရုရွားနဲ့ တရုတ္ကုမၸဏီေတြထံကေန ေျမာက္ကုိရီးယားအတြက္၀ယ္ယူေပးခဲ့သူ ေတြျဖစ္တယ္ဆုိတဲ့စြပ္စဲြခ်က္နဲ့ ပိတ္ဆုိ႔အေရးယူခဲ့တာပါ။

တိုက္႐ိုက္ လင့္ခ္

..................................................

မြောက်ကိုရီးယား လက်နက်ထုတ်လုပ်ရေး ပံ့ပိုးသူ ပြည်ပရောက် ကိုရီးယားလူမျိုးတွေ ကန် ဒဏ်ခတ်အရေရးယူ

{{Zawgyi/Unicode}}

မြောက်ကိုရီးယားရဲ့ ပဲ့ထိန်းဒုံလက်နှက်နဲ့ အစုလိုက်အပြုံလိုက် သေကြေပျက်စီးစေတဲ့ လက်နက်တွေထုတ်လုပ်ရာမှာ လိုအပ်တဲ့ပစ္စည်းတွေထောက်ပံပေးခဲ့သူတွေအဖြစ် စွပ်စွဲခံထားရသူ ၅ ဦးကို အမေရိကန်ဘဏ္ဌာရေးဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့က ပိတ်ဆို့ အရေးယူတာတွေ ချမှတ်လိုက်ပါတယ်။

ပြီးခဲ့တဲ့နှစ် စက်တင်ဘာလ ကနေစတင်ပြီး မြောက်ကိုရီးယားအနေနဲ့ ပဲ့ထိန်းဒုံးပျံ လက်နက် ၆ ခုကိုပစ်ခတ်ခဲ့ပြီးနောက်မှာအခုလို အရေးယူမှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ဒီလိုလက်နက်တွေထုတ်လုပ်နိုင်ဖို့ ပြည်ပကနေ ကူညီခဲ့သူတွေကို ပစ်မှတ်ထားအရေး ယူခဲ့တာ ဖြစ်တယ်လို့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာန အကြမ်းဖက်သမားနဲ့ ငွေကြေး ဆိုင်ရာထောက်လှမ်းရေးဌာန တာဝန်ရှိသူ Brian Nelson ကကြေငြာချက်ထဲမှာ ပြောဆို ထားပါတယ်။

နိုင်ငံတကာ သံတမန်နည်းလမ်းကို အသုံးပြုဖို့ိ့နဲ့ ညူကလီးယားဖျက်သိမ်းဖို့ တောင်းဆို တိုက်တွန်းနေချိန်မှာ မြောက်ကိုရီးယားက အခုနောက်ဆုံး မစ်ဇိုင်းပစ်ခတ်ခဲ့မှုဟာ တားမြစ်ပိတ်ပင်ထားတဲ့ လက်နက်အစီစဉ်တွေကု ိထပ်မံချိုးဖေါက်တာဘဲဖြစ်တယ်လိုဆို ပါတယ်။

ပိတ်ဆို့အရေးယူခံရသူတွေထဲမှာ ရုရှားမှာအခြေစိုက်တဲ့ မြောက်ကိုရီးယားလူမျိုး Choe Myong Hyon ဆိုသူပါဝင်ပြီး တရုတ်အခြေစိုက် မြောက်ကိုရီးယားလူမျိုး Sim Kwang Sok Kim Song Hun နှင့် အခြား ၂ ဦးတို့ကို လက်နှက်ထုတ်လုပ်ရမှာအသုံးပြုတဲ့ ဆက်သွယ်ရေပစ္စည်းများ၊ ကွန်ပြူတာ Software များ၊ သံမဏီနဲ့အခြားလို အပ်တဲ့စ္စည်း တွေကိုရုရှားနဲ့ တရုတ်ကုမ္ပဏီတွေထံကနေ မြောက်ကိုရီးယားအတွက်ဝယ်ယူပေးခဲ့သူ တွေဖြစ်တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ ပိတ်ဆို့အရေးယူခဲ့တာပါ။

XS
SM
MD
LG